အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးစကားဝိုင်း သို့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း တက်ရောက်

သာစည် နိုဝင်ဘာ ၁၄

သာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ တွေ့ဆုံပွဲစကားဝိုင်း ကျင်းပ​ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံစကားဝိုင်းသို့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ ခရိုင်ဥက္ကဌ/အတွင်းရေးမှူး၊ နယ်မြေတာဝန်ခံနှင့် ကော်မတီဝင်များ၊ အမျိုးသမီးပါတီဝင်များ တက်ရောက်ခဲ့ပြီး အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

 


Read more

အင်းစိန်ဗဟိုအကျဉ်းထောင် ပါဆယ်လက်ခံသည့်နေရာ ပေါက်ကွဲမှုဖြစ်ပွားပြီး ရှစ်ဦးသေဆုံးမှုဖြစ်စဉ်မှ ကျူးလွန်သူ နှစ်ဦးအား ဖမ်းဆီးရမိ

အင်းစိန်ဗဟိုအကျဉ်းထောင် ပါဆယ်လက်ခံသည့်နေရာ ပေါက်ကွဲမှုဖြစ်ပွားပြီး ရှစ်ဦးသေဆုံးမှုဖြစ်စဉ်မှ ကျူးလွန်သူ နှစ်ဦးအား ဖမ်းဆီးရမိကြောင်း နိုဝင်ဘာ ၁၄ ရက်ညပိုင်း MRTV ည ၈ နာရီသတင်းတွင် ထုတ်ပြန်ကြေညာသည်။

Read more

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ဒေါ်လာ၂.၆ ဘီလီယံကျော်ရှိ

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ကုန်သွယ်မှုတန်ဖိုးဟာ အခုဘဏ္ဍာနှစ် ခုနစ်လအတွင်း အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆ ဘီလီယံကျော်ဖိုးရှိတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကသိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းတွေအလိုက် ကုန်သွယ်မှုတန်ဖိုးတွေကို ကြည့်မယ်ဆိုရင် မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းကနေ ကုန်သွယ်မှုတန်ဖိုးက ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံကျော်ရှိပြီး အများဆုံးဖြစ်ပါတယ်။

Read more

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခု၌ ချိန်ခါမဟုတ် မိုးရွာသွန်းနိုင်ဟု မိုးဇလခန့်မှန်း

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ ၁၄ ရက် နေ့လည် ၁ နာရီခွဲအချိန်က တိုင်းထွာရရှိချက်များအား မွန်းလွဲ ၂ နာရီက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၆ ရက်မှ ၂၀ ရက်အတွင်း ကပ္ပလီပင် လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ် ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသည့် လေအေးများတွေ့ဆုံခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်နေသည်ဟု မိုးဇလကအသိ ပေးခဲ့သည်။ ထို့ကြောင့် တနင်္သာရီတိုင်း၊ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးသည်းထန်စွာရွာ သွန်းနိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။

Read more

စလိုဗေးနီးယားတွင် ရှေ့နေ နာတာဆာမူဆာ ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်လာ

အလွတ်တန်းရှေ့နေ နာတာဆာ မူဆာဟာ နိုဝင်ဘာ ၁၃ ရက်က စလိုဗေးနီးယားသမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးခေါင်းဆောင် ဖြစ်လာဖို့ရှိနေတယ်လို့ ကနဦး မဲရလဒ်တွေအရ သိရပါတယ်။

Read more

အစ္စတန်ဘူလ်မြို့ပေါက်ကွဲမှုတွင် ခြောက်ဦးသေဆုံးပြီး ၈၀ ကျော်ဒဏ်ရာရ

တူရကီနိုင်ငံ မြို့လယ်က လူရှုပ်တဲ့နေရာတစ်ခုမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူခြောက်ဦး သေဆုံးကာ ၈၁ ဦး‌ ဒဏ်ရာရရှိခဲ့ကြောင်း တူရကီအရာရှိတွေက ပြောကြားပါတယ်။ တက်ဆင် ရင်ပြင် ဧရိယာက ဈေးဆိုင်တွေနဲ့ စည်းကားတဲ့လမ်းမှာ ညနေ လေးနာရီ ၂၀ မိနစ်လောက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးမှူးက ပြောကြားပြီး မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထားတယ်လို့လည်း တူရကီ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ပေါက်ကွဲမှုက အမျိုးသမီးတစ်ဦးကလုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုလို့ ထင်မြင်ရကြောင်း ဒုတိယသမ္မတ ဖူရက်အော့တေးက စောစောပိုင်းမှာ ပြောပါတယ်။

Read more

ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ အမေရိကန်သမ္မတ ကတိပြု

US President Joe Biden (R) and China’s President Xi Jinping (L) shakes hands as they meet on the sidelines of the G20 Summit in Nusa Dua on the Indonesian resort island of Bali on November 14, 2022. (Photo by SAUL LOEB / AFP) (Photo by SAUL LOEB/AFP via Getty Images)

ထိုင်ဝမ်ကို မကြာခင် ၀င်တိုက်ဖို့ တရုတ် ခေါင်းဆောင်တွေ စီစဉ်ထားတယ်လို့ မယူဆကြောင်း အမေရိကန် သမ္မတ Joe Bidne ကပြောဆိုလိုက်ပေမဲ့၊ အမေရိကန် အနေနဲ့ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းထားရေး ဆက်လက် ပိုင်းဖြတ်ထားကြောင်း တနလာင်္နေ့မှာ ပြောပါတယ်။ အမေရိကန်က တရုတ်ကို အားတက်သရော ယှဉ်ပြိုင်မယ်လို့လည်း အမေရိကန် သမ္မတက ပြောဆိုခဲ့ပါတယ်။

Read more

ရော်နယ်ဒို၏ မှတ်ချက်စကားများအပေါ် မန်ယူအသင်းက အရေးယူမှုပြုလုပ်မည်

အင်တာဗျူးတစ်ခုမှာ ရော်နယ်ဒိုရဲ့ ပြောဆိုခဲ့တဲ့ မှတ်ချက်စကားတွေအပေါ် မန်ယူအသင်းက အရေးယူမှု ပြုလုပ်သွားမယ်လို့ နိုဝင်ဘာ ၁၄ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ နာမည်ကျော် အစီအစဉ်တင်ဆက်သူ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးပြုလုပ်ခဲ့ပြီး မန်ယူအသင်း တာဝန်ရှိသူတွေနဲ့ နည်းပြ တန်ဟတ်ဂ်တို့ဟာ သူ့အပေါ် သစ္စာဖောက်ခဲ့ကြပြီး အသင်းကနေ ထွက်ခွါဖို့ ဖိအားပေးခဲ့ကြောင်း ရော်နယ်ဒိုက လူသိထင်ရှားပြောခဲ့တာပါ။

Read more

အိမ်ရှင်ကာတာသို့ ကမ္ဘာ့ဖလားချန်ပီယံဆု ရောက်ရှိ

ဖီဖာကမ္ဘာ့ဖလားချန်ပီယံဆုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပမယ့် ကာတာနိုင်ငံဆီ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲမစတင်ခင် ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၅၁ နိုင်ငံဆီ လှည့်လည်ပြသခဲ့တဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုဟာ တနင်္ဂနွေနေ့မှာတော့ ဒိုဟာမြို့က ဟာမက် နိုင်ငံတကာလေဆိပ်ဆီ ရောက်ရှိ လာခဲ့တာပါ။ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်ကစတင်ပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွစ်ဇာလန်နိုင်ငံမှာ စတင်လှည့် လည်ပြသခဲ့သလို ဥရုဂွေးနိုင်ငံမှာ ခရီးစဉ်အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၃၂ နိုင်ငံရဲ့ လက်ရွေးစင် အသင်းတွေ ပါဝင်ယှဉ်ပြိုင်မယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာ ၂၀ ရက်မှာ စတင်ကျင်းပတော့မှာပါ။ အိမ်ရှင် ကာတာအသင်းကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ပြိုင်ပွဲရဲ့အဖွင့်ပွဲအဖြစ် အီကွေဒေါနဲ့ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Read more

စိုးလင်းဦးနှင့် သွေးသစ်ဝင်းလှိုင်တို့ အဓိကယှဉ်ပြိုင်မည့် တွဲဆိုင်း ၈ ဆိုင်းပါ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို နိုဝင်ဘာ ၂၇ ရက်တွင် ကျင်းပပြုလုပ်မည်

The Great Lethwei(TGL) က ဦးဆောင်၍ နာမည်ကြီးရိုးရာလက်ဝှေ့သမားများဖြစ်သော စိုးလင်းဦးနှင့် သွေးသစ်ဝင်းလှိုင်တို့ အဓိကယှဉ်ပြိုင်ထိုးသတ်မည့် တွဲဆိုင်း ၈ ဆိုင်းပါ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို လာမည့်နိုဝင်ဘာ ၂၇ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Read more