မြန်မာအလုပ်သမားများအားခေါ်ယူမည့် ဂျပန်နိုင်ငံ၏ အလုပ်ကမ်းလှမ်းစာ ၂၂၄ စောင် ရရှိထား

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၌အလုပ်လုပ်ကိုင်ရန် မြန် မာနိုင်ငံသားများအားခေါ်ယူမည့် အလုပ်ကမ်း လှမ်းစာ ၂၂၄ စောင် ရရှိထားသည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့မှ နိုဝင်ဘာ ၁၅ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာ ၂၂၄ စောင်အား မြန်မာသံရုံး၊ တိုကျိုမြို့က နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း စီစစ်ပြီးနောက် ယင်းအလုပ်ကမ်း လှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ပြန် ကြားခဲ့ခြင်းဖြစ်သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၉၄) ဦး တွေ့ရှိ

နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီမှ ၁၅ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၈၃၂၉ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၉၄ ဦး‌ တွေ့ရှိကြောင်း နိုဝင်ဘာ ၁၅ ရက် ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Read more

ချမ်းသာကြွယ်ဝမှုအများစုကို လှူဒါန်းသွားမယ်ဆိုတဲ့ ဂျက်ဖ် ဘေးဇို့စ်

Amazon တည်ထောင်သူ ဂျက်ဖ် ဘေးဇို့စ်ဟာ ပေါင် ၁၀၇ ဘီလျံရှိတဲ့ သူ့ရဲ့ချမ်းသာကြွယ်ဝမှုအများစုကို လှူဒါန်းပေးဝေဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ် ဘေးဇို့စ်က ဒီအစီအစဉ်ကို အင်တာဗျူးတစ်ခုမှာ ကြေညာသွားခဲ့တာပါ။ သူ့ရဲ့ငွေကြေးအမြောက်အများကို ပရဟိတလုပ်ငန်းတွေဆီ လှူဒါန်းချင်တယ်လို့ သူက ပြောပါတယ်။

Read more

၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်အရွေးချယ်ခံမည်ဟု ဒေါ်နယ်ထရမ့်ကြေညာ

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် မိမိသည် သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရန် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။

ဖလော်ရီဒါပြည်နယ် Palm Beach ရှိ သူ၏ Mar-a-Lago အပန်းဖြေစံအိမ်၌ ရာနှင့်ချီသော ထောက်ခံသူများအား အင်္ဂါနေ့ညက မိန့်ခွန်းပြောကြားရာတွင် မိန့်ခွန်းမစတင်မီထိုသို့ ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းသည် လပေါင်းများစွာတိုင်အောင် သူနောက်ပြောင်ပြောဆိုနေခြင်းကို တရားဝင်အတည်ပြုလိုက်ခြင်းဖြစ်သည်။

Read more

ထိုင်းမှာ လျှပ်စစ်ကားတွေ စတင်ရောင်းချတော့မယ့် တိုယိုတာ

ဂျပန်အခြေစိုက် တိုယိုတာ ကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားအမျိုးအစားသစ် တစ်မျိုးကို စတင်ရောင်းချတော့မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Read more

ယူကရိန်းအား စစ်လျော်ကြေးပေးရန် ရုရှားကို ကုလသမဂ္ဂက တောင်းဆို

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခြင်းဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခဲ့သော ရုရှားအား နောက်ဆက်တွဲ ကိစ္စအားလုံးအတွက် တာဝန်ယူခိုင်းမည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ထိုကိစ္စများထဲတွင် စစ်ပွဲအတွင်း ပျက်စီးဆုံးရှုံးမှုများနှင့် အသက်ဆုံးရှုံးခဲ့သူများအတွက် လျော်ကြေးငွေများ ပေးဆောင်ရန် ပါဝင်သည်။

Read more

ဥရောပနည်းပြဖိုရမ်ကို မန်ယူနည်းပြ တန်ဟတ်ဂ် တက်ရောက်

မန်ယူအသင်းနည်းပြတန်ဟတ်ဂ်ဟာ ရော်နယ်ဒိုနဲ့ ပြဿနာ တက်နေပေမဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်က ကျင်းပတဲ့ နည်းပြဖိုရမ်ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။

မန်ယူတိုက်စစ်မှူးရော်နယ်ဒိုဟာ နည်းပြတန်ဟတ်ဂ်ကို လေးစားမှုမရှိကြောင်း လူသိရှင်ကြား ဝေဖန်ခဲ့တာဖြစ်ပြီး နည်းပြတန်ဟတ်ဂ်ကလည်း သူ့အပေါ်  လေးစားမှုမရှိကြောင်း စွပ်စွဲခဲ့တာပါ။

နည်းပြတန်ဟတ်ဂ်အနေနဲ့ ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်ရမယ့်အချိန် ရောက်ရှိနေပေမယ့် ဥရောပနည်းပြဖိုရမ်ကို အပြုံးတွေနဲ့ တက်ရောက်ခဲ့ပါတယ်။

Read more

ကမ္ဘာ့ဖလားကြောင့် နားနေချိန် ဟာလန်းကို အငှားချထားဖို့ သတ္တမတန်းကလပ်ပြောကြား

မန်စီးတီးအသင်းက ကမ္ဘာ့ဖလားအတွက် နားနေချိန်မှာ သူတို့ရဲ့တိုက်စစ်မှူး ဟာလန်းကို အငှားချထားဖို့ ဗြိတိန်သတ္တမတန်းလိဂ်မှ အက်ရှ်တန်ယူနိုက်တက်အသင်းက ပြောနေပါတယ်။

နော်ဝေးက ကမ္ဘာ့ဖလား ခြေစစ်ပွဲမအောင်ခဲ့လို့ တိုက်စစ်မှူး ဟာလန်း ကစားခွင့်ရမှာမဟုတ်ပါဘူး။ ဟာလန်းကို ကြံ့ခိုင်မှု ရှိစေဖို့ သူတို့ အသင်းကို အငှားချထားပေးဖို့ အက်ရှတန်အသင်းက ပြောတာ ဖြစ်ပါတယ်။

Read more

ထိုင်းလက်ရွေးစင် အသင်းနှင့် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲကစားရန် မြန်မာ့လက်ရွေးစင် အသင်း နို၀င်ဘာ ၁၈ ရက်မှ စ၍ လေ့ကျင့်မှုများပြုလုပ်မည်

ထိုင်းလက်ရွေးစင် အသင်းနှင့် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲကစားရန်အတွက် မြန်မာ့လက်ရွေးစင် အသင်းသည် နို၀င်ဘာ ၁၈ ရက်မှ စ၍ လေ့ကျင့်မှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

နည်းပြချုပ် အန်တွမ်နီဟေး တာဝန်ယူထားသည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် ထိုင်းလက်ရွေးစင် အသင်းနှင့် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲကို လာမည့် ဒီဇင်ဘာ ၁၁ ရက်နေ့၌ ဘန်ကောက်မြို့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Read more

တစ်နာရီ ၁၂ မိုင်နှုန်း မောင်းနှင်နိုင်တဲ့ ထိုင်ခုံကို Volkswagen ကုမ္ပဏီက ဖန်တီး

Volkswagen ကားကုမ္ပဏီရဲ့ ဒီဇိုင်နာတွေနဲ့ အင်ဂျင်နီယာတွေက တစ်နာရီ ၁၂ မိုင်နှုန်းအထိ မောင်းနှင်နိုင်တဲ့ ဆုံလည်ထိုင်ခုံတစ်လုံးကို တီထွင်ခဲ့ကြပါတယ်။ Volkswagen ကားမှာ ပါဝင်တဲ့ feature တွေကို ထိုင်ခုံတစ်လုံးမှာ ထည့်သွင်းပြသဖို့ ရည်ရွယ်ချက်နဲ့ အခုလို ဖန်တီးခဲ့ကြတာပါ။

Read more