Author: USDP 2016
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ဘုရားထီးတင်ပွဲသို့ တက်ရောက်ကြည်ညို

လားရှိုး နိုဝင်ဘာ ၁၇
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၇) ရက်နေ့နံနက်(၇) နာရီ မိနစ်(၃၀)တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်း၊ ပြည်နယ်ပါတီဝင်ဦးကျော်ဇောဝင်း၊ ပြည်နယ်ပါတီဝင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပါတီအတွင်းရေးမှူး ဦးလျိုမောင်မောင် ဦးဆောင်သော ခရိုင်နှင့်မြို့နယ်ပါတီဝင်များသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အောင်သစ္စာရပ်ကွက်၊ မဟာဝိဇယာရာမကျောင်းတိုက်အတွင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များမှ ဝိုင်းဝန်းလှူဒါန်းပူဇော် တည်ထားကိုးကွယ်ထားသော ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးထီးတော်တင် ဆပ်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြည်ညိုပြီး လှူဒါန်းဖွယ်ရာများကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ဘာသာ သာသနာအတွက် လိုအပ်သည်များကို မိန့်ကြားပါရန် ဆရာတော်အရှင်မြတ်များ အား လျှောက်ထားခဲ့ကြောင်း သိရှိရပါသည်။
Read moreအမျိုးသားနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ဘိုကလေး နိုဝင်ဘာ ၁၇
ယနေ့ကျရောက်သည့် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် နံနက်(၉:၃၀)အချိန်တွင် ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဟောပြောပွဲကျင်းပခဲ့ပြီး ပါတီဥက္ကဌ ဦးလှဌေးမှ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ တက်ရောက်လာသည့် ဝါရင့်နိုင်ငံရေးသမား ဒေါ်မြကြည်မှ အမျိုးသားနေ့ဖြစ်ပေါ်လာရသည့်သမိုင်းကြောင်းအား ဆွေးနွေးဟောပြောခဲ့ပြီး YMBA အဖွဲ့ဝင် ဦးတင်မောင်ထွေးမှ အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးအကြောင်း ဆွေးနွေး ဟောပြောခဲ့ပါသည်။ ပြည်ခိုင်ဖြိုးပါတီ အရန်မြို့နယ်ကော်မတီဝင် လူငယ်ဒုခေါင်းဆောင် ဦးဝင်းဇော်ဦးမှ အမျိုးသားရေးနှင့်ပတ်သက်သည့် ပါတီ၏မူဝါဒ၊ လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပြီး နေ့လည်၁၁နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။ တက်ရောက်အင်အားမှာ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင် ၁၁ဦး၊ ရပ်ကျေးပါတီဥက္ကဌ ၂၄ဦး၊ စစ်မှုထမ်းဟောင်းမြို့နယ်ဥက္ကဌ၅ဦး၊ တစညမြို့နယ်ကော်မတီဝင် ၄ဦး၊ အမျိုးသားရေး အင်အားစု ၁၂ဦး စုစုပေါင်း ၅၆ ဦး တက်ရောက်ခဲ့ပါသည်။
Read moreရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ သင်္ကန်းကျွန်းခရိုင်အတွင်းရှိ အကူအညီလိုအပ်နေသော ပါတီဝင်များအား ထောက်ပံ့

ရန်ကုန် နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သင်္ကန်းကျွန်းခရိုင် ဥက္ကဌ ဦးကျော်သီဟနှင့် ကော်မတီဝင်များများမှ ယနေ့နေ့လည်ပိုင်းက သင်္ကန်းကျွန်းခရိုင်အတွင်းရှိ အကူအညီလိုအပ်နေသော ပါတီဝင် မိသားစုများအား ဆန်အိတ်များ သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
Read more
အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးတွေ့ဆုံပွဲပြုလုပ်

(၁၇.၁၁.၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် အမရပူရမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ အမျိုးသမီးတွေ့ဆုံပွဲကျင်းပခဲ့ပါသည်။ တွေ့ဆုံပွဲတွင် အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်မှ အမျိုးသမီးကဏ္ဍမှဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသမီးများဘဝဖွံ့ဖြိုးတက်ရေးခေါင်းစဉ်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအမျိုးသမီးစကားဝိုင်းဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသိန်းထွန်းဦး၊ ဒေါ်ဝါဝါလှိုင်၊ အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်အောင်ထက်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးအောင်ခိုင်စိုး၊ မြို့နယ်အမျိုးသမီးတာဝန်ခံ ဒေါ်မြမြသက် နှင့် အမျိုးသမီးပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
Read moreInternational Conference of Asian Political Parties (ICAPP) အထွေထွေညီလာခံတက်ရောက်ရန် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများသွားရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ အပြည်ပြည်ဆိုင်ရာအာရှနိုင်ငံရေးပါတီများ ညီလာခံ (ICAPP) အမြဲတမ်းကော်မတီဝင် ဦးမောင်မြင့်နှင့် ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော်တို့သည် International Conference of Asian Political Parties (ICAPP) မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက် နေ့ထိ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ကျင်းပမည့် (၁၁)ကြိမ်မြောက် (ICAPP) အထွေထွေညီလာခံသို့ တက်ရောက်ရန်အတွက် ယနေ့ညနေ (၁၈၁၀)နာရီအချိန်တွင် ရန်ကုန် – ဘန်ကောက် – အစ္စတန်ဘူလ် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြပါသည်။
Read moreမော်တော်ဆိုင်ကယ် အရောင်းပြခန်း ဖွင့်လှစ်မည့်ကုမ္ပဏီများ ဘဏ်တွင် ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက်နှင့် အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက်တင်ပြရမည်

မော်တော်ဆိုင်ကယ်အရောင်းပြခန်း (Show Room)တွင် ရောင်းချရန် မော်တော်ဆိုင်ကယ်တင်သွင်းရာ၌ လိုက်နာရမည့် စည်း ကမ်းချက်များကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဘဏ်တွင် ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက်နှင့် အခွန်ဆောင်ပြီးကြောင်း ထောက် ခံချက်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
Read moreတောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၂၆ ဦး ထပ်မံရောက်ရှိ

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၂၆ ဦး နိုဝင်ဘာ ၁၇ ရက်တွင် ထပ်မံရောက်ရှိခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
အဆိုပါနိုင်ငံသို့ ကုန်ထုတ်လုပ်သားသစ် ၃၈ ဦး၊ ကုန်ထုတ်လုပ်သား၁၀ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၇၈ ဦး စုစုပေါင်း ၁၂၆ ဦး စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Read moreမြိတ်မြို့တွင် အခမဲ့မျက်စိဆေးရုံဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ မျက်စိဝေဒနာရှင်တွေကို အခမဲ့ကုသပေးမယ့် သီတဂူစက္ခုဒါန မျက်စိဆေးရုံ ကို နိုဝင်ဘာ(၁၇)ရက်က ဖွင့်လှစ်လိုက်ပါတယ်။
ဆေးရုံဖွင့်ပွဲအခမ်းအနားကို သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ မြို့နယ်သံဃ နာယက ဆရာတော်တွေနဲ့ မြို့မိမြို့ဖတွေတက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနဲ့ အစိုးရအဖွဲ့ဝင်တွေက ဆေးရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။
Read moreCovid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၄၅) ဦး တွေ့ရှိ

(၁၆-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၇၇၈) ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၅၈) ရာခိုင်နှုန်း ရှိပါသည်။
Read more



