တိုင်း/ခရိုင်/မဟာအောငမြေမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

(၂၀-၁၁-၂၀၂၂)ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမ၌ တိုင်း/ ခရိုင်/ မဟာအောင်မြေမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ ဒေါ်ဝါဝါလှိုင်၊ မဟာအောင်မြေခရိုင်ပါတီဥက္ကဌ ဦမြင့်သန်း၊ အတွင်းရေးမှူး ဦးဝင်းလှိုင်ငြိမ်း၊ ဘဏ္ဍာရေးမှူး ဦးသန်းစိုး၊ မဟာအောင်မြေမြို့နယ်ပါတီဥက္ကဌ ဦးယဉ်မောင်ဟိန်းနှင့်ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီ ဥက္ကဌများ တက်ရောက်ခဲ့ကြပြီး ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ပါတီဝင်အင်အားစီစစ်ရေး၊ပါတီဝင်အသစ်နှင့်ပါတီဝန်းရံအင်အားတိုးချဲ့စည်းရုံးရေး၊လူငယ်/အမျိုးသမီးကဏ္ဍစကားဝိုင်းဆွေးနွေးပွဲများစဉ်ဆက်မပြတ်ပြုလုပ်ရေးလုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

Read more

ဗိုလ်တထောင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရန်ကုန်တိုင်းဒေသကြီး ၊ ဗိုလ်တထောင် ခရိုင်ကော်မတီနှင့် မြို့နယ် ကော်မတီများ လုပ်ငန်းညှိနှိုငးအစည်းအဝေးကို နေ့လည် ( ၀၃:၃၀) က မဂ်လာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ခိုင်ဖြိုးပါတီ ဗဟို အရန်ကော်မတီဝင် ဗိုလ်တထောင် ခရိုင်ပါတီဥက္ကဌ ဦးညဏ်ဝင်းထိုက်၊ အတွင်းရေးမှုး ဒေါ် လဲ့လဲ့အေး နှင့် ခရိုင် အလုပ်အမှုဆောင်များ ၊ ဗိုလ်တထောင်ခရိုင် အတွင်းရှိ မြို့နယ် (၅) မြို့နယ်မှ မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ကြပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗိုလ်တထောင် ခရိုင် ပါတီ အဆင့်ဆင့်တွေ့ဆုံပွဲပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရန်ကုန်တိုင်းဒေသကြီး ၊ ဗိုလ်တထောင် ခရိုင်ကော်မတီဝင်များနှင့်  မြို့နယ် ကော်မတီဝင်များ၊ ရပ်ကျေးကော်မတီဝင်များ အဆင့်ဆင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နေ့လည် ( ၀၁:၀၀ ) အချိန်တွင် မဂ်လာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

“ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမျိုးသမီးတွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုကော်မတီဝင်တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့သစ်(ခရိုင်) မှ အမျိုးသမီးပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို စဉ်ဆက်မပြတ်ပြုလုပ်နေလျှက်ရှိရာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အတွင်းရှိ ရပ်ကွက် အသီးသီးမှ တာဝန်ရှိသူအမျိုးသမီးများနှင့် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နေ့လည်(၀၁ :၀၀) ခန့် အချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ ဗဟိုကော်မတီဝင် (ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး ရေးရာ တာဝန်ခံ) ဒေါ်စန်းစန်းဝင်း တက်ရောက်၍ အမှာစကားပြောကြားပေးခဲ့သည်။

Read more

လှည်းကူးခရိုင် ကြာအင်းဒေသအောင်နိုင်ရေး ဒေသနယ်မြေ(၂) အတွင်းရှိပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးပါတီဝင်များ လူငယ် အမျိုးသမီး များနှင့် ကြားနေပြည်သူများ တွေ့ဆုံပွဲ

လှည်းကူးခရိုင် ကြာအင်းဒေသအောင်နိုင်ရေး ဒေသနယ်မြေ(၃) အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီ မှ ရပ်ကျေးပါတီဝင်များ လူငယ် / အမျိုးသမီး များနှင့် ကြားနေပြည်သူများ တွေ့ဆုံပွဲအား ယနေ့နံနက်၁၀ နာရီ မှ ၁၂.၃၀ နာရီ အထိ လှည်းကူးခရိုင် ပါတီရုံး၌ ကျင်းပခဲ့ရာ လှည်းကူး ခရိုင်ပါတီဥက္ကဌ. ဦးအောင်မျိုးနိုင်မှ ဦးဆောင်ပြီး ခရိုင် အတွင်းရေးမှူး ဦးသန်းဇော်၊ ခရိုင်EC များ၊ မြို့နယ် နယ်မြေတာဝန်ခံများ နှင့် လူငယ်အဖွဲ့များ၊ စိတ်ပါဝင်စား သူများနှင့်အတူ  ပါတီ အောင်နိုင်ရေး အတွက် အပြန်အလှန် တွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါသည်။

Read more

နေပြည်တော် ဇေယျာသီရိမြို့နယ် သာစည်အုပ်စု သာစည်ကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲနှင့်လူထုတွေ့ဆုံပွဲကျင်းပ

နေပြည်တော် ဇေယျာသီရိမြို့နယ် သာစည်အုပ်စု  သာစည်ကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲနှင့်လူထုတွေ့ဆုံပွဲကို ယနေ့နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ခေတ္တပါတီ ဥက္ကဌ ဦးလှဆွေ၊ ပြည်ထောင်နယ်မြေပါတီကော်မတီဝင်ဦးဖိုးသိန်းနှင့် မြို့နယ် ဥက္ကဌ၊ မြို့နယ်ကော်မတီဝင်များ၊ ပါတီစည်းရုံးရေးတာဝန်ခံများနှင့် ပါတီသို့ အသစ်ဝင် ရောက်လာသော ပါတီဝင်အသစ် (၈၅)ဦးအား ပါတီဝင်ကဒ်များ ပေးအပ်ခြင်းအခမ်းအနားအား အင်အား (၁၅၀)ခန့်ဖြင့်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကမာရွတ်ခရိုင် လူငယ်တွေ့ဆုံပွဲနှင့် လူငယ် စကားဝိုင်း ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကမာရွတ်ခရိုင်မှဦးစီး၍ ခရိုင်အတွင်းရှိ လူငယ် တာဝန်ခံများ၊ ပါတီဝင်လူငယ်များပါဝင်သည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စကားဝိုင်းကို ကမာရွတ်ခရိုင် ဗဟန်း မြို့နယ် ပါတီရုံးတွင် ယနေ့ နေ့လည် (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Read more

တိုက်ကြီးခရိုင် နှင့် တိုက်ကြီးမြို့နယ် ပါတီကော်မတီဝင်များ ပါတီရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Read more

လျှပ်စစ်ကားတင်သွင်းရန် ကုမ္ပဏီ ၂၆ ခုက လျှောက်ထားလျက်ရှိပြီး မည်သည့်ကုမ္ပဏီကိုမျှ ခွင့်ပြုချက်မပေး သေးကြောင်း နစက ပြောကြား

လျှပ်စစ်ကား တင်သွင်းရန် ကုမ္ပဏီ ၂၆ ခုက လျှောက်ထားလျက်ရှိပြီး မည်သည့် ကုမ္ပဏီကိုမျှ ခွင့်ပြုချက်မပေး သေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ “လာရောက်လျှောက်ထားတဲ့ကုမ္ပဏီ ၂၆ ခုရှိပါတယ်။ အခုချိန်အထိ ဘယ်ကုမ္ပဏီကိုမျှ ခွင့်မပြုသေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Read more

လျှပ်စစ်ကားတင်သွင်းရန် ကုမ္ပဏီ ၂၆ ခုက လျှောက်ထားလျက်ရှိပြီး မည်သည့်ကုမ္ပဏီကိုမျှ ခွင့်ပြုချက်မပေး သေးကြောင်း နစက ပြောကြား

လျှပ်စစ်ကား တင်သွင်းရန် ကုမ္ပဏီ ၂၆ ခုက လျှောက်ထားလျက်ရှိပြီး မည်သည့် ကုမ္ပဏီကိုမျှ ခွင့်ပြုချက်မပေး သေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ “လာရောက်လျှောက်ထားတဲ့ကုမ္ပဏီ ၂၆ ခုရှိပါတယ်။ အခုချိန်အထိ ဘယ်ကုမ္ပဏီကိုမျှ ခွင့်မပြုသေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Read more