မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးစကားဝိုင်းကျင်းပပြုလုပ်

(၂၁-၁၁-၂၀၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ အမျိုးသမီးကဏ္ဍ စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးရွှေနန်း၊မိတ္ထီလာခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦး၊ ခရိုင်အတွင်းရေးမှုးဦးရဲထွန်းနိုင်၊မလှိုင်မြို့နယ်ဥက္ကဌ ဦးစိုးသိန်းနှင့် ကော်မတီဝင်များ၊ ပါတီဝင်အမျိုးသမီးများ တက်ရောက်ခဲ့ကြပြီး အမျိုးသမီးများနှင့်အနာဂတ် ခေါင်းစဉ်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

 


Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင်များနှင့် ခရိုင်ဥက္ကဌများ တွေ့ဆုံ၍ လူငယ်ရေးရာကိစ္စများ အစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ လူငယ်ရေးရာကိစ္စများ အစည်းအဝေးကို ယနေ့ (၂၁.၁၁.၂၀၂၂) နေ့လည်(၁၃:၃၀) အချိန်က တိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမ တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေး၌ ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မင်း၊ တိုင်းကော်မတီဝင် ဦးတင်မောင်ဝင်းတို့မှ လူငယ်ရေးရာကိစ္စများ ဆွေးနွေးပြောကြားခဲ့ကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အကူအညီလိုအပ်နေသော ပါတီဝင် မိသားစုများ တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး၊ ပါတီဗဟိုအတိုင်ပင်ခံ ဒေါက်တာမြင့်သိန်းနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အကူအညီလိုအပ်နေသော ပါတီဝင်မိသားစု အင်အား (၁၅၀)ဦး နှင့် တွေ့ဆုံပွ​ဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည် ၁၃၃၀ အချိန်မှ ၁၅၀၀ အချိန်ထိ တိုင်းဒေသကြီး ပါတီရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

Read more

ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံရှိ မြို့ကြီးသုံးမြို့အကြား နှစ်ဖက်လေကြောင်း ခရီးစဉ်များ ပျံသန်းနိုင်ရေး နှစ်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်များ သဘောတူညီချက် လက်မှတ်ရေးထိုး

ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံရှိ မြို့ကြီးသုံးမြို့အကြား နှစ်ဖက်လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေး မြန်မာနှင့် ရုရှားနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်များအကြား သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရုရှား ဖက်ဒရေးရှင်း နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး H.E.Mr.Vitaly Saveliev ၏ ဖိတ်ကြားချက်အရ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာဖိုရမ်နှင့် Transport ၂၀၂၂ ပြပွဲသို့ တက်ရောက်ခဲ့သည့်ခရီးစဉ်အတွင်း အထက်ပါသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Read more

နစကဥက္ကဋ္ဌနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန်တွေ့ဆုံ၍ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် H.E.Mr.Vinay Mohan Kwatra တို့သည် နိုဝင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Read more

တရုတ်တွင် COVID-19 ရောဂါကူးစက်မှုများ မြင့်တက်လာပြီးနောက် မြို့တော်ပေကျင်းရှိ ခရိုင်အချို့၌ စာသင်ကျောင်း များကို ပိတ်ထားရန် အာဏာပိုင်များ ညွှန်ကြား

 တရုတ်နိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုများ မြင့်တက်လာစဉ် ရောဂါကူးစက်မှုအများဆုံး ဒေသအချို့မှ ဒေသခံများအား နေအိမ်၌သာ နေထိုင်ရန် အာဏာပိုင်များက ညွှန်ကြားခဲ့ပြီးနောက် နိုဝင်ဘာ ၂၁ ရက်တွင် မြို့တော် ပေကျင်းရှိ ခရိုင်အချို့၌ စာသင်ကျောင်းများကို ပိတ်ထားပြီး အွန်လိုင်းမှသာ သင်ကြားစေခဲ့သည်ဟု သိရ သည်။ တရုတ်အာဏာပိုင်များသည် နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ် ကျင့်ကျိုးမြို့မှသည် နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြို့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်ရန် ကြိုးပမ်းနေရသည်။ နိုဝင်ဘာ ၂၀ ရက်က တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်သူအသစ် ၂၆၈၂၄ ဦး တွေ့ရှိခဲ့ကာ ဧပြီလထဲတွင် ရောဂါကူးစက်မှု  အမြင့်ဆုံးဖြစ်ခဲ့သည့် အရေအတွက်နှင့်လည်း နီးကပ်လာခဲ့သည်။

Read more

အင်ဒိုနီးရှားနိုင်ငံ၏ အနောက်ဂျာဗားကျွန်းတွင် ပြင်းအား ၅ ဒသမ ၆ ရှိ ငလျင်လှုပ်သဖြင့် သေဆုံးသူ အနည်းဆုံး ၄၆ ဦးအထိရှိလာပြီး လူ ၇၀၀ ကျော် ဒဏ်ရာရ

နိုဝင်ဘာ ၂၁ ရက်က အင်ဒိုနီးရှား၏ အဓိကကျွန်းဖြစ်သော ဂျာဗားကို ပြင်းအား ၅ ဒသမ ၆ ရှိ စောက်တိမ် ငလျင်လှုပ်သွားသောကြောင့် လက်ရှိအချိန်ထိ အနည်းဆုံးလူ ၄၆ ဦးသေဆုံးထားသည်ဟု ဒေသဆိုင်ရာတာဝန် ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။ ငလျင်သည် အဆောက်အအုံများကို ပျက်စီးစေခဲ့ပြီး မြေပြိုမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု ယင်းတာဝန်ရှိသူက ပြောကြားသည်။ လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၇၀၀ ကျော်ရှိသည်ဟု သိရသည်။

Read more

စီရော်နယ်လ်ဒိုကို ပွဲတိုင်းကစားခိုင်းရန် မည်သည့်ဖိအားမျှမရှိခဲ့ဟု မိုက်ဖီလန် ပြောကြား

မန်ချက်စတာယူနိုက်တက်အသင်း၏ လက်ထောက်နည်းပြဟောင်းဖြစ်သူ မိုက်ဖီလန်က မန်ယူအသင်းကို ဆိုးလ်ရှားကိုင်တွယ်စဉ်က စီရော်နယ်လ်ဒိုကို ပွဲစဉ်တိုင်းကစားခိုင်းရန်အတွက် မည်သည့်ဖိအားမျှမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အဲရစ်တန်ဟက်ဂ် လက်ထက်တွင် စီရော်နယ်လ်ဒိုသည် ပုံမှန်ကစားခွင့်မရဖြစ်နေပြီး ယင်းမှာ ကစားသမား၏ အသက်အရွယ်အပေါ်  အခြေခံစဉ်းစားခြင်းကြောင့်ဆိုသည့် သုံးသပ်မှုများရှိသော်လည်း မိုက်ဖီလန်က စီရော်နယ်လ်ဒို သည် ပွဲတိုင်းကစားရန် လုံလောက်သည့် ကြံ့ခိုင်မှုရှိသည်ဟု ဆိုခဲ့သည်။

Read more

တစ်သမတ်တည်းမရှိသည့် ကစားပုံမျိုးဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်မရနိုင်ကြောင်း လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ် သတိပေး

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မိမိတို့အနေဖြင့် တစ်သမတ်တည်းမရှိသည့် ကစားပုံမျိုးဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်မရနိုင်ကြောင်း လိဒ်စ်အသင်းနှင့်ပွဲအပြီးတွင် သတိပေးပြောကြားသည်။ လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) အဖြစ် စနေနေ့ ညပိုင်းက လိဒ်စ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်းမှာပင် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

Read more

လှည်းကူးခရိုင် မြို့ပေါ် ဒေသအောင်နိုင်ရေး ဒေသနယ်မြေ(၃) အတွင်းရှိပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးပါတီဝင်များ လူငယ် အမျိုးသမီး များနှင့် ကြားနေပြည်သူများ တွေ့ဆုံပွဲ

လှည်းကူးခရိုင် မြို့ပေါ် ဒေသအောင်နိုင်ရေး ဒေသနယ်မြေ(၃) အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီ မှ ရပ်ကျေးပါတီဝင်များ လူငယ် / အမျိုးသမီး များနှင့် ကြားနေပြည်သူများ တွေ့ဆုံပွဲအား ယနေ့နံနက်၁၀ နာရီ မှ ၁၂.၃၀ နာရီ အထိ လှည်းကူးခရိုင် ပါတီရုံး၌ ကျင်းပခဲ့ရာ လှည်းကူး ခရိုင်ပါတီဥက္ကဌ. ဦးအောင်မျိုးနိုင်မှ ဦးဆောင်ပြီး ခရိုင် အတွင်းရေးမှူး ဦးသန်းဇော်၊ ခရိုင်EC များ၊ မြို့နယ် နယ်မြေတာဝန်ခံများ နှင့် လူငယ်အဖွဲ့များ၊ စိတ်ပါဝင်စား သူများနှင့်အတူ  ပါတီ အောင်နိုင်ရေး အတွက် အပြန်အလှန်တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

Read more