ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုရှမ်းပြည်နယ်(အရှေ့ပိုင်း)ပါတီဥက္ကဌဒေါက်တာလင်းဇော်ထွန်းနှင့်ကျိုင်းတုံမြို့နယ်ပါတီကော်မတီအဖွဲ့ တွေ့ဆုံပွဲပြုလုပ်

(၁၁-၁၂-၂ဝ၂၂)ရက်နေ့ (၃)နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပါတီဥက္ကဋ္ဌ ဒေါက်တာလင်းဇော်ထွန်းသည် ကျိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ရုံးခန်းမ၌ ၊မြို့နယ်ပါတီ ဥက္ကဌ ဦးအောင်ကျော်မြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသမီး ရေးရာ တွဲဖက်တာဝန်ခံမြို့နယ်ပါတီ အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များ ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီးတွေ့ဆုံပွဲတွင် ရက်(၉၀)စီမံချက်အားအကောင်ကွင်းဆင်းဆောင်ရွက် မှူ့အခြေအနေများ၊ ပါတီစည်းရုံးရေးကိစ္စများရှင်းလင်းတင်ပြခဲ့ပြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ခိုင်ဖြိုး  ပါတီဥက္ကဌ ဒေါက်တာလင်းဇော်ထွန်းမှ ပါတီ၏ အသွင်သစ်စည်းရုံးရေး  ကိစ္စရပ်များ၊ ပါတီရှေ့ လုပ်ငန်းစဉ် များ၊ (PR)စနစ်နှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားကာ ညနေ(၅)နာရီတွင်တွေ့ဆုံပွဲကို ရုတ်သိမ်း ခဲ့ပါသည်။

Read more

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၈၂၅ ဝန်းကျင်ရှိနေ

Read more

ရွှေစျေးကွက်အတွင်း အဝယ်ထက် အရောင်းများနေပြီး စျေးကွက်အေးနေသည်ဟု ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌပြောကြား

ရွှေစျေးကွက်အတွင်း အဝယ်ထက် အရောင်းများနေပြီး စျေးကွက်အေးနေသည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။ “အဝယ်ထက် အရောင်းက များနေပါ တယ်ကွာ။ စျေးကွက်က တော်တော်အေးနေ တယ်။ ရွှေစျေးကလည်း နည်းနည်းကျတယ်”ဟု ဦးမျိုးမြင့်က ပြောကြားသည်။ ဒေါ်လာစျေးမှာလည်း အနည်းငယ်ကျ ဆင်းသဖြင့် ရွှေစျေးနှုန်းမှာလည်း အနည်း ငယ် ကျဆင်းလာကြောင်း ဦးမျိုးမြင့်က ဆက် လက်ပြောကြားသည်။

Read more

တင်းကျပ်သည့် ကိုဗစ်ကင်းစင်မူဝါဒကို စွန့်လွှတ်လိုက်သည့် တရုတ်အစိုးရက ခရီးသွားရာဇဝင်ကို ခြေရာခံသည့် App တစ်ခုကို အသုံးပြုတော့မည်မဟုတ်ဟု ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ်ကင်းစင်မဟာဗျူဟာကို လျင်လျင်မြန်မြန်စွန့်ခွာနေစဉ် သမိုင်းမှတ်တိုင်ဖြစ်ခဲ့သည့် App တစ်ခုကို အသုံးပြုတော့မည်မဟုတ်ဟု ဒီဇင်ဘာ ၁၂ ရက်တွင် တရုတ်အစိုးရက ထုတ်ပြန်သည်။ အဆိုပါ App သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားလျက်ရှိသည့် ဒေသများကို ခရီးသွားရာတွင် ခြေရာခံသည့် အခါ အသုံးပြုသော App ဖြစ်ကြောင်း သိရသည်။ တရုတ်သည် ကိုဗစ်ကင်းစင်မူဝါဒကို ထိရောက်စွာ စွန့်လွှတ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် အကြီးစားလော့ဒေါင်းချခြင်းများ၊ မဖြစ်မနေကွာရန်တင်းဝင် စေခြင်းများ၊ ဆေးစစ်မှုကန့်သတ်ချက်များ ဖြေလျှော့ခြင်းတို့ကို လွန်ခဲ့သောသီတင်းပတ်တွင် ကြေညာ ခဲ့သည်။

Read more

တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသွားမည်ဟု မန်ယူအသင်းနည်းပြ တန်ဟက်ဂ် အတည်ပြု

မန်ယူအသင်းသည် စီရော်နယ်လ်ဒိုအား လက်လွှတ်လိုက်ရပြီးနောက် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ ကာလအတွင်း တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသွားရန် ရှာဖွေနေကြောင်း နည်းပြ တန်ဟက်ဂ်က အတည် ပြုခဲ့သည်။ အသင်းအနေဖြင့် စျေးကွက်အတွင်း တိုက်စစ်မှူးသစ်တစ်ဦး ရှာဖွေနေသလားဟု သတင်း ထောက် များ၏ မေးမြန်းမှုကို တန်ဟက်ဂ်က ”ဟုတ်ပါတယ်။ ဒါပေမဲ့ အသင်းအတွက် သင့်တော်မယ့် ကစားသမားကိုသာ ကျွန်တော်တို့ ရှာဖွေနေတာပါ။ ကျွန်တော်တို့ စွမ်းအားရှိသလောက် အရာအားလုံး လုပ်ဆောင်ပါတယ်။ ရရှိလာတဲ့ အခွင့်အလမ်းတိုင်းကိုလည်း ကျွန်တော် သုတေသန လုပ်လေ့ရှိပါတယ်။

Read more

ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ရပ်ရှ်ဖို့ဒ်ကို ဥရောပထိပ်တန်းကလပ်များ စိတ်ဝင်စား

ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ဥရောပ ထိပ်တန်းကလပ်အသင်းများဖြစ်သည့် PSG၊ ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းများက စိတ်ဝင်စားနေကြောင်း သိရသည်။ PSG အသင်းသည် ရပ်ရှ်ဖို့ဒ်ကို ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဘောလုံး သမားများထဲမှ တစ်ဦးဖြစ်လာစေမည့် တစ်ပတ် ပေါင်(၈၅၀၀၀၀)တန် Package ဖြင့် ကမ်းလှမ်းသွားရန် အသင့်ရှိနေသည်။

Read more

ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စများအပေါ် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုများအတွက် ခံပြသက်သေအဖြစ် ပို့/ဆက် ဒုဝန်ကြီးဟောင်းအား စစ်ဆေး

Read more

ဒလမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆာပါချောင်/ကျောင်းစုရပ်ကွက်ရှိ ပါတီဝင်လူငယ်များ၊ အမျိုးသမီးများနှင့် တွေ့ဆုံဆွေးနွေး

Read more

တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းတွင်း/ပြင် သန့်ရှင်းရေး ပါဝင်ကူညီလုပ်အားပေး

Read more

နမ့်ဆန်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊  ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ပါတီ ကော်မတီဝင်များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး ရက်(၉၀) စီမံချက် အကောင်အထည်ဖော်နိုင်ရေးကို  နယ်မြေဒေသအခြေအနေ အပေါ် မူတည်၍ လုပ်ကိုင်ဆောင်ရွက် ကြရန် ဆွေးနွေးညှိနိုင်းခဲ့ကြ ပါသည်။

 


Read more