မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်၊ အမျိုးသမီးတွေ့ဆုံပွဲနှင့် အချိုးကျကိုယ်စားပြုစနစ်ရှင်းလင်းပွဲ

၂၇-၁၁-၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ တမြာကျေးရွာအုပ်စု၊ သဌေးကုန်းကျေးရွာ ဦးသန်းဇော်လတ် နေအိမ်တွင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပပြုလုပ်သော လူငယ်၊ အမျိုးသမီးတွေ့ဆုံပွဲနှင့် အချိုးကျကိုယ်စားပြုစနစ်ရှင်းလင်းပွဲအခမ်းအနားပြုလုပ်ပါသည်။

အခမ်းအနားသို့ မအူပင်ခရိုင်ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးဇော်ထွန်း ကော်မတီဝင်လူငယ်တာဝန်ခံ ဦးနိုင်ကိုကို မြို့နယ်ပါတီဥက္ကဌ ဦးနိုင်ဝင်း အတွင်းရေးမှူး ဦးအောင်ကိုဖြိုးနှင့်ကော်မတီဝင်လူငယ်တာဝန်ခံ ဦးဟံအောင် မြို့နယ် ကော်မတီဝင်များကျေးရွာ ပါတီဥက္ကဌများ ပါတီဝင်များ အင်အား၈၄ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

Read more

ဒိုက်ဦးပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး

ဒိုက်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် တာဝန်ခွဲဝေထမ်းဆောင်နိုင်ရေးနှင့် စည်းလုံးညီညွတ်စွာဖြင့် ပါတီတာဝန်များအား တာဝန် ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး များ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။


Read more

ပြင်ဦးလွင်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှပြည်သူလူထုနှင့်ကွင်းဆင်းထိတွေ့

ပြင်ဦးလွင်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာများအရောက်ကွင်းဆင်း၍ ပြည်သူလူထုနှင့်ထိတွေ့ဆောင်ရွက် လျက်ရှိရာ (၂၇-၁၁-၂၀၂၂)ရက်နေ့ (၁၀)နာရီမှ (၁၁:၃၀)အချိန်ထိ ပြင်ဦးလွင်မြို့နယ် ရွာသာယာကျေးရွာရှိ ဦးသောင်းအေး၏ နေအိမ်တွင်လည်းကောင်း၊နေ့လည်(၁)နာရီမှ (၂:၃၀)အချိန်ထိ ငါးရံ့ချောင်းကျေးရွာမှ ဒေါ်ခင်မမ ၏ နေအိမ်တွင်လည်းကောင်း ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌ ဦးဟိန်းမင်းဦး၊ အတွင်းရေးမှုးဒေါ်စပယ်ဝင်းနှင့် ကော်မတီ ဝင်များ၊ပြင်ဦးလွင်မြို့နယ်ဥက္ကဌ ဦးဝင်းဇော်၊ အတွင်းရေးမှုးဦးသိန်းဆွေနှင ့်ကော်မတီဝင်များက ဒေသခံ ပြည်သူများ၊ ပါတီဝင်များ၊လူငယ် /အမျိုးသမီးအဖွဲ့ဝင်များနှင့် ရေနွေးကြမ်းစကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြ ပါသည်။

Read more

မိုးညှင်းတွင် ရက် ၉၀ စီမံချက် ရှင်းလင်းပွဲနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ယနေ့ မနက် ၁၀ နာရီတွင် မိုးညှင်းခရိုင်၊မိုးညှင်းမြို့နယ်ခရိုင်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ စည်းဝေးတွင် ပါတီကော်မတီဝင်များ၊ရပ်/ ကျေးစည်းမှူးများ၊ ပါတီဝင်များတွေ့ဆုံ၍ ရက် (၉၀)စီမံချက်နှင့် လမ်းညွှန်ချက် (၈)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို ပြည်နယ်ကော်မတီဝင်နှင့် ခရိုင်/ မြို့နယ် ဥက္ကဌ တို့မှ တက်ရောက်ပြီး ရပ်ကျေးအဖွဲ့ဝင်များနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ပြီး သိရှိလိုသောကိစ္စများကိုလည်း အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

Read more

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက်အကျိုးရှိစေမှုပေါ် မူတည်ပြီး အရှိန်အဟုန် မြှင့် အကောင်အထည်ဖော်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ပံ့မှုများ ဆက်လက်ပေးအပ်ရေး ကိစ္စရပ်များ ဆွေးနွေး

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်အား နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။

Read more

ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ရုရှားနိုင်ငံ အဆင့်မြင့်ပညာရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်၌သီးခြားစီတွေ့ဆုံ၍ ယဉ်ကျေးမှု၊ ပညာရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗစ်တလီ ဆိုလိုနက်စကိုင်း ဦးဆောင်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အဆင့်မြင့် ပညာရေးကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

Read more

စီရော်နယ်လ်ဒိုသည် ဂါနာနှင့်ပွဲတွင် ပယ်နယ်တီကို ပါရမီရှင်တစ်ဦးပုံစံဖြင့် ရယူခဲ့ခြင်းဖြစ်ကြောင်း ဖီဖာနည်းစနစ် လေ့လာရေး အဖွဲ့ဝင် မှတ်ချက်ပြု

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုအနေဖြင့် ဂါနာနှင့်ပွဲမှ အငြင်းပွားဖွယ်ပယ်နယ်တီကို ပါရမီရှင်တစ်ဦး ပုံစံဖြင့် ရယူခဲ့ခြင်းဖြစ်ကြောင်း  ဖီဖာ၏ နည်းစနစ်လေ့လာရေး အဖွဲ့ဝင် ကိုလံဘီယာဂိုးသမားဟောင်း မွန်ဒရာဂွန်က မှတ်ချက်ပြုခဲ့သည်။ ယင်းပွဲ၌ ဂါနာနောက်ခံလူ ဆာလီဆူက စီရော်နယ်လ်ဒိုကို တားဆီးရာမှ ပေါ်တူဂီအသင်း ပယ်နယ်တီရရှိခဲ့ ခြင်းဖြစ်သည်။ ဂါနာနည်းပြ အော့တိုအက်ဒိုက အဆိုပါဆုံးဖြတ်ချက်မှာ ဒေါသထွက်စရာဖြစ်သလို ပေါ်တူဂီအသင်းအား အထူးလက်ဆောင်ပေး လိုက်ခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။

Read more

အာဂျင်တီးနား-မက္ကဆီကိုပွဲတွင် ပရိသတ်(၈၈၉၆၆)ဦး လာရောက်ကြည့်ရှုခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ (၂၈)နှစ်အတွင်း ပရိသတ်အများဆုံးပွဲအဖြစ် စံချိန်တင်

စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော အာဂျင်တီးနား ၂-၀ မက္ကဆီကိုပွဲတွင် Lusail Iconic Stadium ၌ ကွင်းအတွင်း လာရောက်ကြည့်ရှုသည့်ပရိသတ် (၈၈၉၆၆)ဦး ရှိခဲ့သည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ (၂၈) နှစ်အတွင်း ပရိသတ် အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း ဖီဖာက ကြေညာခဲ့သည်။ အဆိုပါကွင်းမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုနေသည့် ကွင်း(၈)ကွင်းထဲ၌ အကြီးဆုံးဖြစ်ပြီး ပရိသတ်ဝင်ဆံ့မှုမှာလည်း (၈၈၉၆၆)ဦးပင်ဖြစ်၍ အာဂျင်တီးနား-မက္ကဆီကိုပွဲတွင် ပရိသတ်ကွင်းလုံးပြည့် လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

Read more