သန္တိသုခဓမ္မာရုံလမ်းအားကျောက်ချောလမ်းခင်းရန်အတွက် မိုးမိတ်ပြည်ခိုင်ဖြိုးမှဆောင်ရွက်

၃၀-၁၁-၂၂ ရက် နံနက်(၈)နာရီအချိန်တွင်  ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင် မိုးမိတ် မြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ပါတီဥက္ကဋ္ဌဦးဆောင်သောအဖွဲ့သည် မိုးမိတ်မြို့ စည်ပင်လမ်းမှ ပလောင်ကုန်း ရပ်ကွက် အတွင်းရှိ သန္တိသုခဓမ္မာရုံလမ်းအရှည် ပေ(၁၅၀ဝပေ)အား ကျောက်ချောလမ်းခင်းရန်အတွက် လမ်းတိုင်း ခြင်း လုပ်ငန်းများကို ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။


Read more

မန္တလေးတိုင်းဒေသကြီးပါတီ/ခရိုင်/မြို့နယ်/ရပ်/ ကျေးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 (၃၀-၁၁-၂၀၂၂)ရက်နေ့ နေ့လည်(၂)နာရီအချိန်တွင် ပျော်ဘွယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မန္တလေးတိုင်း ဒေသကြီး ပါတီနှင့်ပျော်ဘွယ်မြို့နယ်/ရပ်ကျေးပါတီ ကော်မတီဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်နှင့် တိုင်းဒေသကြီး ပါတီကော်မတီ ဝင် ဒေါ်သန်းသန်းအေးတို့ကလာမည့် ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်းအား လည်းကောင်း၊ ပထမ(၃)လပတ်၊ ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပါတီဝင်အင်အား စိစစ်ရေး၊ပါတီဝင်အသစ်နှင့်ပါတီဝန်းရံသူများ တိုးချဲ့စည်းရုံးရေး၊လူငယ်/ အမျိုးသမီးကဏ္ဍစကားဝိုင်း ဆွေးနွေးပွဲ များစဉ်ဆက်မပြတ်ကျင်းပရေး လုပ်ငန်းစဉ်များအားလည်းကောင်း၊ ပြည်သူလူထုနှင့်ထိတွေ့ဆက်ဆံရာတွင် အသွင်သစ်ဖြင့် ထိတွေ့ဆက်ဆံရေး လုပ်ငန်းစဉ်များအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာ သူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင် ကပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါသည်။

Read more

ပေါင်းတည်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

နတ်တလင်းခရိုင် ၊ပေါင်းတည်မြို့နယ် ကော်မတီအဖွဲ့လပတ်ပုံမှန်အစည်းအဝေးကို  ပေါင်းတည်မြို့နယ်ပါတီရုံးတွင် ကျင်းပရာ မြို့နယ် ဥက္ကဌဒေါ်ဝင်းဝင်းမော်နှင့်အတူ မြို့နယ်ကော်မတီဝင်များတက်ရောက်ခဲ့ကြပြီး ပါတီဝင်အင်အား ကျစ်လစ် ခိုင်မာရေး၊ဌာနချုပ် လမ်းညွှန်ချက်များ အကောင်အထည်ဖော်ဆောက်ရွက်နိုင်ရေး တို့ကိုအပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။


Read more

အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးတွေ့ဆုံပွဲနှင့်ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းပြုလုပ်

(၃၀.၁၁.၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင်အမရပူရမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီမှ အမျိုးသမီးတွေ့ဆုံပွဲကျင်းပခဲ့ပါသည်။ တွေ့ဆုံပွဲတွင် အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်မှ အမျိုးသမီး ကဏ္ဍမှ ဆက်လက်ဆောင်ရွက်ရမည့်ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားခဲ့ပြီး ဆပ်ပြာဆီပြုလုပ်နည်းအား လက်တွေ့သရုပ်ပြရှင်းလင်းကာ တက်ရောက်လာကြသူများအား ဆပ်ပြာဆီဗူးများလက်ဆောင်ပေးအပ်ခဲ့ကြပါသည်။

အဆိုပါအမျိုးသမီးစကားဝိုင်းဆွေးနွေးပွဲနှင့်ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို့ အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်၊ ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးတာဝန်ခံ ဒေါ်မြမြသက်နှင့် အမျိုးသမီး ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။


Read more

တိုင်း/ခရိုင်/မြို့နယ်/ရပ်/ ကျေးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၃၀-၁၁-၂၀၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် ရမည်းသင်းခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မန္တလေးတိုင်း ဒေသကြီးပါတီနှင့် ရမည်းသင်းခရိုင်/ရမည်းသင်းမြို့နယ်/ရပ်ကျေး ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်တို့ကလာမည့် ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အကြောင်းအားလည်းကောင်း၊ ပထမ(၃)လပတ်၊ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ ပါတီဝင်အင်အားစိစစ်ရေး၊ ပါတီဝင်အသစ်နှင့်ပါတီဝန်းရံသူများ တိုးချဲ့ စည်းရုံးရေး၊ လူငယ်/ အမျိုးသမီးကဏ္ဍစကားဝိုင်းဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ကျင်းပရေး လုပ်ငန်းစဉ်များအား လည်းကောင်း၊ပြည်သူလူထုနှင့်ထိတွေ့ဆက်ဆံရာတွင် အသွင်သစ်ဖြင့်ထိတွေ့ဆက်ဆံရေး လုပ်ငန်းစဉ်များအား လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပါတီဗဟို အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌဦးအောင်ကျော်မိုးကပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။

Read more

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေလုပ်ငန်းလုပ်ကိုင်ရန် တွက်ခြေမကိုက်သည့်အတွက် ငါးဖမ်းလှေအချို့ ဆိပ်ကမ်း သို့ ပြန်လည်ဝင်ရောက်နေကြောင်းသိရ

Read more

နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်မျိုးစုံ စုစုပေါင်း ၁၂၇ ဒသမ ၆၃၈၉ တန်၊ ယာဉ်/ယန္တရား ၁၂ စီးနှင့် ကျူးလွန်သူ ၂၄ ဦး ဖမ်းဆီးရမိ

နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ နေ ပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင် သစ်မျိုးစုံ စုစုပေါင်း ၁၂၇ ဒသမ ၆၃၈၉ တန်၊ ယာဉ်/ယန္တရား ၁၂ စီးနှင့် ကျူး လွန်သူ ၂၄ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် တရားမဝင် သစ်နှင့်သစ်တော ထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေး ကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေ ပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Com-munity Monitoring and Reporting Sys-tem-CMRS)အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Read more

အင်ဒိုနီးရှားတွင် ပိုလီယိုရောဂါ ကူးစက်မှု တွေ့ရှိခဲ့ပြီးနောက် ကာကွယ်ဆေးတိုက်ကျွေးမှုအစီအစဉ်ကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်နေ

ပိုလီယိုရောဂါ ဆယ်နှစ်နီးပါးကြာ ကင်းစင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံတွင် ကလေး လေးဦး၌ ပိုလီယိုရောဂါတွေ့ရှိ ခဲ့ပြီးနောက် ကာကွယ်ဆေးတိုက်ကျွေးမှုအစီအစဉ်ကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေပြီး ဆူမားတြား ကျွန်းရှိ ဆစ်ဂလီမြို့တော်ခန်းမတွင် နိုဝင်ဘာ ၂၈ ရက်က ကျောင်းဝတ်စုံများဖြင့် ကလေး များနှင့် ကလေးငယ်များသည် ၎င်းတို့၏မိဘ များနှင့်အတူ တန်းစီစောင့်ဆိုင်းခဲ့ကြသည်။ ဆစ်ဂလီအနီးရှိ အက်ရှ်ပြည်နယ်တွင် တစ်စိတ်တစ်ပိုင်း အကြောသေသွားသည့် အသက် ခုနစ်နှစ်အရွယ် ကလေးတစ်ဦးတွင် အောက်တိုဘာလက ပိုလီယိုဗိုင်းရပ်စ်ကို ပထမဆုံး တွေ့ရှိခဲ့ပြီးနောက် နောက်ထပ်ကလေး သုံးဦးတွင် ယင်းဗိုင်းရပ်စ်ကို ဆက်လက်တွေ့ ရှိခဲ့ပြီးထိုအချိန် ကတည်းက ကာကွယ်ဆေး တိုက်ကျွေးမှုများကို အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့သည်။

Read more

အီရန်လုံခြုံရေးတပ်ဖွဲ့၏ဆန္ဒပြမှုများကို ဖြိုခွင်းမှု၌ လူ ၄၄၈ ဦးထက်မနည်း သေဆုံးဟု လူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်

Read more

ပေါ်တူဂီ-ဥရုဂွေးပွဲတွင် LGBT အလံကိုကိုင်ကာ ကွင်းအတွင်း ချိုးဖောက်ဝင်ရောက်ခဲ့သည့် အမျိုးသားပရိသတ် အရေးယူခံရမည်မဟုတ်

၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ပေါ်တူဂီ-ဥရုဂွေးပွဲတွင် LGBTQ+ များကို အားပေးသည့် သက်တံရောင်အလံကို ကိုင်ဆောင်ပြီး ကွင်းအတွင်း ချိုးဖောက်ဝင်ရောက်ခဲ့သည့် အမျိုးသားပရိသတ်တစ်ဦးသည် ထိန်းသိမ်းခံရာမှ ပြန်လည်လွတ်မြောက်လာပြီး အရေးယူခြင်းခံရမည်မဟုတ်ကြောင်း သိရှိရသည်။ နိုဝင်ဘာ (၂၈)ရက်က ကစားခ ဲ့သည့် အုပ်စု (H) ပွဲစဉ် ပေါ်တူဂီ (၂-ဝ) ဥရုဂွေးပွဲ၏ ဒုတိယပိုင်းတွင် မာရီယိုဖာရီဆိုသူ အီတလီအမျိုးသား ပရိသတ်သည် Superman တီရှပ်ဝတ်ဆင်ပြီး LGBT အလံကိုင်ဆောင်ကာ ကွင်းအတွင်း ချိုးဖောက်ဝင်ရောက် ခဲ့သည်။ တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် မာရီယိုဖာရီ၏ Superman တီရှပ်တွင် အရှေ့ဘက်၌ “Save Ukarain” (ယူကရိန်းကို ကယ်တင်ပါ) စာသား ပါဝင်သလို၊ နောက်ဘက်တွင် “Respect for Iranian Woman” (အီရန်အမျိုးသမီးကို လေးစားပါ)ဆိုသည့် စာသားရေးသားထားသည်။

Read more