ကိုဗစ်-၁၉ ရန်ပုံငွေမှ မွေးမြူရေးကဏ္ဍသို့ ကျပ် ၇ ဒသမ ၆ ဘီလျံ ထုတ်ချေးခဲ့မှုအနက် အတိုးပေးခြင်း၊ ချေးငွေ ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်းများကို ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလ သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်
ကိုဗစ်-၁၉ ရန်ပုံငွေမှ မွေးမြူရေးကဏ္ဍသို့ ကျပ် ၇ ဒသမ ၆ ဘီလျံထုတ်ချေးခဲ့မှုအနက် အတိုးပေးခြင်း၊ ချေးငွေ ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်းများကို ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလ သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်လိုက်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ထားသည်။ ကိုဗစ်-၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ထုတ်ပေးထားသည့် ချေးငွေများပြန်လည် ပေးဆပ်ရမည့်ကာလအား သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် အသိပေးချက် ထုတ်ပြန်ထား သည်။
Read more