ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပြည်မြို့နယ်တွင် ပါတီဝင်လျှောက်ထားမှုများအားဝိုင်းဝန်းကူညီ

ပြည်ခရိုင်၊ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက် သိန်းမေတ္တာနယ်မြေရှိ ပြည်သူများ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ သို့ ပါတီဝင်အဆိုပြုလွှာများဖြည့်၍ ပါတီဝင်လျောက်ထားခြင်းကို ဆောင်ရွက်လျက်ရှိရာ တိုင်းပါတီကော်မတီဝင် ဦးမျိုးအောင်နှင့် မြို့နယ်ကော်မတီဝင် ဦးသိန်းထွန်းဝင်း ဦးဖြိုးကို၊ ဒေါ်ဇင်မာ တို့တက်ရောက်ပြီး ပါတီဝင်များ ဖောင်များ ဖြည့်ခြင်းဓါတ်ပုံရိုက်ခြင်းများကို ကူညီဆောင်ရွက်ပေးကြောင်းသိရှိရပါသည်။


Read more

သန်လျင်ခရိုင်ဥက္ကဌရက်၉၀စီမံချက်အကောင်အထည်ဖော်ရေးကျေးရွာ(၄)ရွာကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သန်လျင်ခရိုင်ဥက္ကဌ ဦးနိုင်ဝင်း ဦးဆောင်၍ ခရိုင်ကော်မတီဝင်များ မြို့နယ်ဥက္ကဌများလိုက်ပါပြီး ယနေ့နံနက် ၁၀၀၀ နာရီအချိန်က သန်လျင်ခရိုင်အတွင်းရှိ ပြည်တော်သာကျေးရွာ၊ စီကုန်းကျေးရွာ၊ကံလှကျေးရွာ၊ ဒေးဇက်ကျေးရွာမှ ပါတီဝင်ခေါင်းဆောင်များ ပါတီဝင်လယ်သမားများအား သွားရောက်တွေ့ဆုံခဲ့ကြပါသည် ၄င်းတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုဌာနချုပ်မှ ချမှတ်ဆောင်ရွက်လျှက်ရှိသော ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအောင်နိုင်ရေး ရက်(၉၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ် များအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်

Read more

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်အင်အား ကျစ်လစ်ခိုင်မာရေးစီစစ်ခြင်း နှင့် ဝန်းရံပါတီဝင်အင်အား တိုးပွားရေးအတွက် နယ်မြေကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်ချက်ဖြစ်သောပထမ(၃)လပတ်၊ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ခုဖြစ်သော ပါတီဝင်အင်အား ကျစ်လစ် ခိုင်မာရေးအတွက် ပါတီဝင်များကို တစ်ဦးချင်းစီစစ်ခြင်းလုပ်ငန်းနှင့် မိမိတို့ပါတီအား ဝန်းရံအားပေး ထောက်ခံ သူများတိုးပွားလာစေရေး အတွက် နယ်မြေကွင်းဆင်းဆောင်ရွက်ခြင်းများကို နယ်မြေမှူးများမှ ဆောင်ရွက်လျှက် ရှိရာ (၁-၁၂-၂၀၂၂) ရက်နေ့ နံနက်( ၉:၃၀ ) နာရီ အချိန်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါနယ်မြေကွင်းဆင်း ခြင်းများကို ကျောက်ဆည်မြို့နယ် အင်ဒိုင်းကျေးရွာအုပ်စု၊ ကျားကာကျေးရွာအုပ်စု များသို့ နယ်မြေမှုး၊ရပ်ကျေး ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ပါတီဝင်များ မှ စုပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။

Read more

ကချင်ရိုးရာကောက်သစ်စားပွဲသို့မြို့နယ်ပါတီမှတက် ရောက်၍အလှူငွေလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) မန်တုံမြို့၊မြို့မရပ်ကွက်ရှိ  ကချင်နှစ်ခြင်းအသင်းတော်  ဘုရားကျောင်း၌ ကျင်းပလျှက် ရှိသော  ကောက်သစ်စားပွဲသို့ မန်တုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမိုင်းထွန်းအေး၊အတွင်းရေးမှူး ဦးနိုင်ဝင်းထွန်း၊ ကော်မတီဝင်များဖြစ်ကြသော  ဦးလှတိန်၊ ဒေါ်ဘောက်စင်နန် တို့တက်ရောက်ခဲ့ကြပြီး ကချင်နှစ်ခြင်းအသင်းတော် အတွက်အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

 


Read more

မိတ္ထီလာခရိုင်ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၁-၁၂-၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် မိတ္ထီလာခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ မန္တလေးတိုင်းဒေသကြီး ပါတီနှင့်မိတ္ထီလာခရိုင်/မိတ္ထီလာမြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များက လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်းအား လည်း ကောင်း၊ ပထမ(၃)လပတ်၊ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ပါတီဝင် အင်အားစိစစ်ရေး၊ပါတီဝင်အသစ်နှင့်ပါတီဝန်းရံသူများ တိုးချဲ့စည်းရုံးရေး၊လူငယ်/ အမျိုးသမီးကဏ္ဍ စကားဝိုင်း ဆွေးနွေး ပွဲများစဉ်ဆက်မပြတ်ကျင်းပရေး လုပ်ငန်းစဉ်များအားလည်းကောင်း၊ ပြည်သူလူထုနှင့်ထိတွေ့ ဆက်ဆံရာ တွင် အသွင်သစ်ဖြင့်ထိတွေ့ဆက်ဆံရေး လုပ်ငန်းစဉ်များအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးကပြန်လည် ရှင်းလင်း ပြောကြားခဲ့ပါသည်။

Read more

အောင်မြေသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ စုပေါင်းမဟာဘုံကထိန်တရားတော်နာ ရေစက်ချမဂ်လာအခမ်းအနား ကျင်းပ

(၃၀-၁၁-၂၀၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်၊ညောင်ကွဲရပ်ကွက်ရှိ ရှင်အရဟံသိမ် ကျောင်းတိုက်၌ အောင်မြေသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီနှင့် ရပ်ကွက်များ၊ပါတီဝင်များ၊ အလှူရှင်များ၏ ပဉ္စမ အကြိမ်စုပေါင်းမဟာဘုံကထိန် တရားတော်နာ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ရှင်အရဟံသိမ် ကျောင်းတိုက်၊ကမ္ဘာအေးကျောင်းဆရာတော် ဘဒ္ဒန္တပါသကအမှုးပြုသော ပင့်သံဃာတော် (၁၅)ပါးကြွရောက် တော်မူပြီး ဧည့်ပရိတ်သတ်များက ဆရာတော်ဘဒ္ဒန္တ ပါသကထံမှငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်များ ရွတ်ပွားတော်မူသည့်ပရိတ်တရားတော်များကိုနာယူကြည်ညိုခဲ့ကြပါသည်။

Read more

ပါတီဝင်အင်အားစိစစ်ခြင်းကွင်းဆင်းဆောင်ရွက်

ကလောမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ၊အတွင်းရေးမှူး၊ဘဏ္ဍာရေးမှူးတို့သည် ငုတ်ကျေးရွာ အုပ်စု၊ ပင်မှီကျေးရွာ အုပ်စု အုပ်စုဥက္ကဌနှင့်တွေ့ဆုံပြီ ပါတီဝင်အင်အားစီစစ်ကွင်းဆင်းဆောက်ရွက်ကြပါသည်။

 


Read more

လူငယ်နှင့်အမျိုးသမီးရေးရာစကားဝိုင်းပြုလုပ်

(၁.၁၂.၂၀၂၂)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန် တောင်ကြီးမြို့ကျောင်းကြီးစုရပ်ကွက်ပါတီရုံးတွင် လူငယ်နှင့် အမျိုးသမီး ရေးရာ စကားဝိုင်းကိုပြုလုပ်ရာ ဦးစွာပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် မှပါတီ၏  မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက် နှင့်(၂၀၂၃)ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် ကိုလည်းကောင်း၊ပြည်နယ်ပါတီကော်မတီဝင် ဒေါ်နန်းဝါဝါထွေးက အမျိုးသမီးထု၏ အင်အားနှင့်အရေးပါမှု၊ ဒေါ်ခင်ထွေးအောင် ကအမျိုးသမီးများ၏လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တောင်ကြီးခရိုင်ပါတီ ဥက္ကဌဦးစိုင်းတင်ထွေးကလည်း ရပ်ကွက်၊ကျေးရွာအတွင်း တစ်ဦးနှင့်တစ်ဦးစည်းလုံး ညီညွတ်ရေးနှင့် လာမည့် (၂၀၂၃)ခုနှစ်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့်(PR)အချိုးကျစနစ်အကြောင်းကိုလည်းကောင်း၊တောင်ကြီးမြို့နယ်ပါတီ ဥက္ကဌ ဦးအောင်သူရရှင်း ကတစ်ဦးတစ်ယောက်မှ သည်စုပေါင်းကာကွယ်သည့် စနစ်ကျင့်သုံးဆောင်ရွက်ရန်ကို လည်းကောင်း၊ ရပ်ကွက်ပါတီ ဥက္ကဌ ဦးကျော်ဆန်းကလည်းရပ်ကွက်အတွင်းလုပ်ငန်းဆောင်ရွက်မှု တို့ကိုအပြန် အလှန် ဆွေးနွေးကြပြီး စကားဝိုင်းကိုညနေ(၃) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါသည်။

Read more

ညောင်ရွှေပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ညောင်ရွှေမြိုနယ် ပြည်ခိုင်ဖြိုးပါတီ၏ရှေ့လုပ်ငန်းစဥ်များ ရက် (၉၀)စီမံချက် ဆောင်ရွက်နိင်ရန်အတွက်  ညှိနှိုင်း အစည်းအဝေးကို မြိုနယ်အတွင်းရေးမှူး၏အိမ်တွင်ပြုလုပ်ကြပါသည်။ အစည်းအဝေးတွင် ပြည်နယ်ဥက္ကဋ္ဌ လမ်းညွန် ချက်ပါ  ပါတီဝင်အင်အားစည်းရုံးရာတွင်လက်ရှိအခြေအနေအရ ဦးစားပေးဆောင်ရွက်သင့်သော အခြေအနေ (၄)ချက်၊ စုဆောင်းရမည့်ပါတီဝင်ဟောင်းများ၊ ပါတီမှ ကင်းကွာနေသူများ၊  မိသားစုဝင်များ  အားစည်းရုံးခြင်း များအပါအဝင် ရက်(၉၀)စီမံချက်ပါ  ဆောင်ရွက်ရမည့် လမ်းညွန်ချက်များအား ရှင်ပြခြင်းအပြန်အလှန် ဆွေးနွေးခြင်း

Read more

ဌာနချုပ်လမ်းညွှန်ချက် များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအားအပြန်အလှန်ဆွေးနွေး

ယနေ့(၁-၁၂-၂၀၂၂) နေ့လည်(၁) နာရီက  မြစ်ကြီးနားခရိုင်ပါတီရုံး၌ မြစ်ကြီးနားခရိုင်/မြစ်ကြီးနားမြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်တို့မှ ပါတီကော်မတီဝင်များတွေ့ဆုံ၍ ပါတီဝင်အင်အားကျစ်လစ်ခိုင်မာရေး၊ ပါတီဝင်များ သေချာစွာ စိစစ်ရေး၊ပါတီဝင်များ၏ လုံခြုံရေးဂရုစိုက်ရေးနှင့်ဌာနချုပ် လမ်းညွှန်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

 


Read more