ရပ်/ ကျေးများနှင့်ရှေ့လုပ်ငန်းစဥ်များဆွေးနွေး ညှိနှိုင်းအစည်းအအဝေး

မှော်ဘီမြို့နယ်  ပြည်ခိုင်ဖြိုးပါတီရုံး၌ပါတီကော်မတီများနှင့် ရပ်ကွက် ကျေးရွာအုပ်စု ပါတီ ဥက္ကဋ္ဌ များ တွေ့ဆုံ၍ ယနေ့ နိုင်ငံရေးအခြေအနေများ ရှေ့လုပ်ငန်းစဥ်များဆွေးနွေးညှိနှိုင်းခဲ့ကြပါ သည်။

 


Read more

ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီ ခရိုင်/မြို့နယ်ဥက္ကဌ ကျေးရွာပြည်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံ

ပြင်ဦးလွင်မြို့နယ်၊ပြည်ခိုင်ဖြိုးတီ ခရိုင် ဥက္ကဌ ဦးဟိန်းမင်းဦးနှင့် အတွင်းရေးမှူး ဒေါ်စပယ်ဝင်း မြို့နယ်ဥက္ကဌ ဦးဝင်းဇော် နှင့် အတွင်းရေးမှူး ဦးသိန်းဆွေ နှင့် လူငယ်ရေးရာတာဝန်ခံ /နယ်မြေတာဝန်ခံ ဦးအောင်ပြည့်ဖြိုး တို့သည် ပြင်ဦးလွင် မြို့နယ်အတွင်းရှိ ကျေးရွာများရှိ ပါတီဝင်များ ဝန်းရံပြည်သူ များရင်းနှီးစွာ တွေ့ဆုံခဲ့ပြီး လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ နှင့် လာမည့်ရွေးကောက်ပွဲ (PR)စနစ်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်း​နောက်တက်ရောက်လာသူများ၏ တင် ပြချက်များအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ပြီးပြည်သူများ၏ သိလိုသည်များမေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည်။

Read more

နောင်ပြုလုပ်မည့်ရွေးကောက်ပွဲများတွင် တိုင်းရင်းသားများ၊ ဒေသများနှင့်နိုင်ငံအနှံ့ လူထုလူတန်းစား အလွှာအသီးသီးကိုကိုယ်စားပြုသူများ ဝင်ရောက်အရွေးချယ်ခံနိုင်ရန်နှင့် နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်ကြောင်းနစကဥက္ကဋ္ဌ ပြောကြား

Read more

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂၃၅ သန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ရာခိုင်နှုန်း ၂၀ နီးပါး မြင့်တက်

Read more

အာဂျင်တီးနားနှင့်အပြိုင် ကမ္ဘာ့ဖလားချန်ပီယံဆုကို စိန်ခေါ်နိုင်သည့် အကောင်းဆုံးအသင်းများမှာ ဘရာဇီးလ်၊ ပြင်သစ်နှင့် စပိန်တို့ဖြစ်သည်ဟု မက်ဆီဆို

အာဂျင်တီးနားအသင်း၏ ဝါရင့်တိုက်စစ်မှူးမက်ဆီက ရှုံးထွက်အဆင့်ရောက်ရှိနေပြီဖြစ်သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် မိမိတို့နှင့်အတူ ချန်ပီယံဆုကို စိန်ခေါ် နိုင်သည့် အကောင်းဆုံး   အသင်းများမှာ ဘရာဇီးလ်၊ ပြင်သစ်နှင့် စပိန်တို့ဖြစ်သည်ဟု ပြောကြားခဲ့သည်။ မက်ဆီ၏ အာဂျင်တီးနားအသင်းသည် လက်ရှိအချိန်၌ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ထားပြီဖြစ်ပြီး သြစတြေးလျအသင်းကို အနိုင်ရအပြီးတွင် မီဒီယာများ၏မေးမြန်းမှုကို ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ မက်ဆီက “အာဂျင်တီးနားက ချန်ပီယံဆုကို စိန်ခေါ် နိုင်တဲ့ အသင်းတွေထဲက တစ်သင်းပါ။ အာဂျင်တီးနားက အကောင်းဆုံးအသင်း တွေထဲမှာ အမြဲပါဝင်တဲ့ အင်အားကြီးအသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

Read more

ပြင်သစ်အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဂျရူး စံချိန်တင်ခဲ့ပြီး လီလီယန်သူရမ်၏ ပွဲအများဆုံး စံချိန်ကို ဂိုးသမား လိုရစ် လိုက်မီ

ပြင်သစ်အသင်းက ပိုလန်အသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ဝါရင့်တိုက်စစ်မှူး ဂျရူးက သွင်းဂိုးစံချိန်သစ် ပိုင်ဆိုင်ခဲ့ပြီး ဂိုးသမား ဟူဂိုလိုရစ်က ပွဲအများဆုံးစံချိန်အား လိုက်မီခဲ့ကြောင်း သိရသည်။

ဂျရူးသည် ယခုကမ္ဘာ့ဖလားပြိုင်ပွဲ၌ (၃)ဂိုးမြောက်ဂိုးကို ပိုလန်နှင့်ပွဲ၌ သွင်းယူခဲ့ပြီးနောက် ပြင်သစ် အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် သီယာရီအွန်နရီနှင့် ပူးတွဲရပ်တည်နေရာမှ အဆိုပါဂုဏ်ပုဒ် ကို တစ်ဦးတည်းလွတ်လွတ်ကျွတ်ကျွတ် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ဂျရူးသည် ပြင်သစ်အသင်းအတွက် (၁၁၇)ပွဲမြောက်ယှဉ်ပြိုင်ကစားရာ၌ (၅၂)ဂိုးမြောက်သွင်းယူကာ (၁၂၃)ပွဲကစားရာတွင် (၅၁) ဂိုးသွင်းယူ ခဲ့သည့် အွန်နရီကို ကျော်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

Read more

မန်တုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်

မန်တုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် အရံကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုနံနက် ၉း၃၀ နာရီချိန်တွင်စတွင်ကျင်းပရာ မြို့နယ်ပါတီ ဥက္ကဌ ဦးမိုင်းထွန်းအေးမှ ဦးဆောင် ဆွေးနွေးပြီး ပြည်နယ်ပါတီ ဥက္ကဌနှင့်ပြည်နယ် ကော်မတီဝင်များ၏လမ်းညွန်ချက် များအား ပြန်လည်ရှင်းလင်းခြင်း၊ ရက် (၉၀)စီမံချက် လုပ်ငန်းစဉ် များ ရှင်းလင်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ PR အချိုးကျကိုယ်စားပြုစနစ် ရှင်းလင်းပေးခြင်းနှင့် ၂၀၂၃ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းကိစ္စရပ်များအား ဆွေးနွေးခြင်းများပြုလုပ်ပြီး အစည်းအဝေးကို နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် ပြီးဆုံးကြောင်းသိရပါသည်။

Read more

သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေးကျင်းပ။

သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်  ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ လပတ်ပုံမှန်အစည်းအဝေးကို လက်ပံတန်းမြို့နယ်ပါတီရုံးတွင် ကျင်းပရာ တိုင်းပါတီကော်မတီဝင် ဦးတင်စိုး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော် ခရိုင် ပါတီအတွင်းရေးမှူး ဦးဟန်ဝင်းအောင် ၊မြို့နယ်ပါတီဥက္ကဌ ဦးသိန်းဇံ နှင့်ကော်မတီဝင် များတက်ရောက်ပြီး ရက် ၉၀ စီမံချက်ပါလုပ်ငန်းစဥ် ဆောင်ရွက်ပြီးစီးမှုနှင့်ဆက်လက်အကောင်အတည် ဖေါ်နိုင်ရေး ညှိ့နိုင်း ဆွေးနွေးကြ ကြောင်း သိရှိရပါသည်။

Read more