ပါကစ္စတန် နိုင်ငံပိုင်ရေနံကုမ္ပဏီ အကျပ်အတည်းနှင့် ကြုံနေရ၍ ဆောင်းကာလ LNG ဖြည့်သွင်းမှုအပေါ် ထိခိုက်နိုင်

ပါကစ္စတန်၏ နိုင်ငံပိုင်ရေနံကုမ္ပဏီ (PSO) ၏ ငွေပြန်လည်ရရှိနိုင်မှု အကျပ်အတည်းက စံချိန်တင် အမြင့်ဆုံးအတိုင်းအတာကို ရောက်ရှိနေပြီး အဆိုပါကုမ္ပဏီ၏ ရစရာရှိသည့် ကြွေးကျန်ပမာဏက ရူပီး ၆၂၁ ဒသမ ၁၆၈ ဘီလီယံအထိ မကြုံစဖူး ထိုးတက်နေကာ ပေးရန်ကျန်ရှိနေသည့် ငွေပမာဏကလည်း ရူပီး ၂၆၈ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိနေသည်။ အဆိုပါ အခြေအနေကြောင့် ပါကစ္စတန် နိုင်ငံပိုင်ရေနံ ကုမ္ပဏီအနေဖြင့် မီးထိုးဆီနှင့် LNG သဘာဝဓာတ် ငွေ့ရည် တင်သွင်းမှုအတွက် ရူပီး ၂၁၈ ဒသမ ၅ ဘီလီယံ ပမာဏရှိသည့် ပေးစရာရှိသည့် ငွေကြေးများကို ပုံပေးနိုင်ခြင်း မရှိသည့် အခြေအနေကို ရောက်ရှိနေခဲ့ သည်။

Read more

ဗြိတိန်က ယူကရိန်းထံ ပထမဆုံးအဖြစ် ရဟတ်ယာဉ်များ ပေးပို့မည်

ရုရှ၏ ကျူးကျော်စစ် စတင်ချိန်မှစပြီး ဗြိတိန်နိုင်ငံသည် ယူကရိန်းထံသို့ ပထမဆုံးအဖြစ် ရဟတ်ယာဉ်များ ပေးပို့မည်ဖြစ်ကြောင်း လန်ဒန်ရှိ ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။  “ဗြိတိန်မှ ယူကရိန်းထံ လှူဒါန်းသော ပထမဆုံး ရဟတ်ယာဉ်များ” အတွက် ယူကရိန်းစစ်မှုထမ်းနှင့် အင်ဂျင်နီယာ ဆယ်ဦးအဖွဲ့က ဗြိတိန်တွင် သီတင်းခြောက်ပတ်ကြာ လေ့ကျင့်သင်တန်းဆင်းနေကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနက ဆိုသည်။

Read more

အာဂျင်တီးနားကိုအနိုင်ရ၍ နိုင်ငံတော်အားလပ်ရက်ကြေညာကာ ဆော်ဒီ အောင်ပွဲခံ

ဆော်ဒီနိုင်ငံသည် ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲတွင် နာမည်ကြီး အာဂျင်တီးနားကို အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီး နောက်တစ်နေ့ဖြစ်သည့် နိုဝင်ဘာ (၂၃) ရက် (ဗုဒ္ဓဟူးနေ့)ကို နိုင်ငံတော်အားလပ်ရက်အဖြစ် ကြေညာကာ အောင်ပွဲခံခဲ့ကြကြောင်း သိရှိရသည်။

ဆော်ဒီလက်ရွေးစင်အသင်းသည် နိုဝင်ဘာ (၂၂)ရက် (အင်္ဂါနေ့)က ကစားခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စု (C) အဖွင့်ပွဲစဉ်တွင် ဗိုလ်စွဲရန် ရေပန်းစားနေသည့် အာဂျင်တီးနားအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရသည်။

Read more

ဒေးဒရဲ ပြည်ခိုင်ဖြိုးပါတီ တိုင်း/ ခရိုင် / မြို့နယ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး

22.11.2022 ရက်နေ့တွင် တိုင်းပါတီကော်မီဝင်ဒေါ်စိုးစိုးရီ၊ဖျာပုံခရိုင် ဥက္ကဌ ဦးစန်းမောင်၊နယ်မြေခံဒေါ်အေးသီတာ တို့မှဒေးဒရဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစ်လပ်အတွင်းရေးမှုးနှင့် ဘဏ္ဍာရေးမှုး ရွေးချယ်ရာ အတွင်းရေးမှုး ဦးမျိုးဇော်ဦး ဘဏ္ဍာရေးမှုး ဒေါ်သင်းသင်းမွန်တို့အား  ပါတီကော်မတီဝင်များ၏ဆန္ဒအရ ရွေးချယ် ဖွဲ့စည်းခဲ့ ပါကြောင်းနှင့် ရက်(၉၀)စီမံချက်အရ ပါတီဝင်အင်အားမှန်ကန်ရေး ဝန်းရံအင်အားခိုင်မာရေး တာဝန်ယူထားသော နယ်မြေများတွင်ရေးရာအလိုက် ကျစ်လစ်စွာဆောင်ရွက်နိုင်မည့်အစီအစဉ်များနှင့် ပါတီဥက္ကဌကြီး၏အသေးစိတ် ဆောင်ရွက်ရမည့်အခြေအနေများအားအပြန်အလှန်ဆွေးနွေးကြရာတွင် ဒေးဒရဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အကူညီ ပေးရေး အဖွဲ့ ကို 15.11.2022ရက်နေ့တွင် ဖွဲ့စည်းပြီးစတင်ကူညီဆောင်ရွက် နေကြောင်းနှင့် အခြားသော ဆောင်ရွက်နေဆဲ လုပ်ငန်းစဥ်များအားလည်း ခေတ္တပါတီဥက္ကဌ ဦးမျိုးဇော်ဦးမှ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

Read more

ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီမှ မုံရွာမြို့ တေဇောတာရုံကျောင်းတိုက်ရှိ သံဃာတော်များအတွက်အလှူငွေလှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ တေဇာတာရုံကျောင်းတိုက်ရှိဆွမ်း၊ သင်္ကန်း၊ကျောင်း ၊ဆေး ပစ္စည်းလေးပါး လိုအပ်နေသော သံဃာတော်များအတွက်ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဥက္ကဋ္ဌဒေါက်တာမျိုးထွန်း၊ ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်၊ ပြည်နယ်ကော်မတီဝင် ဦးကျော်ဇောဝင်းနှင့် ပြည်နယ်ရုံးအုပ်ကြီး ဒေါ်အိအိခိုင်တို့မှ နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

 


Read more

တပ်ကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ခရိုင်/မြို့နယ်ကော်မတီဝင်များလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ ခဲ့ပါသည်။ အစည်းဝေးသို့ ဗဟိုပါတီကော်မတီဝင် ဦးကျော်ကျော်လတ်၊ ခရိုင်ပါတီကော်မတီဝင်များ ၊မြို့နယ် ပါတီနာယကကြီး ဦးစု၊ မြို့နယ်ပါတီ ဥက္ကဌ ဦးဇော်မျိုးသိန်း နှင့် မြို့နယ် ပါတီကော်မတီများ စုံညီစွာ တက်ရောက်၍ ရှေ့ဆက်လုပ်ဆောင်ကြမည့် စည်းရုံးရေးလုပ်ငန်းများ၊လုံခြုံရေးဆိုင်ရာ လုပ်ငန်များ ဆွေး​နွေး ဆုံးဖြတ်ခဲ့ကြပါသည် ။

Read more

ချမ်းမြသာစည်ပြည်ခိုင်ဖြိုး ခရိုင်/မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၂-၁၁-၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်း/ခရိုင်/ မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ မဟာအောင်မြေခရိုင်ပါတီဥက္ကဌ ဦးမြင့်သန်းနှင့်ခရိုင်ပါတီကော်မတီဝင်များ၊ ချမ်းမြသာစည်မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုဦးနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများတက်ရောက်ခဲ့ကြပြီး လာမည့်ရွေးကောက်ပွဲတွင် ပြုလုပ်မည့် PR စနစ်အကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရေးကိစ္စများရှင်းလင်းခြင်း၊ ပါတီဝင်အင်အားစီစစ်ရေး၊ ပါတီဝင်အသစ်နှင့်ပါတီဝန်းရံ အင်အား တိုးချဲ့စည်းရုံးရေး ကိစ္စရပ်များ၊ လူငယ်/အမျိုးသမီးကဏ္ဍစကားဝိုင်း ဆွေးနွေးပွဲများစဉ်ဆက်မပြတ်ပြုလုပ်ရေး လုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှလည်းသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။

Read more

အင်းစိန်ခရိုင်အတွင်းပါတီလုပ်ငန်းစဥ်ရက်(၉၀)စီမံချက်ရှင်းလင်းခြင်းနှင့်လူငယ်ထုတွေ့ဆုံပွဲအတွက်ကြိုတင်ပြင်ဆင်

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဌ ဦးခင်ရီ၏မူဝါဒ၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဌ ဦးခင်မောင်စိုး၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်အတွင်းပါတီ၏ရှေ့လုပ်ငန်းစဉ် ရက်(၉၀)စီမံချက် ရှင်းလင်း ခြင်းနှင့်လူငယ်ထုတွေ့ဆုံပွဲအတွက်ကြိုတင်ပြင်ဆင်ခြင်းအားအင်းစိန်မြို့နယ်ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရုံးတွင် ၂၂.၁၁.၂၀၂၂ နံနက် ၉ နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဗဟိုအရန်ကော်မတီဝင်၊ အင်းစိန်ခရိုင်ဥက္ကဌဦးမင်းသူထွန်း၊ အတွင်းရေးမှူးဦးသူရိန်လင်း၊ ဘဏ္ဍာရေးမှူးဦးကြည်စိုး၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နှင့် လှိုင်သာယာအနောက်ပိုင်းမြို့နယ်တို့မှ မြို့နယ် ကော်မတီဝင်များနှင့်ပါတီဝင်အင်အား(၁၉)ဦးတက်ရောက်ခဲ့ပြီးအခမ်းအနားတွင်ပါတီ၏ရှေ့လုပ်ငန်းစဉ် များအားရက်(၉၀) စီမံချက်အတိုင်းစနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ရန်ကုန်တွင်ကျင်းပပြု လုပ်မည့် လူငယ်ထု တွေ့ဆုံပွဲသို့အင်အားပြည့်ပြည့်ဝဝဖြင့် အတက်ပညာရှင်၊အသိပညာရှင် လူငယ်အမျိုးသား၊ အမျိုးသမီးများစုံလင်စွာတက်ရောက်နိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်မှာကြားပြီးတက်ရောက်လာကြသောပါတီဝင်များမှအပြန်အလှန်တင်ပြဆွေးနွေးကာအခမ်းအနားကို ၁၀:၄၅ချိန်တွင်ရုပ်သိမ်းခဲ့ပါသည်။

Read more

ညောင်လေးပင်ခရိုင်ပါတီဥက္ကဌ ဒိုက်ဦးမြို့နယ်သို့ကွင်းဆင်း၍ပါတီဝင်များနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်သို့ ညောင်လေးပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ပါတီဥက္ကဌဒေါက်တာပွင့်ဆန်း နှင့် ဒိုက်ဦးမြို့နယ်ပါတီဥက္ကဌ ဦးမင်းအောင်တို့သည် နိုဝင်ဘာလ ၂၁ ရက်နေ့က ဖအောင်းစုကျေးရွာ သို့သွားရောက်၍ပါတီအမာခံများနှင့်တွေ့ဆုံခဲ့သည် ။

တွေ့ဆုံပွဲတွင်ပါတီတာဝန်ရှိသူများမှပါတီ၏ပြုပြင်ပြောင်းလဲမှု ၊ ဗဟိုညီလာခံအတွေ့အကြုံများ၊ တိုင်းဒေသကြီး ပါတီဥက္ကဌ၏လမ်းညွန်မှုများ၊ PRစနစ်အကြောင်း ၊ သုံးလတာ ရက်ပေါင်း ၉၀ လုပ်ငန်းအကြောင်း ၊ ပါတီအမာခံများ စုစည်းပြန်လည်ဖွဲ့စည်းမှု ၊ ရေးရာကော်မတီများဖွဲ့စည်းထားရန်ကိစ္စရပ်များအားလုပ်ငန်း လမ်းညွန်မှာကြားခဲ့သည် ။

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မရမ်းကုန်းခရိုင် လူငယ်တွေ့ဆုံပွဲနှင့် လူငယ် စကားဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မရမ်းကုန်းခရိုင်မှဦးစီး၍ ခရိုင်အတွင်းရှိ လူငယ် တာဝန်ခံများ၊ ပါတီဝင်လူငယ်များပါဝင်သည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စကားဝိုင်းကို မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပါတီရုံးတွင် ၂၁.၁၁.၂၀၂၂ မွန်းလွဲ (၃) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Read more