ဒက္ခိဏသီရိမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာများတွင် ဆိုင်းဘုတ်တင်ပွဲများပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ကျောက်ခဲအင်းကျေးရွာ၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်၊ နံနက် ၉ နာရီအချိန်၌လည်းကောင်း ၊ ကျွဲတဲကျေးရွာတွင် နံနက် ၁၀ နာရီအချိန်နှင့် ရွှေခဲအင်းကျေးရွာ၌ နံနက် ၁၁ နာရီအချိန်တို့တွင်လည်းကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဆိုင်းဘုတ်များ အသီးသီးတင်ခဲ့ခြင်းကို ပြည်ထောင်စုနယ်မြေမှ ဦးလှဆွေ၊ တိုင်းအတွင်းရေးမှူး ဦးဝင်းဌေး ၊ ဒက္ခိဏသီရိခရိုင်မြို့နယ်ပါတီဥကဌများ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှုးများနှင့် စည်းရုံးရေးမှုးများ တက်ရောက် စိုက်ထူခဲ့ကြပါသည်။ အဆိုပါ ဆိုင်းပုဒ်တင်ပွဲများပြုလုပ်စဉ် ဒေသခံ ရပ်မိရပ်ဖပြည်သူများနှင့်လည်း ရေနွေးကြမ်းစကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

ပန်းတောင်းမြို့နယ် လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များတွေ့ဆုံ

ပြည်ခရိုင် ၊ပန်းတောင်းမြို့နယ် လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ၅-၁၂-၂၀၂၂ ရက်နေ့တွင် ရွှေဘုံသာမုနိရင်ပြင်တော်တွင် သန့်ရှင်းရေးဆောင်ရွက်ပြီးနောက် တွေ့ဆုံပွဲ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ တိုင်းပါတီကော်မတီဝင် ဦးလှမင်း၊ ပြည်ခရိုင်ပါတီဥက္ကဌ ဒေါ်ဆွေဆွေသင်းနှင့် ခရိုင်အတွင်းရေးမှူး ဦးအောင်ဇော်အေး ၊ ပန်းတောင်းမြို့နယ်ပါတီ ဥက္ကဌ ဦးသန်းဇော်နှင့် ကော်မတီဝင် များတက်ရောက်ပြီး ပါတီရှေ့လုပ်ငန်း စဉ်များညှိ့နှိုင်းဆွေးနွေးကြောင်းသိရှိရပါသည်။

 

Read more

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမှ Zoom Meeting ပြုလုပ်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် ၅-၁၂-၂၀၂၂ ရက်နေ့တွင် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ပါတီတာဝန်ရှိသူများနှင့် Zoom Meeting ဖြင့် တွေ့ဆုံပြီး ပါတီ၏ လုပ်ငန်းစဉ်များ၊ နယ်မြေဒေသအသီးသီးအတွင်း ဆောင်ရွက်နေမှု အခြေအနေများ အား တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။


Read more

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ရွေဘုံသာရွာ ၊မကျီးစုရွာ၊ လက်ပံပုရွာ၊ ညောင်ပင်သာရွာများရှိ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့်မြို့နယ်တာဝန်ခံ တိုင်းပါတီကော်မတီဝင် ဦးလှမင်း ပြည်ခရိုင်ပါတီဥက္ကဌ ဒေါ်ဆွေဆွေသင်း ခရိုင်အတွင်းရေးမှုးဦးအောင်ဇော်အေး၊  မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသန်းဇော်နှင့် ကော်မတီဝင်များသည် သက်ဆိုင်ရာ ရွာများ၏ ပါတီခေါင်းဆောင်များ အိမ်တွင်တွေ့ဆုံပြီး ရက်၉၀ စီမံချက်အကောင်ထည် ဖော်ဆောင်ရွက်နေမှုရှင်းလင်း၍ ပါတီဝင်အင်အားစာရင်း စိစစ်ခြင်း များဆောင်ရွက်ပြီး၊ ပြည်ခိုင်ဖြိုးပါတီ သို့ဝင်ရောက်လိုသောပါတီဝင်အသစ် ရှိနေကြောင်းတင်ပြမှုအပေါ်တာဝန်ရှိ သူများက ညှိ့နှိုင်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

Read more

ကျန်းမာရေးဝန်ထမ်းများနှင့်ဆေးဝါးကုသမှု ခံယူနေကြသူများအား အားပေးစကားပြောကြားပြီး အဟာရ စားသောက်ဖွယ်ရာများလှူဒါန်း

ရှမ်းပြည်နယ် မြောက်ပိုင်း၊ဟိုပန်မြို့နယ်  ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းဦးဆောင်သော အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက် နေ့နံနက် (၁၁) နာရီခန့်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဥက္ကဋ္ဌနှင့် (ဝ) ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်းဥက္ကဋ္ဌတို့ဦးဆောင်သောအဖွဲ့များနှင်အတူ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ဟိုပန် မြို့၊မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ဆရာမများ၊ဆေးဝါးကုသမှု့ခံယူနေသူများအား  အဟာရစားသောက်ဖွယ်ရာများပေးအပ်လှူဒါန်း ပြီးအားပေးစကားများပြောကြားခဲ့သည်။

Read more

အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူများ မှတ်ပုံတင်ရမည်ဖြစ်ပြီး ငွေကြေးခဝါချမှုနှင့် ပတ်သက် သည့် သတင်းများရှိပါက ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပေးပို့ရမည်

အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူများ မှတ်ပုံတင်ရမည်ဖြစ်ပြီး ငွေကြေးခဝါချမှုနှင့် ပတ်သက် သည့် သတင်းများ ရှိပါက ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပေးပို့ရမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ က သတင်းပို့အဖွဲ့အစည်း ဖြစ်သည့် အိမ်ခြံမြေ အကျိုးဆောင်များဆိုင်ရာညွန်ကြားချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် ဖော် ပြထားသည်ကို တွေ့ရသည်။

Read more

အီရန်တွင် ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် အကျင့်စာရိတ္တ ထိန်းသိမ်းရေးရဲတပ်ဖွဲ့ကို ဖျက်သိမ်း

အီရန်တွင် မာဆာအာမီနီအမည်ရှိ မိန်းကလေးတစ်ဦးသည် နိုင်ငံအတွင်းပြဋ္ဌာန်းထားသည့် အမျိုးသမီးများ ၏ ဝတ်စားဆင် ယင်မှုစည်းကမ်းချက်ကို ချိုးဖောက်သည်ဟု ဖမ်းဆီးခံခဲ့ရပြီးနောက် ထိန်းသိမ်းခံထား ရချိန်တွင် သေဆုံးခဲ့သဖြင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှု များ နှစ်လကျော်ဖြစ်ပွားခဲ့ပြီးနောက် အီရန်အာဏာပိုင် များ က အကျင့်စာရိတ္တထိန်းသိမ်း ရေးရဲတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့သည်ဟု အရာရှိ တစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

Read more

မန်ယူအသင်း၏ စပိန်ခရီးစဉ်တွင် ဆန်ချို မပါဝင်

မန်ယူအသင်း၏ စပိန်ခရီးစဉ်တွင် တောင်ပံကစားသမား ဆန်ချို ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ မန်ယူအသင်း၏ထုတ်ပြန်ချက်တွင် ဂျေဒန်ဆန်ချိုသည် အမြင့်ဆုံးအဆင့်သို့ ပြန်ရောက်ရန်အတွက် သီးသန့်လေ့ကျင့်ခန်းများ ပြုလုပ်နေပြီး ကလပ်အသင်းအနေဖြင့် သူ့အား အပြည့်အဝထောက်ခံ အားပေး နေကြောင်း ရေးသားခဲ့သည်။ ဆန်ချိုသည် နယ်သာလန်တွင် သီးသန့်လေ့ကျင့်ခန်းဆင်းနေပြီး ပြီးခဲ့သည့် လက ဒတ်ချ်အပျော်တမ်းကလပ် OJC Rosmalen အသင်းတွင် သီးခြားလေ့ကျင့်ခန်းဆင်းခဲ့သည်။ ဒဏ်ရာမှ ပြန်ကောင်းလာသော နောက်ခံလူ ဝမ်ဘစ်ဆာကာနှင့် ဘရန်ဒန်ဝီလျံစ်တို့မှာ အသင်း၏ စပိန်ခရီးစဉ်တွင် ပါဝင်သွားခဲ့ပြီး တွမ်ဇီဘီမှာမူ အသင်းလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်မှုများ ဆက်လက် ပြုလုပ်မည်ဖြစ်သည်။ မန်ယူအသင်းသည် စပိန်ခရီးစဉ်တွင် ကာဒစ်ဇ်၊ ဘက်တစ်တို့နှင့် ခြေစမ်းကစားမည် ဟု သိရသည်။

Read more

ဇာတ်သိမ်းမလှတဲ့ ရွှေရောင်မျိုးဆက်ရဲ့နေဝင်ချိန်

ခရိုအေးရှားနဲ့ ဂိုးမရှိသရေကျတဲ့ ပွဲအပြီးမှာ အသင်းရဲ့ အရန်ခုံတန်းလျားကို လူကာကူ လက်သီးနဲ့ ထိုးတယ်။ နီရဲနေတဲ့ လူကာကူရဲ့မျက်လုံးမှာ သူ့ရဲ့ဒေါသတွေကို အထင်သားမြင်နေရတာပါ။ ဘယ်လ်ဂျီယံ လက်ထောက်နည်းပြ အွန်နရီက စိတ်ပျက်နေတဲ့ လူကာကူကို နှစ်သိမ့်ပေးရှာတယ်။ နောက်ဆုံးမှာတော့ လူကာကူဟာ ထိုင်ချလိုက်ပြီး အင်္ကျီကိုဆွဲတင်ကာ သူ့ရဲ့မျက်နှာကိုဖုံးအုပ်လိုက်တယ်။


Read more

ဒက္ခိဏသီရိဒေသခံတောင်သူများနှင့် ပါတီတောင်သူလယ်သမားရေးရာတာဝန်ခံ တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမားရေးရာကော်မတီတာ၀န်ခံ ဦးမြင့်လှိုင် သည် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်က ဒေသခံတောင်သူလယ်သမားများနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေးပညာပေး အကြောင်းအရာများ ဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင် (တောင်သူ လယ်သမား​ ရေးရာကော်မတီဥက္ကဋ္ဌ)၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဦးလှဆွေ၊ အတွင်းရေးမှုး ဦးဝင်းဌေး နှင့် ကော်မတီဝင်များ၊ ခရိုင်၊မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဒက္ခိဏသီရိ ဒေသခံတောင်သူလယ်သမား ၄၀ ဦးနှင့် တွေ့ဆုံပညာပေးဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

Read more