ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ သင်္ဃန်းကျွန်းခရိုင် လူငယ်တွေ့ဆုံပွဲကျင်းပပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သင်္ဃန်းကျွန်း ခရိုင်အတွင်းရှိ တောင်ဥက္ကလာပ မြို့နယ်၊သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်၊ရန်ကင်းမြို့နယ်များမှ လူငယ်များအား ခေါ်ယူ၍ ၁၁.၁၂.၂၀၂၂ ရက်နေ့ ၀၁၀၀ နာရီအချိန်က ခရိုင်ပါတီရုံး၌ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအားနိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုခြင်းနှင့်စတင်ခဲ့ပြီး ခရိုင် ဥက္ကဌ ဦးကျော်သီဟမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော လူငယ်များမှ တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာတာဝန်ခံ ဒေါ်ဇာခြည်လင်းကလူငယ်များနှင့်ပါတ်သက်၍ လုပ်ဆောင်ချက်များ၊ လုပ်ရှားဆောင်ရွက်မှုများနှင့် လူငယ် များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေး ဆွေးနွေး ပြောကြားခဲ့သည်။
Read more