ပါတီဝင်အသစ်များလျှောက်လွှာဖြည့်သွင်းရာသို့ တိုင်းဒေသကြီးပါတီဥက္ကဌသွားရာက်အားပေး

အောင်မြေသာစံမြို့နယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ပါတီဗဟိုဌာနချုပ်၏လမ်းညွှန်ချက်ဖြစ်သော ပထမ (၃)လပတ်၊ ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်အဖြစ် ပါတီဝင်အသစ်များတိုးချဲ့စည်းရုံးခြင်းကို (၁၃.၁၂.၂၀၂၂) ရက်နေ့ နံနက်(၉)နာရီအချိန်တွင် အိုးဘိုရွှေကျင်ရပ်ကွက်၌ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ပါတီဝင် အသစ် များ လျှောက်လွှာဖြည့်သွင်းခြင်းဆောင်ရွက်ရာသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်း ဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းပါတီဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ဦးတင့်လွင်ဦး၊ ဦးကျော်စန်း၊ ဦးမျိုးမြင့်၊ အောင်မြေသာစံ ခရိုင်ပါတီဥက္ကဌ ဦးဘိုသင်းနှင့် ကော်မတီဝင်များမှသွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အောင်မြေသာစံမြို့နယ်ပါတီဥက္ကဌ ဦးလှိုင်ဝင်းထွန်း နှင့် ကော်မတီဝင်များမှ ပါတီဝင်အသစ် လျှောက်လွှာများဖြည့်သွင်းခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ယနေ့တွင် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အသစ်(၅၃)ဦးလျှောက်လွှာ ဖြည့်သွင်း ဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီလူငယ်တွေ့ဆုံပွဲကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာပမြို့နယ်တွင် ၁၃.၁၂.၂၀၂၂ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလူငယ်တွေ့ဆုံပွဲကို တောင်ဥက္ကလာပမြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားအားနိုင်ငံတော် အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသံပြိုင် သီဆိုခြင်းနှင့် စတင်ခဲ့ကြသည်။ အစီအစဉ်အရ တောင်ဥက္ကလာပမြို့နယ်ဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်အတွင်းရေးမှူး ဒေါ်မြင့်မြင့်ကြည်မှ အမှာစကားပြောကြားခြင်း၊ လူငယ်ခေါင်းဆောင် ဦးမင်းဟိန်းချစ်မှ လူငယ်များနှင့်ပါတ်သက်၍ လုပ်ဆောင်ချက်များ၊ လုပ်ရှား ဆောင်ရွက်မှုများနှင့် လူငယ်များအလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးတို့အား ဦးစားပေး ဆွေးနွေးခဲ့ ပါသည်။ ထို့နောက် တက်ရောက်လာကြသော လူငယ်များမှ သိလိုသည်များအား မေးမြန်းခဲ့ကြရာ ခရိုင်ဥက္ကဌ ဦးကျော်သီဟမှ နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားအား နေ့လည် ၁၂၀၀ နာရီ အချိန်၌ ရုတ်သိမ်းခဲ့ကြသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၂၀၂၃ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေး၊ပါတီဝင်အင်အားတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင် လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်အင်အား တိုးတက်ရေး ဝန်းရံ အင်အား ပိုမိုရရှိရေးအတွက် အောင်နိုင်ရေးနယ်မြေ (၄) အင်းတိုင်ဒေသသို့ ခရိုင်ပါတီဥက္ကဌ ဦးအောင်မျိုးနိုင်၊ ခရိုင်အတွင်းရေးမှူး ဦးသန်းဇော်၊ အောင်နိုင်ရေး နယ်မြေ တာဝန်ခံ ခရိုင်ကော်မတီဝင် ဦးအောင်မျိုးဦး၊ မြိုနယ်အတွင်းရေးမှူး ဦးသန်းဝင်းနှင့် ရပ်ကျေးပါတီကော်မတီဝင်များသည် လှည်းကူး မြို့နယ် အင်းတိုင်ဒေသရှိ ဇရပ်ကွင်းကျေးရွာအုပ်စုသို့ အောင်နိုင်ရေး ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ကြ ပါသည်။   လှည်းကူးခရိုင် usdp

Read more

ခရိုင်/မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ  မြို့နယ်ကော်မတီအဖွဲ့ အစည်းအဝေးကို မိုးညိုမြို့နယ်ပါတီရုံး တွင် ကျင်းပရာ ခရိုင်ပါတီ ကော်မတီဝင် ဒေါ်ဇာခြည်လွင်၊ မြို့နယ်ပါတီ ဥက္ကဌ  ဦးညိုမင်းစိုး၊ ကော်မတီဝင် များ တက်ရောက်ကြပြီး လူငယ်နှင့် အမျိုးရေးရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြောင်း သိရှိရပါသည်။


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်း ဒေသကြီးပါတီ ကော်မတီနှင့် ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီးပါတီ ကော်မတီနှင့် ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ ၀၀. နာရီ အချိန်က သရက်ခရိုင် ပါတီအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ သရက်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကျော်နှင့် ခရိုင်ပါတီ ကော်မတီဝင် များ၊ အောင်လံ ခရိုင်ပါတီဥက္ကဌ ဦးစန်းလွင် နှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ သရက်ခရိုင် နှင့် အောင်လံ ခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဌ ၊ အတွင်းရေးမှူး နှင့် ကော်မတီဝင်များ တက်ရောက်ကြပြီး ၁၂ ၃၀ နာရီ အချိန်တွင် ပြီးမြောက်ကြောင်း သိရသည်။

Read more

လာမည့်ရွေးကောက်ပွဲမှာ ပထမအကြိမ်မဲပေးမည့် First Voters များအား ကျောက်ဖြူပြည်ခိုင်ဖြိုး တွေ့ဆုံ

လာမည့်ရွေးကောက်ပွဲမှာ ပထမအကြိမ်မဲပေးကြရမည့် First Voters များဖြစ်ကြသည့် လူငယ်များအား ကျောက်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျောက်ဖြူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံပွဲတွင် ပါတီတာဝန်ရှိသူများက ကိုယ်စားလှယ်လောင်း ရွေးချယ်တင်မြှောက်ခြင်း ကိစ္စနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးဟော ပြောပြီး လာမည့်ရွေးကောက်ပွဲ၏ PR စနစ်အကြောင်းကိုလည်း ပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူ First Voters လူငယ်များမှ ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များနှင့် သိရှိလိုသည်

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်၊ မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ၏ မွေးနေ့မင်္ဂလာနှင့် သာသနာ့မဏ္ဍိုင် ခဏ္ဍသိမ်တော်မြတ်ကြီး ရေစက်ချ မင်္ဂလာအခမ်းအနားသို တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေ အတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်/မိသားစုတို့နှင့်အတူ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၀၉:၀၀ နာရီမှ နေ့လည် ၁၂:၀၀ နာရီထိ ကျင်းပပြုလုပ် သော နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်၊ မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ အဂ္ဂတောင်သာသနာပြု ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိမဟာထေရ်မြတ်၏ သက်တော်(၇၅)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် သာသနာ့မဏ္ဍိုင် ခဏ္ဍ သိမ်တော်မြတ်ကြီး ရေစက်ချ မင်္ဂလာပွဲအခမ်းအနားသို တက်ရောက်၍ အလှူငွေများ ဆပ်ကပ် လှူဒါန်း ခဲ့ပါသည်။

Read more

စက်သုံးဆီစျေး ကျဆင်းလာပြီး ရန်ကုန်တွင် ဓာတ်ဆီတစ်လီတာ ကျပ် ၁၈၀၀ အောက်သို့ ရောက်ရှိလာ

စက်သုံးဆီစျေး ကျဆင်းလာပြီး ရန်ကုန် တွင် ဓာတ်ဆီတစ်လီတာ ၁၈၀၀ ကျပ်အောက် သို့ ရောက်ရှိလာ ကြောင်း စက်သုံးဆီတင် သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ထုတ်ပြန်ချက် အရ သိရသည်။ဒီဇင်ဘာ၁၃ရက်တွင် အဆိုပါကော်မ တီက ထုတ်ပြန်သည့်စျေးနှုန်းများအရ ၉၂ တစ်လီတာကျပ် ၁၇၉၅ ကျပ်၊ ၉၅ တစ်လီတာ ကျပ် ၁၈၈၅၊ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂၁၃၀၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၂၀၅ ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီစျေးနှုန်းများမှာ ဒီဇင်ဘာလ ဆန်းပိုင်းမှ စတင်ကာ အနည်းငယ်ကျဆင်း လာခြင်းဖြစ်သည်ကို တွေ့ရှိပါသည်။ဒီဇင်ဘာ ၁၀ ရက်တွင် ရောင်းချလျက်ရှိ သည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီ တာ ကျပ် ၁၈၀၅ ကျပ်၊ ၉၅ တစ်လီတာ ကျပ် ၁၈၉၅၊ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂၁၈၅၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၂၆၀ သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ဒီဇင်ဘာ ၉ ရက်တွင် ရောင်းချလျက်ရှိ သည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီ တာ ကျပ် ၁၈၃၀ ကျပ်၊ ၉၅ တစ်လီတာ ကျပ် ၁၉၂၅၊ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂၁၂၅၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၂၀၀ သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

ဒီဇင်ဘာ ၈ ရက်တွင် ရောင်းချလျက်ရှိ သည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီ တာ ကျပ် ၁၈၆၅ ကျပ် ၉၅ တစ်လီတာ ကျပ် ၁၉၆၀၊ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂၁၉၅၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၂၇၀ သို့

ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပြည် တွင်းစက်သုံးဆီစျေးနှုန်းမှာ

အတတ်၊အကျ တည်ငြိမ်မှုမရှိကြောင်း၊ လက်ရှိဒီဇင်ဘာလဒုတိယအပတ်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းဖြစ်သည့် ၉၂ တစ်လီတာလျှင်ကျပ် ၁၇၀၀ နီးပါးအထိ ကျဆင်းလာခြင်းဖြစ်သည်။ ဒီဇင်ဘာ ၇ ရက် တွင် ပြည်တွင်းစက် သုံးဆီစျေးနှုန်းမှာ ၉၂ တစ်လီတာ ၁၉၁၀ ကျပ်၊ ၉၅ တစ်လီတာ ၂၀၀၅ ကျပ်၊ ဒီဇယ်တစ် လီတာ၂၂၇၀ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၄၅ ကျပ်ဖြစ်ကြောင်းသိရသည်။စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေ ဖြင့် အချု့စက်သုံးဆီအရောင်းဆိုင်များတွင်သတ်မှတ်ရည်ညွှန်းစျေးနှုန်းထက် ပိုမိုရောင်း ချနေသည့် စက်သုံးဆီအရောင်းဆိုင်တွေကို စိစစ်ပြီး ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီစျေးနှုန်းဖြင့် ရောင်းချပေး နေကြောင်းစက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။သီလဝါဆိပ်ကမ်း၌ စက်သုံးဆီဂါလန် ၁၆ သန်းကျော် ဆီချခဲ့သဖြင့် ရန်ကုန်သီလဝါဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန် အခြေအနေများအရ စက်သုံးဆီ ဖူလုံမှုရှိ ကြောင်း ထုတ်ပြန်ထားသည်။စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေ ဖြင့် စက်သုံးဆီအမျုးအစားအလိုက် ဖူလုံမှု ရှိစေရေးစိစစ်တင်သွင်းဆောင်ရွက်လျက်ရှိ ရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း  ရှိ Terminal များတွင် ရိုးရိုးဒီဇယ်ဆီ ဂါလန် ၃ ဒသမ ၀၇သန်းနှင့် ပရီမီယံဒီဇယ်ဆီ ဂါ လန် ၃ ဒသမ ၀၇ သန်းတင်ဆောင်လာသည့် MTHarmonyOne သင်္ဘောသည် ဆီချ လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဓာတ်ဆီ 92Ron ဂါလန် ၂ ဒသမ ၇၆ သန်း၊ ဓာတ်ဆီ 95 Ron ဂါလန် သုညဒသမ ၉၂သန်းနှင့် ရိုးရိုးဒီဇယ်ဆီ ဂါလန် ၁ဒသမ ၆၅ သန်း တင် ဆောင်လာသည့် MTYuDongသင်္ဘော၊ ပရီမီယံဒီဇယ်ဆီ ဂါလန် ၄ဒသမ၃၁သန်း တင်ဆောင်လာသည့် MTBelugaPacific  သင်္ဘောတို့သည်သက် ဆိုင်ရာ Terminalများသို့ ဆိုက်ကပ်၍ ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့်ရန်ကုန် မြို့ သီလဝါ ဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန်များအရ စက်သုံးဆီဖူလုံမှုရှိကြောင်းထုတ်ပြန်ခဲ့သည်။

Read more

တပ်တွင်းစည်းလုံးညီညွတ်မှုပြိုကွဲစေရန်နှင့် တပ်မတော်အင်အားချည့်နဲ့စေရန် နိုင်ငံကြီးအချို့က နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေဟု ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

Read more