မြောက်ကိုရီးယားကို စောင့်ကြည့်ရန်အတွက် တောင်ကိုရီးယား၌ အမေရိကန်စစ်တပ်က အာကာသတပ်ဖွဲ့ ဖွဲ့စည်းထားရှိ

မြောက်ကိုရီးယားဘက်က ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများကို ခြေရာခံထောက်လှမ်းရာတွင် ပိုမိုအထောက်အကူဖြစ်စေရန်အတွက် ဒီဇင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယား၌ အမေရိကန် ပြည်ထောင်စုက အာကာသတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားရှိခဲ့သည်။ မြောက်ကိုရီးယားသည် ယခုနှစ်ထဲတွင် လက်နက်စမ်းသပ်မှုများကို စံချိန်တင်အရေအတွက်အထိ တိုးမြှင့်လုပ်ဆောင်လျက်ရှိကာ အမေရိကန် ပြည်မအထိ ရောက်နိုင်ဖွယ်ရှိသော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုနှင့် ဂျပန်ကိုဖြတ်ကျော်၍ တာလတ်ပစ် ဒုံးကျည်စမ်းသပ်မှုတို့ကိုလည်း ပြုလုပ်ခဲ့သည်။

Read more

အာဂျင်တီးနားကို ကမ္ဘာ့ဖလား မရစေလိုဟု ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို ဝန်ခံ

ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုက တောင်အမေရိကမဟာပြိုင်ဘက် အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား မရစေလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။ အာဂျင်တီးနားအသင်းသည် ဆီမီးဖိုင်နယ်တွင် ခရိုအေးရှားကိုကျော်ကာ ဗိုလ်လုပွဲသို့ (၆)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည်။ ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားကို ဗိုလ်စွဲစေလိုသလားဟုမေးမြန်းခဲ့ရာ ရော်နယ်လ်ဒိုက ”မက်ဆီအတွက် ကျွန်တော် ပျော်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ပြိုင်ဆိုင်မှုကြောင့် အာဂျင်တီးနားကို ကမ္ဘာ့ဖလားရစေချင်တယ်လို့ ပြောရင် ကျွန်တော် ကြောင်သူတော်လုပ်တာပဲ ဖြစ်ပါလိမ့်မယ်”ဟု ဆိုခဲ့သည်။  အာဂျင်တီးနားအသင်းသည် ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံပြင်သစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Read more

လာမည့်ရွေးကောက်ပွဲမှာ ပထမအကြိမ်မဲပေးမည့် First Voters များအား ကျောက်ဖြူပြည်ခိုင်ဖြိုး တွေ့ဆုံ

လာမည့်ရွေးကောက်ပွဲမှာ ပထမအကြိမ်မဲပေးကြရမည့် First Voters များဖြစ်ကြသည့် လူငယ်များအား ကျောက်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျောက်ဖြူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံပွဲတွင် ပါတီတာဝန်ရှိသူများက ကိုယ်စားလှယ်လောင်း ရွေးချယ်တင်မြှောက်ခြင်းကိစ္စနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးဟော ပြောပြီး လာမည့်ရွေးကောက်ပွဲ၏ PR စနစ်အကြောင်းကိုလည်း ပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူ First Voters လူငယ်များမှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် သိရှိလိုသည်များ အား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်ကော်မတီဝင် ဦးထွန်းမင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး နှင့် မြို့နယ်ကော်မတီဝင်များ တက်ရာက်ခဲ့ကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်၊ မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ၏ မွေးနေ့မင်္ဂလာနှင့် သာသနာ့မဏ္ဍိုင် ခဏ္ဍသိမ်တော်မြတ်ကြီး ရေစက်ချ မင်္ဂလာအခမ်းအနားသို တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေ အတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်/မိသားစုတို့နှင့်အတူ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၀၉:၀၀ နာရီမှ နေ့လည် ၁၂:၀၀ နာရီထိ ကျင်းပပြုလုပ် သော နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်၊ မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ အဂ္ဂတောင်သာသနာပြု ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိမဟာထေရ်မြတ်၏ သက်တော်(၇၅)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် သာသနာ့ မဏ္ဍိုင် ခဏ္ဍ သိမ်တော်မြတ်ကြီး ရေစက်ချ မင်္ဂလာပွဲအခမ်းအနားသို တက်ရောက်၍ အလှူငွေများ ဆပ်ကပ် လှူဒါန်းခဲ့ ပါသည်။

Read more

အင်အားအသင့်အတင့်ရှိသောမြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ခန္တောတိုက် မဏိရတနာကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေတီ၏ စိန်ဖူးတော်

Read more

မြန်မာနိုင်ငံတွင် မြန်မာနှင့် ရုရှား ပူးပေါင်းဆောင်ရွက်မည့် လေအားလျှပ်စစ်စီမံကိန်းအတွက် နေရာ ခြောက်ခုမှ လျှပ်စစ်မဂ္ဂါဝပ် ၈၁၀၀ ကျော် ထုတ်လုပ်နိုင်မည်

Read more

ပီရူးတရားရုံးတစ်ရုံးက သမ္မတဟောင်းကိုပြန်လွှတ်ပေးရန် အယူခံဝင်မှုကို ပယ်ချခဲ့

ပုန်ကန်မှုနှင့် လျှို့ဝှက်ပူးပေါင်းကြံစည် မှုစွဲချက်များဖြင့် တရားရင်ဆိုင်နေရသောပီ ရူးသမ္မတဟောင်း ပက်ဒရိုကက်စတီလိုကို ပြန်လွှတ်ပေးရန် တောင်းဆိုဆန္ဒပြမှုများသည်  အထိန်းအကွပ်မဲ့သည့် အခြေအနေ သို့ ရောက်ရှိနိုင်ဟု တာဝန်ရှိသူများက သတိပေးထားချိန်တွင် ပီရူးတရားရုံးတစ်ရုံးက ဒီဇင်ဘာ ၁၃ရက်၌ ကက်စတီလိုကို ပြန်လွှတ်ပေးရန်အယူခံဝင်မှုကို ပယ်ချခဲ့သည်။ အစိုးရရှေ့နေများက ကက်စတီလိုကို တရားခွင်အကြိုထိန်းသိမ်းမှုအဖြစ် ၁၈ လကြာ ထိန်းသိမ်းထားရန် ဒီဇင်ဘာ ၁၃ရက် နှောင်းပိုင်းတွင် အဆိုတင်သွင်းခဲ့ပြီး ယင်းသည်၎င်းအား စုံစမ်းစစ်ဆေးမှု တရားဝင်စတင်ခြင်းဖြစ်သည်ဟု တရားရေး ဆိုင်ရာ သတင်းအရင်းအမြစ်တစ်ဦးက ပြောကြားခဲ့သည်။

Read more