မန္တလေးတိုင်းဒေသကြီးပါတီနှင့် ခရိုင်/မြို့နယ်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီးနှင့် မဟာအောင်မြေခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်တွင် တိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး နှင့် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်တို့မှ ပထမ(၃)လပတ်၊ရက်(၉၀)စီမံချက် ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပါတီဗဟိုဌာနချုပ်သို့ပေးပို့ရမည့်စာရင်းဇယားများ အချိန်မီပေးပို့ရေး၊ နယ်မြေကွင်းဆင်းစည်းရုံးရေးကိစ္စများအား စဉ်ဆက်မပြတ်ဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးအောင်နိုင်ဦး၊ ဦးမျိုးမြင့်၊ မဟာအောင်မြေခရိုင်ဥက္ကဌ ဦးမြင့်သန်း၊ အတွင်းရေးမှူး ဦးဝင်းလှိုင်ငြိမ်းနှင့် ကော်မတီဝင်များ၊ မဟာအောင်မြေခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။

Read more

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရပ်မိ/ရပ်ဖများ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့်တွေ့ဆုံ

ယနေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဘုန်းတော်နိုင်ငံကျေးရွာတွင် ရပ်မိ၊ရပ်ဖများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့်တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်း ဒေသကြီးပါတီကော်မတီဝင် ဦးသိန်းထွန်းဦး၊ ဒေါ်ဝါဝါလှိုင်၊ အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်အောင်ထက်၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးအောင်ခိုင်စိုး၊ မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီအဖွဲ့များ၊ ရပ်မိ/ရပ်ဖများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများတက်ရောက်ခဲ့ကြပြီး နိူင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသော နိူင်ငံရေး အခြေအနေများ၊ လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်းတို့အား ပါတီတာဝန်ရှိ သူများမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှဒေသအခြေအနေများအား ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြပါသည်။

Read more

ဒဂုံမြို့သစ်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ မီဒီယာနှင့်လူငယ်တာဝန်ခံများ တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လူငယ်နှင့်မီဒီယာ အင်အားစုများဖြစ်သော ခရိုင်အတွင်းမှလူငယ်/မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နေ့လည် (၃နာရီ) ခန့်အချိန် ဒဂုံမြောက်ပိုင်းပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။


Read more

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တိုင်းပါတီဥက္ကဌဦးအောင်ချိုဦး နှင့်မြို့နယ်ကော်မတီအဖွဲ့ နယ်မြေကွင်း ဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းပါတီဥက္ကဌ  ဦးအောင်ချိုဦး ၊ပြည်ခရိုင်ပါတီကော်မတီဝင်  ဒေါ်အေးအေးမော် ပြည်မြို့နယ်ပါတီဥက္ကဌ ဦးထွန်းထွန်းနိုင် နှင့်မြို့နယ်ကော်မတီဝင်များ လိုက်ပါလျက် ပြည်မြိုနယ် ၊ဘန့်ပြင်အုပ်စု၊ရွာမကြီးအုပ်စု၊လက်ပံတောအုပ်စု တို့တွင်ပါတီဝင်အင်အားစီစစ်ခြင်း PRစနစ်  အား ရှင်းလင်းခြင်း၊ ရက်၉၀ စီမံချက်(၂၁)ချက် အချက်အလက်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း များကို နယ်မြေခံပါတီတာဝန်ရှိ သူများနှင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

 

 

Read more

ပဲခူးတိုင်း(အနောက်ပိုင်း)၊ပြည်ခရိုင်ပေါက်ခေါင်းမြို့နယ်ပါတီကော်မတီအစည်းအဝေးကျင်းပ

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ မြို့နယ်ပါတီကော်မတီ အဖွဲ့အစည်းအဝေးကို  ၁၅၊၁၂၊၂၀၂၂ရက်နေ့ နေ့လည်(၁)နာရီ ကကျင်းပရာ တိုင်းပါတီကော်မတီဝင် ဦးမျိုးအောင် ၊ပြည်ခရိုင်ပါတီ ဥက္ကဌ ဒေါ်ဆွေဆွေသင်း၊ ခရိုင်အတွင်းရေးမှုး ဦးအောင်ဇော်အေး၊ မြို့နယ် ပါတီဥက္ကဌ ဦးဝင်းထွန်းမြင့် နှင့်ကော်မတီဝင်များတက်ပြီး ရက်(၉၀) ပါတီလုပ်ငန်း စဉ်များ ၊ဆောင်ရွက်ပြီးစီးမှုနှင့် ကျန်ရှိ ၄၅ ရက် ဆောင်ရွက်ရန် လျှာထားချက်များကိုတက်ရောက်လာသော နယ်မြေတာဝန်ခံကော်မတီဝင်များနှင့်ညှိ့နှိုင်းဆွေးခြင်း၊ ပါတီဝင်အင်အား စိစစ်ခြင်း နှင့်ပါတီဝင်သစ် ရရှိရေးနှင့်ဆင့်ပွား စည်းရုံးရေးလုပ်ငန်းစဥ်များ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည် ။

Read more

ရက် (၉၀)စီမံချက်နှင့်ပါတီဝင်စိစစ်ခြင်းဆောင်ရွက်

၁၅ – ၁၂- ၂၀၂၂ နေ့ ဇီးကုန်းမြို့နယ် သာပေါင်းအုပ်စု သာပေါင်းကျေးရွာ ရပ်ကျေး ဥက္ကဌ နှင့်အဖွဲ့များ ရပ်မိရပ်ဖများနှင့်ယနေ့ နံက် ၉ နာရီတွင်တွေ့ဆုံရာသို့ တိုင်းပါတီကော်မတီ၀င် ဦးသန်းဇော်ထွန်း နတ်တလင်း ခရိုင်အတွင်းရေးမှုး ဦးကျော်မင်းထွန်း မြို့နယ်ဥက္ကဌ မနှင်းအိအိ၀င်း နယ်မြေတာ၀န်ခံ ဘဏ္ဍာရေးမှုး ဦး၀င်းကြည် တို့နှင့်အတူသွားရောက်ပြီးရက် ၉၀ စီမံချက် PR စနစ် နှင့် ပါတီ၀င်အင်အား စီစစ်ခြင်းလုပ်ငန်းများကိုဆောက်ရွက်ကြောင်းသိရှိရပါသည် ။

Read more

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစန်းမင်း ပါတီဝင်ဟောင်း များ ရပ်ကျေးပါတီကော်မတီများ ပါတီဝင်များနှင့်တွေဆုံ

လပွတ္တာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစန်းမင်းသည် ယနေ့ နံနက် ၁၀:၀၀ နာရီ တွင် လပွတ္တာမြို့နယ် ရေတွင်ဆိပ်ကျေးရွာအုပ်စု အရာတော်ကျေးရွာတွင် ပါတီဝင်ဟောင်း များ ရေတွင်းဆိပ်ကျေးရွာအုပ်စုရှိ ရပ်ကျေးပါတီကော်မတီများ ပါတီဝင်များနှင့် ရင်နှီးနွေးထွေးစွာ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် လပွတ္တာခရိုင် ပါတီကော်မတီဝင်ဟောင်း  ဦးကြည်စိုး နှင့် အတူ အသင်းဝင်ဟောင်းများလည်းပါဝင်ကြောင်းသိရပါသည်။

Read more

တံတားဦးမြို့ကို ဗဟိုပြုပြီး အင်အား ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုဒေသ၊ မင်းကွန်းမြသိန်းတန်စေတီ အပါအဝင် ရှေးဟောင်းစေတီပုထိုးများနှင့် သာသနိက အဆောက်အအုံ များ ထိခိုက်ပျက်စီး

ဒီဇင်ဘာ ၁၅ ရက် နံနက် ၃ နာရီ ၁၆ မိနစ်က မန္တ​လေးတိုင်း​ဒေသကြီး တံတားဦးမြို့ အ​ရှေ့ဘက် ​လေးမိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစ​ကေး ၅ ဒသမ ၂ အဆင့်ရှိ ​ ​ငလျင်လှုပ်ခတ်မှု​ကြောင့် အင်းဝ​ရှေး​ဟောင်း ယဉ်​ကျေးမှု​ဒေသ မင်းကွန်းမြသိန်းတန်​စေတီ အပါအဝင် ​ရှေး​ဟောင်း​စေတီပုထိုးများနှင့် သာသနိကအ​ဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့​ကြောင်း စုံစမ်းသိရသည်။ အဆိုပါ အင်အားအသင့် အတင့်ရှိ ​မြေငလျင်လှုပ်ခတ်ခဲ့မှု​ကြောင့် မန္တ​လေးမြို့ရှိ ​စေတီပုထိုးအချို့ စိန်ဖူး​တော်​မြေခခြင်းနှင့် ထိခိုက်မှု များဖြစ်​ပေါ်ခြင်း၊ လူ​နေအိမ်အချို့ ထိခိုက်ခြင်း၊ အမရပူရမြို့နယ် ​တောင်သမန်အင်းစောင်းရှိ ​စေတီအချို့ စိန်ဖူး​တော်​မြေခြင်းနှင့် ထိခိုက်ခြင်း၊ အင်းဝရှေး​ဟောင်းယဉ်​ကျေးမှု​ဒေသရှိ နန်းမ​တော်မယ်နုအုတ်​ကျောင်းအပါအဝင် ​စေတီပုထိုးအချို့ စိန်ဖူး​တော်​မြေခခြင်းနှင့် ထိခိုက်ပျက်စီးမှုများဖြစ်​ပေါ်ခြင်း၊ စစ်ကိုင်း-မင်းကွန်း​ဒေသရှိ မင်းကွန်းပုထိုး​တော်ကြီး အနည်းငယ်ထိခိုက်ပျက်စီးခြင်း၊ မင်းကွန်း မြသိန်းတန်​စေတီ​တော်၏ စိန်ဖူး​တော်​မြေခခြင်းနှင့် အနည်းငယ်ထိခိုက်ပျက်စီးခြင်း၊ မင်းကွန်းပုထိုးတော်ရှိ ခြ​​င်္သေ့ရုပ်ကြီး ထိခိုက်ပျက်စီးခြင်း အစရှိသည်တို့ ဖြစ်ပွားခဲ့့​ကြောင်း စုံစမ်းသိရသည်။

Read more

တပ်မတော်(လေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခဲ့ပြီး SU-30 SME၊ Y-8 သယ်ယူပို့ဆောင်ရေးလေယာဉ်၊ FTC 2000 G၊ FT-7K-8W အမျိုးအစား တိုက်လေယာဉ်များနှင့် Ka-28 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်များ တပ်တော်ဝင်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ တပ်မတော်(လေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည် နေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်က မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတက်သင်လေတပ်စခန်း ဌာနချုပ် ၌ ကျင်းပခဲ့ပြီး လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ)များ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ် စခန်းဌာနချုပ်မှူးများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read more

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ၂၀၂၃ ခုနှစ်တွင် COVID-19ကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေမဟုတ်တော့ဟုကြေညာရန် ရှိနေ

COVID-19 သည် ၂၀၂၃ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်လာတော့မည်မဟုတ်ဟု မိမိတို့မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဒီဇင်ဘာ ၁၄ ရက်တွင်ပြောကြားလိုက်ပြီး ကပ်ရောဂါ အစပြုပုံကို အတိအကျ ဖော်ထုတ်နိုင်သည့် သတင်းအချက်အလက်များကို မျှဝေရန် တရုတ် နိုင်ငံကို တိုက်တွန်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားသည့် တတိယမြောက် နှစ်ပတ်လည် နီးကပ်လာချိန်တွင် WHO က ဗိုင်းရပ်စ်သည် ဤနေရာတွင်ရှိနေမည်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်မှာ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့်အတူ စီမံခန့် ခွဲမှု လိုအပ်မည်ဟုဆိုသည်။

Read more