ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့နယ်၊ရပ်ကွက် ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ခရိုင်၊ ပြည်နယ်၊ ရွှေတံခါးရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌအဖြစ် ဦးခင်မောင်ဆွေအား ခန့်အပ်ပြီး ရပ်ကျေး ပါတီ ကော်မတီ ဝင်များနှင့် တွေ့ဆုံ၍ရက်(၉၀) စီမံချက် လုပ်ငန်းစဉ်များ ပါတီဝင်အင်အားစီစစ်ခြင်း ၊PR စနစ်ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ပြည်မြို့နယ်ပါတီဥက္ကဌ ဦးထွန်းထွန်းနိုင်နှင့် မြို့နယ် အတွင်းရေးမှူး ဒေါ်မိုးမိုးစံ.မြိုနယ်ကော်မတီဝင်များတက်ရောက်ကြပြီးရပ်ကျေးပါတီ၏ဆွေးနွေးချက် များကိုပါတီ တာဝန် ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်

Read more

ကျောင်းဆောင်သစ်ရေစက်ချအလှူမင်္ဂလာအခမ်းအနား သို့ နတ္တလင်း ပြည်ခိုင်ဖြိုးပါတီမှတက်ရောက်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နတ္တလင်းခရိုင် ပေါင်းတည်မြို့နယ် နွယ်ချို ၂ ရပ်ကွက်သိမ်ကြီးနေရှင်နယ်ကျောင်း ကျောင်းဆောင်သစ်ရေ စက်ချအလှူပွဲသို့ ယနေ့မနက် ၈:၃၀ နာရီအချိန်တွင် တိုင်းကော်မတီဝင်ဒေါ်ထားထားနု၊ နတ္တလင်းခရိုင်ကော်မတီဝင်ဒေါ်သန္တာကြွယ် ၊မြို့နယ်ဥက္ကဌ အတွင်းရေးမှူး ဘဏ္ဍာရေးမှူးနှင့်မြို့နယ်ကော်မတီဝင် များ တက်ရောက်ကြောင်းသိရှိရပါသည်။


Read more

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့မအုပ်စု မြို့မကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေး ဥက္ကဌ ဦးအေး နှင့်  ရပ်ကျေး ပါတီ​ကော်မတီ​ဝင်များရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီးရက်(၉၀) စီမံချက်ပါလုပ်ငန်း စဉ်များ ပါတီဝင် အင်အားစီစစ်ခြင်း၊ PR စနစ်ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ရွှေတောင်မြို့နယ်ပါတီဥက္ကဌ ဦးခင်အောင်ဝင်း နှင့် မြို့နယ်ကော်မတီဝင် ဦးထွန်းမင်းလက် စည်းရုံးရေးတာဝန်ခံ တို့တက်ရောက်ကြပြီးရပ်ကျေးပါတီ၏ ဆွေးနွေးချက် များကိုပါတီတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

Read more

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပြည်ခရိုင် ၊ပေါက်ခေါင်းမြို့နယ်ပါတီဥက္ကဌ နယ်မြေကွင်းဆင်းဆောင် ရွက်

ပြည်ခရိုင် ၊ပေါက်ခေါင်းမြို့နယ်၊ကျွဲပေါင်ပင်အုပ်စု  ကျွဲပေါင်ပင်ကျေးရွာကျေးရွာ ပါတီကော်မတီဝင်များ၊  ပါတီဝင် များနှင့် ပေါက်ခေါင်းမြို့နယ်ပါတီဥက္ကဌ ဦးဝင်းထွန်းမြင့်၊မြို့နယ်ကော်မတီဝင် ဦးမောင်မောင်ဦးတို့ တွေ့ဆုံပြီး ပါတီဝင်စာရင်းများစီစစ်ခြင်း ၊ ဆောင်ရွက်ရန်လမ်းညွှန်ချက် များရှင်းလင်းဆွေးနွေခြင်း၊ PR စနစ်ဆွေးနွေးခြင်းများ ဆောင်ရွက်ကြောင်းသိရှိရပါသည်။


Read more

နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငါးဖွဲ့တို့ ပထမနေ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးမည့် အစီအစဉ် ရှစ်ရပ်ကို အတည်ပြုနိုင်ခဲ့

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ငါး ဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့တို့ ပထမနေ့တွေ့ ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမည့် အစီအ စဉ်ရှစ်ရပ်ကို အတည်ပြုနိုင်ခဲ့ကြောင်း သတင်းရရှိသည်။  နေပြည်တော်ရှိ အမျုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာနတွင် ဒီဇင်ဘာ ၂၇ ရက်က နိုင်ငံ တော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့မှ ကိုယ်စား လှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် ထိုသို့အတည် ပြုခဲ့ခြင်း ဖြစ်သည်။

Read more

အမေရိကန်သမ္မတ အတည်ပြုခဲ့သည့် NDAA ဥပဒေက အကြမ်းဖက်မှုကို အားပေးပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

အမေရိကန်သမ္မတ အတည်ပြုခဲ့သည့် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act-NDAA) (H.R.7900) က အကြမ်းဖက်မှုကို အားပေးပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သည်။ အမေရိကန်သမ္မတက ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act-NDAA) (H.R.7900) ကို ဒီဇင်ဘာ ၂၃ ရက်က အတည်ပြုခဲ့ကြောင်း ယင်းအက်ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ‘BURMA Act of 2022’ အား ထည့်သွင်းခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Read more

တရုတ်ပြည်မကြီးမှ ဝင်ရောက်လာသည့် ခရီးသွားများကို ကိုဗစ်စစ်ဆေးရန်လိုအပ်သည်ဟု ဂျပန်ဝန်ကြီးချုပ် ပြောကြား

တရုတ်အစိုးရက ပြည်ပမှ ဝင်ရောက်လာသူများအတွက် ကွာရန်တင်းဝင်ရမည့် စည်းကမ်းချက်များကို အဆုံးသတ် သွား မည်ဟု ကြေညာခဲ့ပြီးနောက် ဒီဇင်ဘာ ၃၀ ရက်မှစပြီး တရုတ်ပြည်မကြီးမှ ဝင်ရောက်လာသည့် ခရီးသွားများကို COVID-19 စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်မည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ပြောကြားခဲ့သည်။ ဂျပန်သည် မကြာသေးမီလများအတွင်းက ခရီးသွားများအတွက် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို ဖြေလျှော့ ပေးခဲ့ပြီး ယခုလုပ်ဆောင်မှုအရ ကိုဗစ်ကူးစက်ခံရသည့် ရောဂါလက္ခဏာများပြနေသူများထက် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသွားများကိုသာ ဆိုက်ရောက်ကာလတွင် ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်မည့် သဘော ဖြစ်သည်။ တရုတ်တွင် ရောဂါကူးစက်မှုများ လျင်မြန်စွာ ပျံ့နှံ့နေသည်ဆိုသည့် သတင်းအချက်အလက်ကြောင့် ယခုဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်ဟု ကီရှီဒါက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

Read more

မဖြစ်မနေကွာရန်တင်းဝင်စေခြင်းကို ရုပ်သိမ်းမည်ဟု တရုတ်အစိုးရက ကြေညာခဲ့ပြီးနောက် ပျော်ရွှင်နေသည့် ပြည်သူများက ပြည်ပခရီးများသွားရန် ပြင်ဆင်မှုများရှိလာ

ပြည်ပဆိုက်ရောက်များအတွက် မဖြစ်မနေကွာရန်တင်းဝင်ရခြင်းကို ပယ်ဖျက်တော့မည်ဟု တရုတ်အစိုးရက ပြောကြားခဲ့ပြီးနောက် ဒီဇင်ဘာ ၂၇ ရက်တွင် တရုတ်ပြည်သူများက ဝမ်းသာမှုဖြင့် တု့ံပြန်ခဲ့ကြပြီး ပြည်ပခရီးများ သွားရန်  အလျင်အမြန်လုပ်ဆောင်ခဲ့ကြသည်။ တရုတ်အစိုးရသည် သုံးနှစ်နီးပါးကြာ အသုံးပြုခဲ့သည့် ပြည်ပဆိုက် ရောက်များအတွက် ကွာရန်တင်းဝင်စေခြင်းကို မကြာမီရုပ်သိမ်းတော့မည်ဖြစ်သည်။ ဇန်နဝါရီ ၈ ရက်မှစတင်၍ ဆိုက်ရောက်ခရီးသည်များသည် တရုတ်နိုင်ငံကို ရောက်ရှိလာသည့်အခါ ကွာရန်တင်း ဝယ်ရန်လိုအပ်တော့မည် မဟုတ်ဟု ဒီဇင်ဘာ ၂၆ ရက်နှောင်းပိုင်းတွင် တရုတ်အစိုးရက ရုတ်တရက်ကြေညာခဲ့သည်။ ဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် အဓိကအစီအမံများကို ရုပ်သိမ်းလိုက်ပြီးနောက် တရုတ်နိုင်ငံတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်များ မြင့်တက်လာခဲ့သည်။ ကူးစက်မှုသည် ခြေရာခံရန်မဖြစ်နိုင်ဟု အာဏာပိုင်များက ဝန်ခံခဲ့ပြီး ကူးစက်မှုဖြစ်စဉ်များကို စာရင်းကောက်တော့မည်မဟုတ်ဟု ဆိုသည်။

Read more

ပရီးမီးယားလိဂ်ချန်ပီယံဆုကို နယူးကာဆယ်ပရိသတ်များ အိပ်မက်မက်နိုင်ပြီဟု နည်းပြ အက်ဒီဟောင်း ကြုံးဝါး

Boxing Day တွင် လက်စတာအသင်းအား အဝေးကွင်းတွင် (၃-၀)ဂိုးဖြင့် အနိုင်ယူပြီးနောက် နယူးကာဆယ် ပရိသတ်များအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အိပ်မက်မက်နိုင်ပြီဟု အသင်းနည်းပြ အက်ဒီဟောင်းက ကြုံးဝါးခဲ့သည်။ နယူးကာဆယ်အသင်းသည် ယင်းပွဲအနိုင်ရပြီးနောက် စပါးနှင့် ချယ်လ်ဆီးအသင်းများအပါအဝင် ပရီးမီးယားလိဂ် နောက်ဆုံးခြောက်ပွဲဆက်တိုက် အနိုင်ကစားထားခြင်း ဖြစ်သည်။

Read more