မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်များအသုံးပြုမည်ဆိုပါက တောင်ကိုရီးယားနှင့် အမေရိကန် တို့က ထိရောက်စွာတုံ့ပြန်ရန် စီစဉ်ထားသည်ဟု အိမ်ဖြူတော်က သတိပေး

မြောက်ကိုရီးယားအနေဖြင့် နျူကလီး ယားလက်နက်များ အသုံးပြုမည်ဆိုပါက အ မေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းပြီး ထိရောက်စွာ တုံ့ပြန်ရန် စီစဉ်ထားသည်ဟု အိမ်ဖြူတော်က ဇန်နဝါရီ ၃ ရက်တွင် သတိပေးခဲ့သည်။ တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် အသုံးပြုမှုအပါအဝင် အနာဂတ် ဖြစ်နိုင်ခြေများကို ထိရောက်စွာ ပူးပေါင်းတုံ့ပြန်ရေး အစီအစဉ်ဆွဲရန် ၎င်းတို့၏ အဖွဲ့များကို တာဝန်ပေးခဲ့သည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSC) ပြောရေးဆိုခွင့်ရှိသူက အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှု အပေါ် မဟာမိတ်များ၏ တုံ့ပြန်မှု အပေါ် မီဒီယာ သတင်းထုတ်ပြန်မှုများ ပေါ်ပေါက်ခဲ့ပြီး မရေရာမှုများ ဖြစ်ပွားခဲ့ပြီး နောက် NSC က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more

တရုတ်ခရီးသွားများကို COVID-19စစ်ဆေးခြင်းသည် သိပ္ပံနည်းကျလုပ်ဆောင်မှုဖြစ်သည်ဟု အမေရိကန်ပြောကြား

တရုတ်နိုင်ငံမှ ခရီးသွားများကို ကိုရိုနာ ဗိုင်းရပ်စ်စစ်ဆေးရန်လိုအပ်ချက်သည် သိပ္ပံပညာရပ်အပေါ် အခြေခံပြီး တရုတ်အစိုးရ၏ မြင့်တက်နေသော ကူးစက်မှုများအပေါ်ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု အမေရိကန်က ဇန်နဝါရီ ၃ ရက်တွင် ပြော ကြားခဲ့သည်။ အသက်နှစ်နှစ်နှင့်အထက် လေကြောင်းခရီးစဉ်မှ ခရီးသွားများအနေဖြင့် အမေရိကန်သို့ ဝင်ရောက်ရန်အတွက် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း မရှိကြောင်း ပြသရန် လိုအပ်လိမ့်မည် မထုတ်ပြန်မီ နှစ်ရက်အလိုတွင် ၎င်းတို့၏ခရီး သွားများအပေါ် နိုင်ငံအများအပြားကချမှတ်ထားသော ကန့်သတ်ချက်အစီအမံများသည် လက်ခံနိုင်စရာမရှိဟု တရုတ်နိုင်ငံကဇန်နဝါရီ ၃ ရက်အစောပိုင်းတွင် ပြစ်တင်ရှုတ်ချခဲ့သည်။

Read more

တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရ

တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပြန် လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း နယ်စပ် ကုန်သည်များထံမှ သိရသည်။ တရုတ်- မြန်မာ နယ်စပ်ဂိတ်များဖြစ် သည့် မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူ တော်ဂိတ်၊ မူဆယ်ကျယ်ဂေါင်ဂိတ် အစရှိသည့် ဂိတ်များကို ဇန်နဝါရီ ၈ ရက်တွင် စတင်ဖွင့်လှစ် မည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။ “မန့်ဝိန်းဂိတ်နန်းတော်ဂိတ်ဆင်ဖြူဂိတ် များကို ပြန်လည်ဖွင့်ပြီး လူများ၊ ကားများ၊ ဆိုင် ကယ်များ၊ ထော်လာဂျီ များကို ယခင်ကကဲ့သို့ ဝင်ထွက်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရှိ ရပါသည်}}ဟု နယ်စပ်ကုန်သည်ကြီးတစ်ဦးက ပြောကြားသည်။

Read more

နေပြည်တော်ရှိ နေရာအချို့တွင် ဖောက်ခွဲရေးလုပ်ရန်စီစဉ်မှုဖြင့် အမျိုးသားသုံးဦးကို ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ကျည်ခြောက်တောင့်၊ လက်လုပ်မိုင်း ၁၀ လုံးနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်ရှိ နေရာအချို့တွင် ဖောက်ခွဲရေးလုပ်ရန်စီစဉ်မှုဖြင့် အမျိုးသား သုံးဦးကို ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ကျည်ခြောက်တောင့်၊ လက်လုပ်မိုင်း ၁၀ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာ၌ တပ်ကုန်း PDF အဖွဲ့နှင့်ဆက်သွယ်၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသော ကျော်မျိုးသူအား ဖမ်းဆီးရ မိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျော်မျိုးသူ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ဆည်ထိပ်ကျေးရွာ ရှိ ဖမ်းဆီးရန်ကျန် လှမိုး(ခ)လှမိုးအောင်၏ နေအိမ်၌ ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ကျည်ခြောက်တောင့်၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊ Keypad ဖုန်းဖြင့် ချိတ်ဆက် ဖောက်ခွဲရသည့် ခလုတ်သုံးခု၊ Keypad ဖုန်း တစ်လုံး၊ ရီမုတစ်ခုနှင့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး လှမိုး(ခ)လှမိုးအောင်အား တပ်ကုန်း မြို့နယ်၊ ဆည်ထိပ်ကျေးရွာနှင့် ရွှေမြို့ကျေး ရွာသွားလမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ကြောင်း နစက,က ထုတ်ပြန်သည်။

Read more

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကျင်းပနိုင်ရေးအစည်းအဝေးပြုလုပ်

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ကျင်းပ ပြုလုပ်သော (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများ ကျင်းပရေး လုပ်ငန်းညှိနိုင်း အစည်းအဝေး ကို (၃.၁.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီ တွင် မြို့နယ် ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊မြို့နယ်ပါတီကော်မတီများ ၊အားကစား စိတ်ပါဝင်စားသူ အားကစား သမားဟောင်းများ တက်ရောက်ခဲ့ကြပြီး အားကစားပြိုင် ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနိုင်း ဆွေးနွေးခဲ့ကြပါသည်။

Read more

လွတ်လပ်ရေးနေ့အခမ်းအနားသို့ပြည်နယ်ဥက္ကဋ္ဌတက်ရောက်

( ၄.၁.၂၀၂၃ ) ရက်နေ့ နံနက် ( ၇:၀၀ ) နာရီ အချိန်တွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ရှမ်းပြည်နယ်အစိုးရမှ ကြီးမှူးကျင်းပသော ( ၇၅ ) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို ရှမ်းပြည်နယ် ( တောင်ပိုင်း ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီဥက္ကဌ ဦးစိုင်းလုံကျော် တက်ရောက်ခဲ့ပါသည်။

 

Read more

ရပ်စောက်ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ လွတ်လပ်ရေးနေ့အားကစားပြိုင်ပွဲများကျင်းပပြုလုပ်

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ကျင်းပ ပြုလုပ်သော (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစား ပြိုင်ပွဲများကို (၄.၁.၂၀၂၃)ရက်နေ့တွင် မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် အားကစားသမားများ၊ဧည့်ပရိတ်သတ်များ အင်အား (၉၀၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။

Read more

ပါတီ၏ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌနှင့် ဖြူးမြို့နယ်ပါတီဝင်များတွေ့ဆုံဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ဥက္ကဌ ဦးရဲမြင့်ထွန်းနှင့်အဖွဲ့သည် ဇန်နဝါရီလ ၃ ရက်နေ့မွန်းလွှဲပိုင်းက တောင်ငူခရိုင် ဖြူးမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို တက်ရောက်၍ ဆုများချီးမြှင့်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၃-၁-၂၀၂၃ ရက်နေ့ နံနက် ၀၈၀၀ အချိန်တွင် ပါတီဌာနချုပ် အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို တက်ရောက်ခဲ့ပါသည်။ အစီအစဉ် အရ ဗိုလ်လုပ်ပွဲ ယှဉ်ပြိုင်ကစားကြသည့် ဌာနမှူးနှင့် ဒုတိယဌာနမှူးများ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ လွန်ဆွဲ(ကျား၊မ)ပြိုင်ပွဲများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင် ယှဉ်ပြိုင်ကြသည့် ပြေးပွဲပြိုင်ပွဲ ကစားမှုများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

Read more