Author: USDP 2016
မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးရထားခရီးစဉ်ကို တစ်ရက်လျှင် ရထားနှစ်စင်းဖြင့် ပြေးဆွဲနေပြီး အခြားခရီးစဉ် များတွင် ခရီးသည်စီးနင်းမှု များပြားလာသည်နှင့်အမျှ ရထားတွဲဆိုင်းများ ပိုမိုချိတ်ဆက်ခြင်းနှင့် ရထားစင်းရေ တိုးမြှင့်ပြေးဆွဲခြင်းများ ပြုလုပ်သွားမည်
မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး ရထားခရီးစဉ်အား တစ်ရက်လျှင် ရထားနှစ်စင်းဖြင့် ပြေးဆွဲနေပြီး အခြား ခရီးစဉ်များတွင် ခရီးသည်စီးနင်းမှု များပြားလာသည်နှင့်အမျှ ရထားတွဲဆိုင်းများ ပိုမိုချိတ်ဆက်ခြင်းနှင့် ရထားစင်း ရေတိုးမြှင့်ပြေးဆွဲခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့မီးရထားက နယ်ဝေးရထားခရီးစဉ်များ အဖြစ် ရန်ကုန်-မန္တလေးလမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထား နှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-မော်လ မြိုင်ညရထားအပါအဝင် လမ်းပိုင်းအသီးသီးတွင် လူစီးနှင့် ကုန်တင်ရထားများပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
Read moreမြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက် အသွားအပြန်ခရီးစဉ်ကို အမေရိကန်ဒေါ်လာ ၇၄ ဒေါ်လာမှစတင်၍လည်းကောင်း၊ ရန်ကုန်-ချင်းမိုင် အသွားအပြန် ခရီးစဉ်အား ဒေါ်လာ ၁၆၀ မှစတင်ရောင်းချနေ
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်အသွားအပြန် ခရီးစဉ်အား အမေရိကန် ၇၄ ဒေါ်လာမှ စတင်၍လည်းကောင်း၊ ရန်ကုန်-ချင်းမိုင်အသွားအပြန်ခရီးစဉ်အား ၁၆၀ ဒေါ်လာမှစတင်ရောင်းချနေကြောင်း သိရသည်။ နှစ်သစ်ကူးအားလပ်ရက်များတွင် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသား ခရီးသည်များ များပြားမှုကြောင့် မြန်မာ-ထိုင်းပျံသန်းနေသည့် လေကြောင်းလိုင်းများထံမှ လေယာဉ်လက်မှတ် ဝယ်ယူရန် ခက်ခဲ့ကြောင်း လေယာဉ်လက်မှတ်များအရောင်းကိုယ်စားလှယ်များထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ရက်ပေါင်း ၄၅ ရက်ထိ တိုးမြှင့်နေထိုင်ခွင့်ရရှိသည့် ခရီးသွားများတွင် မြန်မာနိုင်ငံသားများပါဝင်လာကြောင်း ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းလုပ်ငန်း လုပ်ကိုင်သူအချို့၏ ပြောကြားချက် အရ သိရသည်။
Read moreတရုတ်၏ တတိယလူဦးရေအများဆုံးပြည်နယ်ရှိ ပြည်သူ ၉၀ ရာခိုင်နှုန်းသည် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထား ရသည်ဟု တာဝန်ရှိသူတစ်ဦး ပြောကြား
တရုတ်နိုင်ငံသည် မကြုံစဖူးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများနှင့် လုံးပန်းနေရသည့်အနေအထားတွင် တရုတ်၏ တတိယလူဦးရေအများဆုံးပြည်နယ်ရှိ ပြည်သူ ၉၀ ရာခိုင်နှုန်းမှာ ယခုအခါ COVID-19 ကူးစက် ခံထားရသည်ဟု ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၉ ရက်တွင် ပြောကြားသည်။ ဇန်နဝါရီ ၆ ရက်အထိ ဟဲနန်ပြည်နယ်၏ ကိုဗစ်ကူးစက်မှုနှုန်းသည် ၈၉ ဒသမ ၀ ရာခိုင်နှုန်းရှိနေသည်ဟု အလယ်ပိုင်းဟဲနန်ပြည်နယ်အတွက် ကျန်းမာရေး ကော်မရှင် ဒါရိုက်တာအဖြစ်ဆောင်ရွက်နေသူ ကန်ကျန်ချန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ လူဦးရေ ၉၉ ဒသမ ၄ ရာခိုင်နှုန်းရှိနေသော ဟဲနန်ပြည်နယ်တွင် ပြည်သူ ၈၈ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ယခုအခါ ကိုဗစ်ကူးစက်ခံထားရဖွယ်ရှိသည်ဟု ဆိုသည်။
Read moreထို့ကြောင့် တရုတ်အစိုးရက ထုတ်ပြန်သော ကိုဗစ်စာရင်းများမှာ မြေပြင်အခြေအနေနှင့် ကွာခြားလျက်ရှိသည်။ ပါကစ္စတန်တွင် ၂၀၂၂ ခုနှစ်အတွင်း ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံး
ပါကစ္စတန်တွင် ၂၀၂၂ ခုနှစ်၌ ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးခဲ့ကာ အသတ်ခံခဲ့ရသော လာဟိုးမြို့မှ ရဲဝန်ထမ်းများတွင် ဒုရဲအုပ် ၁ ဦး၊ ရဲတပ်သား ၃ ဦးနဲ့ ယာဉ်ထိန်းရဲ ၁ ဦးတို့ ပါဝင်ကြောင်း The News International က ဖော်ပြသည်။
Read moreမြန်မာတိုက်စစ်မှူး အောင်သူ ထိုင်းလိဂ်-၁ ကလပ် လမ်ဖွန်အသင်းသို့ ရောက်ရှိပြီး ရက်ပိုင်းအကြာမှာပင် လေ့ကျင့်ရေး ကွင်း၌ ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် တစ်လခွဲဝန်းကျင် အနားယူရမည်
မြန်မာတိုက်စစ်မှူး အောင်သူသည် ထိုင်းလိဂ်-၁ ကလပ် လမ်ဖွန်အသင်းသို့ ရောက်ရှိပြီး ရက်ပိုင်းအကြာမှာပင် လေ့ကျင့်ရေးကွင်း၌ ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် တစ်လခွဲဝန်းကျင် အနားယူရမည်ဖြစ်ကြောင်း သိရသည်။ အောင်သူသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်က ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်း နှင့် နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် လမ်ဖွန်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ လမ်ဖွန်အသင်းနှင့် အောင်သူသည် ယခုရာသီကုန်အထိသာ စာချုပ်ချုပ်ဆိုထားပြီး ကစားသမား၏ ခြေစွမ်းအပေါ်မူတည်ကာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရယူထားခြင်းဖြစ်ကြောင်း သိရသည်။
Read moreပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နိုင်ငံရေးပါတီများနှင့် အလွတ်သဘော တွေ့ဆုံပွဲ ပြုလုပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဌ ဦးခင်ရီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့ နံနက် ၁ဝဝဝ နာရီအချိန်မှ ၁၃၄၅ အချိန်ထိ ပါတီဌာနချုပ် ခန်းမတွင် လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံရေးပါတီ (၃၇)ပါတီနှင့် အလွတ်သဘောတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌဌ ဦးခင်ရီက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့က အသစ်ဖွဲ့စည်းခဲ့သော ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့သစ်အား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များနှင့် ချစ်ခင်ရင်းနှီးစွာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
Read moreမန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ဘွဲ့တံဆိပ်တော်ရဆရာတော်များအားဂုဏ်ပြုပူဇော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊ ဦးကျော်စန်း၊ ဦးမျိုးမြင့်၊ အောင်မြေသာစံခရိုင်/မဟာအောင်မြေခရိုင်တို့မှ ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ အောင်မြေသာစံမြို့နယ်/ချမ်းအေးသာစံမြို့နယ်တို့မှ ဥက္ကဌနှင့်ကော်မတီဝင်များတို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြေငြာစာအမှတ် ၂/၂၀၂၃ ဖြင့် အဘိဓဇမဟာရဋ္ဌဌဂုရုဘွဲ့ တံဆိပ်တော်ရ ချမ်းအေးသာစံမြို့နယ်၊ သုဓမ္မဝတီအုဌ်ကျောင်း၊ မိုးကောင်းကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ သာသနာဘိဝံသထံသို့လည်းကောင်း၊ အဂ္ဂမဟာပဏ္ဍဍိတဘွဲ့တံဆိပ်တော်ရ အောင်မြေသာစံမြို့နယ်၊ စတုဘုမ္မိက မဂ္ဂင်ရိပ်သာကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဝိဇယထံသို့လည်းကောင်း၊ အဂ္ဂမဟာပဏ္ဍဍိတ ဘွဲ့တံဆိပ်တော်ရ အောင်မြေသာစံမြို့နယ်၊ စလင်းဝိဘဇ္ဇဝါဒီကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဝိလာသာ ဘိဝံသထံသို့လည်းကောင်း (၅.၁.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ဖူးမျှော်ကန်တော့ပြီး သင်္က္န်းခြင်း၊ ဝတ္ထုငွေများဖြင့်ဆက်ကပ် လှူဒါန်းပူဇော်ခဲ့ကြပါသည်။
Read moreကျောင်းဆောင်ရေစက်ချမင်္ဂ္လာအခမ်းအနား တက်ရောက်ပြီး အလှူငွေလှူဒါန်း
မိုးမိတ်မြို့နယ် ပါတီ ဘဏ္ဍာရေးမှူး ဒေါ်ခင်မြင့်ဌေးသည် အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်နှင်းဆီ နှင့် အရံကော်မတီ ဝင်များခရိုင်/မြို့နယ်ရုံးအဖွဲ့များတို့နှင့်အတူအာသံကျောင်းတိုက် ပဓာနနာယကဆရာတော် “ရှင်သမိသာရ”၏ သိက္ခာတော် ဝါ (၂၅)ဝါ ငွေရတု အထိမ်းအမှတ် နှင့် ငွေရတု သုံးထပ်ကျောင်းဆောင်ကြီး ရေစက်ချ မင်္ဂ္လာ အခမ်းအနား သို့ တက်ရောက် ၍ အလှူ ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်
Read moreနယ်မြေကွင်းဆင်း၍အမျိုးသမီးစကားဝိုင်းပြုလုပ်
ညောင်ရွှေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ရွှေရွှေလဲနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့များသည်တောင်ခြေစခွန်အုပ်စု ၊ အုန္နဲပင်အုပ်စု များသို့ကွင်းဆင်း၍ အမျိုးသမီးများ ဘဝဖွံဖြိုး တိုးတက်ရေးစကာဝိုင်းပြုလုပ်ခဲ့ပါသည်။
Read more