တရုတ်နိုင်ငံ၏နေရာဒေသအများအပြားတွင်COVID-19ရောဂါကူးစက်မှုများ၏ အမြင့်ဆုံးကာလကို ကျော်လွန်သွားပြီ ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ ဖော်ပြ
တရုတ်နိုင်ငံ၏ နေရာဒေသအများအပြားတွင် COVID-19 ရောဂါကူးစက်မှု အမြင့်ဆုံးကာလကို ကျော်လွန်သွားပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။ တရုတ်ပြည်တွင်း၌ ရောဂါကူးစက်မှု အတိုင်းအတာနှင့် သက်ရောက်မှုအပေါ် နိုင်ငံတကာက စိုးရိမ်နေစဉ် တရုတ်တာဝန်ရှိသူများက ရောဂါကူးစက် ပြန့်ပွားမှုအခြေအနေ ပြင်းထန်မှုကို လျှော့ချပြောဆိုမှုများ ထပ်မံလုပ်ဆောင်လျက်ရှိသည်။ ကွန်မြူနစ်ပါတီက တရားဝင်ထုတ်ဝေသည့် People’s Daily သတင်းစာ၏ ထုတ်ဝေမှုဖြစ်သော Health Times တွင် ဖော်ပြချက်အရ မြို့တော်ပေကျင်းနှင့် တရုတ်နိုင်ငံ၏ ပြည်နယ်အများအပြားတွင် ကူးစက်မှုများ ကျဆင်းလာပြီဖြစ်ကြောင်း သိရသည်။ သို့သော် ဟဲနန်ပြည်နယ်၏ လူဦးရေသန်း ၉၀ နီးပါးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
Read more