တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပြီး တရုတ်၌ သက်ကြီးရွယ်အိုများ ရောဂါကူးစက်ခံရနိုင်သည့်အပေါ် စိုးရိမ်မှုများတိုးလာ
နှစ်သစ်ကူး အားလပ်ရက်ကာလအတွင်း တရုတ်ပြည်သူများအနေဖြင့် ဇာတိမြေသို့ပြန်ရန် စီစဉ်လျက်ရှိစဉ် ၎င်းတို့၏ အသက်ကြီးပိုင်း ဆွေမျိုးသားချင်းများဆီသို့ COVID-19 ရောဂါ ကူးစက်နိုင်သည့်အပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လျက် ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ရောဂါကူးစက် ပျံ့နှံ့မှုများ အရှိန်မြင့်တက်လာနိုင်သည်ဟု သတိပေးထားသည်။ ဇန်နဝါရီ ၂၁ ရက်တွင် တရုတ်နှစ်သစ်ကူးအား လပ်ရက်ကာလ တရားဝင်စတင်မည်ဖြစ်ကာ မကြုံစဖူး ဆန္ဒပြမှုများနှင့် မကျေနပ်ချက်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည့် တင်းကျပ်သော ဗိုင်းရပ်စ် ထိန်းချုပ်ရေး စည်းမျဉ်းများကို ပြီးခဲ့သည့်လက ဖြေလျှော့ခဲ့ပြီးနောက်တွင် နှစ်သစ်ကူး အားလပ်ရက်ကာလ ကိုဖြတ်သန်းရမည်ဖြစ်သည်။
Read more