ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ တိုင်းရင်းသား စာပေ ယဉ်ကျေးမှု အဖွဲ့များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် တောင်ကြီးမြို့နယ် ပါတီရုံးခန်းမတွင်ပြုလုပ်သော ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ တိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့ (၈)ဖွဲ့ နှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားရာ ” ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲမသမာမှု အချက်အလက်များနှင့် အကြောင်းအရာများကိုလည်းကောင်း၊ တစ်နိုင်ငံတည်း တစ်မြေတည်းနေ တစ်ရေတည်း သောက်ကြသည့် တိုင်းရင်းသားများဖြစ်ကြသည့်အတွက် မလိုသူတို့၏သွေးထိုးမှုများကို နားမယောင်ကြရန်နှင့် အချင်းချင်းသွေးစည်းညီညွတ်ကြရန်၊ လာမည့်ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စည်းလုံး ညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် ” ပြောကြားခဲ့ပါသည်။
Read more