(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲသို့ ပြည်နယ်နှင့်တိုင်းများမှယဉ်ကျေးမှုအဖွဲ့ဝင်များ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များတက်ရောက်

နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုညစာစားပွဲအား ညနေ ၆ နာရီက နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌တည်ခင်းဧည့်ခံခဲ့သည်။

နစက ဥက္ကဋ္ဌမှ ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်လာသည့် တိုင်းနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များ၊ NCA စာချုပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ၊ တိုင်းနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ဒု-ဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အရာရှိကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် နစက အဖွဲ့ဝင်များအားနှုတ် ဆက်ခဲ့သည်။

Read more

ငလျင်လှုပ်ခတ်ပြီးနောက် ခြောက်ရက်အကြာတွင် ဆောက်လုပ်ရေး ကန်ထရိုက်တာများကို တူရကီဖမ်းဆီး

တူရကီအရှေ့တောင်ပိုင်းနှင့် ဆီးရီးယားမြောက်ပိုင်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် ခြောက်ရက်အကြာတွင် ပြိုကျပျက်စီးသည့် အဆောက်အအုံများ ဆောက်လုပ်ရာ၌ ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသည့် လူပေါင်း ၁၃၀ ခန့်ကို တူရကီအာဏာပိုင်များကဖမ်းဆီးခြင်း သို့မဟုတ် ဖမ်းဝရမ်းထုတ်ခြင်းပြုထားသည်။

တနင်္လာနေ့က လှုပ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ ဦးရေ ၂၈၁၉၁ ဦး ရှိလာပြီး ဒဏ်ရာရသူ ၈၀၀၀၀ ရှိလာကာ တနင်္ဂနွေနေ့ နံနက်ပိုင်းအထိ ရုပ်အလောင်းများ ဆက်လက်တွေ့ရှိနေဆဲဖြစ်သဖြင့် ယင်း အရေအတွက်များ ထပ်မံမြင့်တက်လာဦးမည်မှာ သေချာနေသည်။

Read more

ကနေဒါပိုင်နက်မှာ ပျံသန်းနေတဲ့ အမည်မသိ အရာဝတ္ထုကို အမေရိကန်တိုက် လေယာဉ်ပစ်ချ

ကနေဒါနိုင်ငံရဲ့ ဝေဟင်ပိုင်နက်ကိုချိုးဖောက်ဝင်ရောက်ခဲ့ပြီး အမြင့်ပေ ၄၀၀၀၀ မှာ ပျံသန်းနေတဲ့ အမည်မသိ အရာဝတ္ထုတစ်ခုကို အမေရိကန်တိုက်လေယာဉ်တစ်စီး က ကနေဒါအနောက်အလယ်ပိုင်း ယူကွန်ဒေသမှာ ပစ်ချခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒူး က ပြောကြားပါတယ်။

အမည်မသိ အရာဝတ္ထုကို ဖျက်ဆီးပစ်ရန် အမေရိကန်နဲ့ ကနေဒါတိုက်လေယာဉ်‌တွေကိုပါ စေလွှတ်ခဲ့ကာ အမေရိကန် အက်ဖ်-၂၂ တစ်စီး က ပစ်ချခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ်က ပြောကြားပါတယ်။

Read more

ယူကရိန်းစစ်ပွဲသည် တစ်နှစ်ခွဲမှ နှစ်နှစ်အထိ ကြာမြင့်နိုင်ခြေရှိဟု ရုရှား ပုဂ္ဂလိကကြေးစားစစ်သားကုမ္ပဏီ အကြီးအကဲက ပြောကြား

ယူကရိန်းတွင်ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများအတွင်း တက်ကြွစွာ ပါဝင်နေသည့် ရုရှားကြေးစားစစ်သား ငှားရမ်းသည့် ကုမ္ပဏီ ဖြစ်သည့် Wagner Group ပိုင်ရှင် ယက်ဗ်ဂီနီ ပရီဂိုဇင်က ယူကရိန်းစစ်ပွဲသည် တစ်နှစ်ခွဲမှ နှစ်နှစ်အထိ ကြာမြင့်နိုင်ခြေရှိသည်ဟု ခန့် မှန်းပြောကြားခဲ့သည်။

Read more

ရန်ကုန်ယူနိုက်တက်အသင်း၏ ၂၀၂၃ ခုနှစ် ဘော လုံးရာသီ၌ဝတ်ဆင်မည့် ဂျာစီမိတ်ဆက်

မြန်မာနေရှင်လိဂ်၏ ၂၀၂၃ ခုနှစ် ဘောလုံးရာသီ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်ယူနိုက်တက်အ သင်းဝတ်ဆင်မည့် ဂျာစီမိတ်ဆက်ပွဲအား ဖေဖော် ဝါရီ ၁၁ ရက်ညနေပိုင်းက Yangon United Sports Complex တွင်ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်ယူနိုက်တက်အသင်း ဒု-ဥက္ကဋ္ဌဦးမင်းဆွေဦးက ၂၀၂၃ ဘောလုံးရာသီအတွက် ကြိုပြင်ဆင်ထားမှုများအား ရှင်းလင်းပြောကြားခဲ့သည်။

Read more

ဘိုကာနော့ဗ်စကီး ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ရပ်တန့်ပြလိုက်တဲ့ မာကာရှက်ဖ်

ချန်ပီယံ နှစ်ယောက် တွေ့တဲ့ပွဲ ဖြစ်လို့ ပွဲကောင်း တစ်ပွဲကို ပရိသတ်တွေ ကြည့်ခွင့်ရခဲ့တာပါ။

နည်းစနစ်ပိုင်းအရရော ၊ ဗျူဟာပိုင်း အရရော ပြောစရာ မလိုအောင်ကို နှစ်ယောက်စလုံး ကောင်းလွန်းပါတယ်။

မာကာရှက် ရဲ့ Counter Striking က လုံး၀ကို တိကျလွန်းပါတယ်။

Read more

အသင်းတစ်သင်းအတွက် ပရီးမီးယားလိဂ်ပွဲ ၄၀၀ ပြည့်ပထမဆုံးဂိုးသမားအဖြစ် ဒီဂီယာစံချိန်တင်

မန်ယူဂိုးသမားဒီဂီယာဟာ လိဒ်ယူနိုက်တက်နဲ့ကစားတဲ့ပွဲမှာ လိဂ်ပွဲစဉ် ၄၀၀ ပြည့်မြောက်ခဲ့ပြီး ဗြိတိန်နဲ့ အိုင်ယာလန်သားမဟုတ်တဲ့ဂိုးသမားတွေထဲမှာ အသင်းတစ်သင်းအတွက် ပွဲ ၄၀၀ အထိကစားနိုင်ခဲ့တဲ့ ပထမဆုံးဂိုးသမားဖြစ်လာပါတယ်။

ဒီဂီယာဟာ  ၂၀၁၁ ခုနှစ်က စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်ကနေ ပေါင် ၁၉ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီး အဲဒီကတည်းက မန်ယူအသင်းရဲ့ ပထမဦး စားပေး ဂိုးသမားဖြစ်လာခဲ့တာပါ။

Read more

ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်သုံးဦးစာရင်းများ ထွက်ပေါ်လာ

၂၀၂၂ ခုနှစ် ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်ဆန်ခါတင်စာရင်းများ ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ အမျိုးသားဆုအတွက် မက်ဆီ၊ အမ်ဘာပေနှင့် ဘန်ဇီမာတို့ ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး အမျိုးသမီးဆုအတွက် ဆန်ခါတင်စာရင်း၌ ဘတ်ခ်ျမီဒ်၊ ပျူတဲလက်စ်နှင့် အဲလက်မော်ဂန်တို့ရွေးချယ်ခံခဲ့ရကြောင်း သတင်းများအရ သိရှိခဲ့ရသည်။

Read more

ကမ္ဘာ့အမြန်ဆုံး အားသွင်းနှုန်းပါတဲ့ realme GT Neo 5 ကို ကြေညာပြီ

တရုတ်မှာ realme GT Neo 5 ကို ကြေညာလိုက်ပြီး ကမ္ဘာ့အမြန်ဆုံး အားသွင်းနှုန်း ပါလာပါတယ်။ အနောက်ဘက်မှာ အထဲကို ဖောက်ထွင်းမြင်ရတဲ့ Window ၁ ခု ထည့်သွင်းထားပြီး ကင်မရာတွေရဲ့ ညာဘက်မှာ LED Lighting ပါလာပါတယ်။ ဖောက်ထွင်းမြင်ရတဲ့ Window ကနေ စွမ်းရည်မြင့် Chipset ကို ကြည့်နိုင်ပြီး LED Lighting ဟာ အရောင် ၂၅ မျိုး ပြသနိုင်ပါတယ်။

Read more

TikTok ကို အမေရိကန်က ကျောင်းတွေမှာ Ban လို့ ကျောင်းသားနဲ့ ပါမောက္ခတွေ ဆန္ဒပြ

TikTok ကို အမေရိကန် အစိုးရက ထုတ်ပေးထားတဲ့ Device တွေမှာ ပိတ်ပင်မှုကို ပြည်နယ် ၂၅ ခုကျော်မှာ မကြာခင်က ပြုလုပ်ခဲ့ပါတယ်။ အခုတော့ အစိုးရကျောင်းတွေမှာပါ ပိတ်ပင်မှုတွေ ပြုလုပ်လိုက်တဲ့အတွက် ဆန္ဒပြမှုတွေ ရှိလာပါတယ်။

Read more