မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားသော်လည်း ကုန်သွယ်မှုလုပ်ငန်းများ လည်ပတ်နေဆဲဟုဆို

၂၀၂၀ မတ်လမှ စတင်ကာ ကိုဗစ်ကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားသော်လည်း ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နေကြောင်း ကလေး-တမူးနယ်စပ်ကုန်သွယ်ရေးကုန်သည်များ အသင်းမှ သိရသည်။

“အိန္ဒိယဘက်ကတော့ ခုချိန်ထိ ပိတ်ထားတုန်း။ လက်ရှိကုန်သွယ်မှုကတော့ ရှိပါတယ်။ ကွမ်းသီး အစရှိတဲ့ကုန်တွေကိုတော့ ပို့နေကြတာပဲ”ဟု ကလေး-တမူးနယ်စပ်ကုန်သွယ်ရေးကုန်သည်များ အသင်းမှ ဥက္ကဋ္ဌ ဦးလှမောင်က ပြောသည်။

Read more

အမေရိကနှင့် တင်းမာမှုမြင့်တက်လာချိန် ရုရှားသို့ တရုတ်၏ ထိပ်တန်းသံတမန်သွားရောက်မည်

တရုတ်ထိပ်တန်း သံတမန် ဝမ်ယိသည် ယခုလအတွင်း ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယူကရိန်းအရေးအခင်း စတင်ပြီးနောက် တရုတ်အရာရှိတစ်ဦးက ရုရှားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့်လက တရုတ်သမ္မတရှီ၏ ထိပ်တန်း နိုင်ငံရေးခြားရေးမူဝါဒ အကြံပေးအဖြစ် ခန့်အပ်ခံခဲ့ရသူ နိုင်ငံခြားရေးဝန်ကြီးဟောင်းဝမ်ယိသည် အင်္ဂါနေ့(မနေ့)က စတင်ခဲ့သော ရှစ်ရက်ကြာ နိုင်ငံတကာခရီးစဉ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

Read more

ကင်ဂျုံအန်းသမီးနှင့် အမည်တူသူများ နာမည်ပြောင်းရန် မြောက်ကိုရီးယား တာဝန်ရှိသူများ ဖိအားပေးနေဟုဆို

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း၏သမီး ကင်မ်ဂျူအေးနှင့် နာမည်ချင်းတူနေသူများကို အခြား နာမည်များပြောင်းကြရန် မြောက်ကိုရီးယား အာဏာပိုင်များက ဖိအာပေးနေကြောင်းသည်ဖောက်စ်သတင်းဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင် ရေးသားတင်ပြထားသည်။

ကင်းဂျုံအန်း၏ သမီးဖြစ်သူနှင့်အမည်ချင်းတူသူများကို အမည်ပြောင်းရန် မြောက်ကိုရီးယားတာဝန်ရှိသူများက ဖိအားပေးနေမူသည် ကင်မ်ဂျူအေးနှင့်ပတ်သက်၍ လျှို့ဝှက်ချက်များဖန်တီးရန် ကြိုးစားမှုတစ်ရပ်ဖြစ်ကြောင်း ဆောက်သ်ချိုင်းနားမောနင်းပို့စ်သတင်းစာ၏ အဆိုအရသိရသည်။

Read more

ရုရှားက ယူကရိန်းမှာ ထိုးစစ်သစ်စတင်နေပြီလို့ နေတိုးအကြီးအကဲ ပြောကြား

မော်စကိုရဲ့ ကျူးကျော်မှု နှစ်ပတ်လည်နေ့ မတိုင်ခင် ရက်အနည်းငယ်အလိုမှာ ရုရှားက ထိုးစစ်သစ် စတင်နေပြီဖြစ်ကြောင်း ယူကရိန်းအရာရှိတွေရဲ့ပြောကြားမှုတွေကို နေတိုးအဖွဲ့ အကြီးအကဲ က ထောက်ခံလိုက်ပြီး ယူကရိန်း အရှေ့ပိုင်း ဘက်မွတ်မြို့က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ်။

ဘက်မွတ်မြို့ကို သိမ်းပိုက်ရေးက သမ္မတ ဗလာဒီမာပူတင်ရဲ့ အဓိက ရည်မှန်းချက်တစ်ခုဖြစ်ပြီး သိမ်းပိုက်နိုင်ခဲ့ရင် ဒိုနက်စ်ဒေသမှာ ရုရှားတို့အတွက် ခြေကုပ်နေရာသစ် တစ်ခုဖြစ်လာမယ်လို့ ဆိုပါတယ်။

Read more

နယူးဇီလန်တွင် မုန်တိုင်းကြောင့် အရေးပေါ်အခြေအနေကြေညာ

ဝဲလင်တန်၊ဖေဖော်ဝါရီ ၁၄

ဆိုင်ကလုန်းမုန်တိုင်း ဂါဘရီလီကြောင့် နူးဇီလန်နိုင်ငံ၌အင်္ဂါနေ့တွင် နိုင်ငံလုံးဆိုင်ရာအရေးပေါ်အခြေနေ ကြေငြာခဲ့ရသည်။ အဆိုပါမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ကာ လူပေါင်းတစ်သိန်းကျော်လည်း လျှပ်စစ်မီးမရကြကြောင်းသိရသည်။

နိုင်ငံ၏လူနေထူထပ်ရာ မြောက်ပိုင်းဒေသများ၌ လေပြင်းများတိုက်ခတ်ကာမိုးသည်းထန်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး မကြုံဖူးသောအခြေမျိုးဖြစ်သည်ဟုလည်းဆိုကြသည်။နူးဇီလန်အတွက် ယခုတစ်ကြိမ်သည်သုံးကြိမ်မြောက်အနေဖြင့် နိုင်ငံအားအရေးပေါ်အခြေနေကြေငြာခဲ့ရခြင်းဖြစ်ပြီး ရှေ့နှစ်ကြိမ်မှာ Christchurch တိုက်ခိုက်မှုနှင့် ကိုဗစ်ကြောင့် အရေးပေါ်အခြေနေကြေငြာခဲ့ခြင်းဖြစ်သည်။

Read more

ဖီးနစ်အိုးပင်း ဂေါ့ဖ်ပြိုင်ပွဲတွင် စကော့တီရှက်ဖလာ နှစ်နှစ်ဆက်အနိုင်ရပြီး ကမ္ဘာ့အဆင့် ၁ နေရာ ပြန်လည် လွှဲပြောင်းရယူ

PGA Tour ပွဲစဉ်တစ်ခုဖြစ်သည့် ဖီးနစ်အိုးပင်းဂေါ့ဖ်ပြိုင်ပွဲတွင် အမေရိကန်ကစားသမား စကော့တီရှက်ဖလာ နှစ်နှစ်ဆက် အနိုင်ရပြီး ကမ္ဘာ့အဆင့် ၁ နေရာကိုပါ ပြန်လည်လွှဲပြောင်းရယူနိုင်ခဲ့ကြောင်း သိရသည်။

ဖီးနစ်အိုးပင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်အထိ အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ စကော့ဒေးလ်မြို့ရှိ TPC Scottsdale ဂေါ့ဖ်ကွင်း၌ ကျင်းပခဲ့ပြီး စကော့တီရှက်ဖလာက ဒုတိယနေရာမှ ကစားသမားထက် လျှော့ရိုက်ချက် နှစ်ချက်အသာဖြင့် ဗိုလ်စွဲခဲ့သည်။

Read more

ဒိုင်များ၏ တောင်းပန်မှုထက် ဆုံးရှုံးခဲ့ရသည့် ရမှတ် ၂ မှတ်သာပြန်လိုချင်ဟု အာဆင်နယ်နည်းပြ ပြော

ဒိုင်တွေရဲ့ တောင်းပန်စာထက်စာရင် ဆုံးရှုံးသွားခဲ့ရတဲ့ ရမှတ်နှစ်မှတ်သာပြန်လိုချင်တယ်လို့ အာဆင်နယ် နည်းပြအာတေတာက ပြောသွားပါတယ်။

အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ လူကျွံနေတဲ့ အခြေအနေမှာ ဂိုးပေးလိုက်ရတာကြောင့် တစ်ဂိုးစီသရေကျခဲ့ပြီး ရမှတ်နှစ်မှတ်နစ်နာခဲ့ရတာပါ။

အဲဒီအပေါ် PGMOL လို့ ခေါ်တဲ့ ဒိုင်လူကြီးအဖွဲ့က အာဆင်နယ်အသင်းကို တရားဝင်တောင်းပန်ခဲ့ပေမဲ့ နည်းပြအာတေတာဘက်ကတော့ ကျေနပ်မှုမရှိခဲ့တာဖြစ်ပါတယ်။

Read more

ဖို့ဒ်ကုမ္ပဏီက လျှပ်စစ်ကားဘက်ထရီစက်ရုံသစ် တည်ဆောက်မည်

ဖို့ဒ်မော်တာကားကုမ္ပဏီဟာ မီချီဂန်ပြည်နယ်မှာ လျှပ်စစ်ကားဘတ္ထရီစက်ရုံတစ်ခုကို အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ အကုန်ကျခံပြီး တည်ဆောက်သွားမယ်လို့ တနင်္လာနေ့က ထုတ်ပြန်ပါတယ်။ ဒီစက်ရုံဟာရှိပြီးသား လျှပ်စစ်ကားတွေနဲ့ နောက်ထွက်မယ့် လျှပ်စစ်ကားအမျိုးအမျိုးအတွက် ကုန်ကျစရိတ်သက်သက်သာသာနဲ့ ဘတ္ထရီတွေကို ထုတ်လုပ်ပေးမှာဖြစ်ပြီး လူပေါင်း ၂၅၀၀ လောက်ကိုလည်း အလုပ်အကိုင်ပေးနိုင်မှာဖြစ်ပါတယ်။

Read more

ညောင်လေးပင်ဘူတာရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သားသုံးဦး သေဆုံးကာ ကိုးဦးခန့်ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်ပိုင်းက ညောင်လေးပင်ဘူတာရုံစင်္ကြန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားသုံးဦး သေဆုံးကာ အရပ်သား ကိုးဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

Read more

ဝရိန်ကျွမ်းကျင် မြန်မာလုပ်သား ၅၀၀ ဦး ကိုရီးယားနိုင်ငံသို့ စေလွှတ်မည်ဟုဆို

မြန်မာနိုင်ငံမှဝရိန်ကျွမ်းကျင်လုပ်သား ၅၀၀ ဦးကို ကိုရီးယားနိုင်ငံသို့တရားဝင်စေလွှတ်ခွင့်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိပြည်ပအလုပ်အကိုင်ရှာဖွေရေး ပုဂ္ဂလိကအေဂျင်စီတစ်ခုထံမှသိရသည်။

အဆိုပါမြန်မာလုပ်သား ၅၀၀ ဦးကို ပြည်တွင်းရှိပုဂ္ဂလိကအေဂျင်စီလေးခုက လုပ်သားစုဆောင်း၍ ကိုရီးယားနိုင်ငံ သင်္ဘောကျင်းလုပ်ငန်းတွင်လုပ်ကိုင်ရန် တရားဝင်စေလွှတ်သွားမည်ဖြစ်ကြောင်း ယင်းပုဂ္ဂလိကအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဟုတ်ပါတယ်။ ဝရိန်ကျွမ်းကျင်နဲ့ခေါ်တာပါ။ လောလောဆယ်တော့ လုပ်သားစုဆောင်းနေတုန်းပါပဲ” ဟု အဆိုပါပုဂ္ဂလိကအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Read more