ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအား လူဦးရေအကန့်အသတ်မရှိ လက်ခံမည်ဟုဆို

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ဖြေဆိုရန်လျှောက်လွှာတင်ခြင်းကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ပြီး ယခုနှစ်တွင် လူဦးရေအကန့်အသတ်မရှိ လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) ထံမှ သိရသည်။

အဆိုပါစာမေးပွဲကို ရန်ကုန်နှင့်မန္တလေးမြို့များ၌ ဇူလိုင် ၂ ရက်တွင်ကျင်းပသွားမည်ဖြစ်ပြီး စားမေးပွဲ လျှောက်လွှာ တင်ခြင်းအား လာမည့်ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ Level အလိုက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။

Read more

ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၆၀၀ ကျော်အတွက် အလုပ်ကမ်းလှမ်း

ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၆၀၀ ကျော်အတွက် အလုပ်ကမ်းလှမ်းထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ (ဖေဖော်ဝါရီ ၁၅) ရက်တွင် အသိပေးလာသည်။

ဂျပန်နိုင်ငံမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ အတွင်းပေးပို့ထားသည့် အလုပ်ကမ်းလှမ်းစာ (၂၄၆)ခုဖြင့် မြန်မာလုပ်သား (၆၀၀) ကျော်ကို အလုပ်ကမ်းလှမ်းထားခြင်းဖြစ်ပြီး ခေါ်ယူသည့် ကုမ္ပဏီများ၏ အချက်အလက်များအား စစ်ဆေးပြီးဖြစ်သည်ဟု ဆိုသည်။

Read more

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နယ်မြေကွင်းဆင်းညှိနှိုင်းဆောင်ရွက်

မိုင်းယန်း ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ လောက်ကျန့်ကျေးရွာ ၏ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များကို ပါတီအရံဗဟိုကော်မတီဝင် ဦးစိုင်းလှိုင်ခမ်း ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုင်းဆမ်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစိုင်းမွန်း တို့မှ ကျေးရွာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုပြီး လိုအပ်ချက်များ အား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Read more

တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်လုပ်ငန်းညှိနှိင်းအစည်းအဝေးကျင်းပ

တပ်ကုန်း ဖေဖော်ဝါရီ ၁၄

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လုပ်ငန်းညှိနှိင်းအစည်းအဝေးပွဲကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ပါတီဗဟိုကော်မတီဝင်. တပ်ကုန်းမြို့နယ်တာဝန်ခံ.ဦးကျော်ကျော်လတ် ဥတ္တရခရိုင် ပါတီဥက္ကဌ ဦးဝင်းဘို နှင့် ဥတ္တရခရိုင်ပါတီ အတွင်းရေးမှူးဦးခင်မောင်မိုး မြို့နယ်ပါတီ နာယကကြီး ဦးစု မြို့နယ်ပါတီ ဥက္ကဌ ဦးဇော်မျိုးသိန်းနှင့် မြိုနယ်ပါတီကော်မတီဝင်များစုံညီစွာ တက်ရောက်ခဲ့ကြပြီး.. ပါတီဝင်စိစစ်ရေးပြီးစီးမှု အခြေနေများ အမာခံပါတီဝင်ရွေးချယ်သတ်မှတ်ရေးလုပ်ငန်းအတွက် နယ်မြေကွင်းဆင်း ဆောင်ရွက်ရန် နှင့် လုံခြုံရေးအခြေနေများ  မြို့နယ် ဖွဲစည်းပုံကျစ်လစ်ခိုင်မာရေးနှင့် ပါတီလုပ်ငန်းအောင်မြင်ရေး …ကိစ္စ ရပ်များ ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ခဲ့ကြပါသည်။

Read more

ပါတီဝင်အဖြစ် ကိုယ်တိုင်လာရောက်လျှောက်ထား

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၅

(၁၅_၂_၂၀၂၃)နေ့နံနက်(၁၀:၀၀)နာရီတွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၅)တွင် နေထိုင်သူ ဦးစိုင်းရွက်ကျောက် (အထက်တန်းပြ/ငြိမ်း)မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အပေါ် စိတ်ပါဝင်စားနှစ်သက်သဖြင့် မိမိ သဘောဆန္ဒ အလျောက် ပါတီဝင်အဖြစ် မြို့နယ်ရုံးသို့ လူကိုယ်တိုင်လာရောက်လျှောက်ထား ဝင်ရောက်ခြင်းကို မြို့နယ်ပါတီဥက္ကဌ ဦးအောင်ကျော်မြင့် နှင့် မြို့နယ်ရုံးအုပ်ကြီး ဦးထွန်းရင် တို့မှ လက်ခံပြုလုပ်ပေးခဲ့ကြောင်း သိရှိပါသည်။

Read more

ပြည်ခိုင်ဖြိုးအသင်းကာလတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ဝါရင့် သက်ကြီးပုဂ္ဂိုလ်များအား ဂါဝရပြု တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ကျောက်ဆည်     ဖေဖော်ဝါရီ ၁၄

(၁၄-၂-၂၀၂၃)ရက်နေ့ (၀၉:၀၀) မှ (၁၁:၁၅) အချိန်ထိ ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြည်ခိုင်ဖြိုးအသင်းကာလက တာဝန်ထမ်းဆောင်ခဲ့သော သက်ကြီး စည်းရုံးရေးမှူးများနှင့် အမှုဆောင်များ၊ ပြည်ခိုင်ဖြိုးပါတီကာလ တာဝန်ထမ်းဆောင်ခဲ့ကြသော ဝါရင့်ပါတီဝင်များအား ဂါဝရပြု‌ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကော်မတီဝင် မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးမှူး ဒေါ်သီဂ်အောင်၊ ကျောက်ဆည် ခရိုင်ပါတီ ဥက္ကဌဦးအောင်မြင့်သန်း၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့် ကော်မတီဝင်များ မှ ဝါရင့်အသင်းဝင်များ (၄၀) ဦးအား ဂါဝရပြုခဲ့ကြပြီး၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာကော်မတီဝင်များ  စုစုပေါင်း (၅၆)ဦး တက်ရောက်ခဲ့ ကြပါသည်။

Read more

နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ကော်မတီ အစည်းအဝေးကျင်းပ

 

ပေါင်းတည် ဖေဖော်ဝါရီ ၁၂

နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီအဖွဲ့ အစည်းအဝေးကို ပေါင်းတည်မြို့နယ်၊ မြို့နယ်ပါတီရုံးတွင် ကျင်းပရာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းခိုင် နှင့်မြို့နယ်ကော်မတီဝင်များ တက်ရောက်ကြောင်း သိရှိရပါသည်။


Read more

ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်၍ အလှူငွေလှူဒါန်း

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ကျိုင်းတုံတက္ကသိုလ်၏ (၁၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားသို့  မြို့မိမြို့ဖများနှင့်အတူ  ပြည်နယ်ဘဏ္ဍာရေးမှူး ဒေါ်နန်းနော် နှင့် အတူ ပြည်နယ်စည်းရုံးရေး တာဝန်ခံ ဦးစိုင်းဟွမ်နွဲတို့မှ တက်ရောက်ချီးမြင့်ခဲ့ကြပြီး  ဘဏ္ဍာရေးမှူး ဒေါ်နန်းနော် နှင့် စည်းရုံးရေးတာ၀န်ခံ ဦးစိုင်းဟွမ်နွဲ တို့မှ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ်ထံသို့  အလှူငွေများ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။

Read more

လူမှုထူးချွန်ဆုဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရယူ

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၂

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့တွင်လူမှုရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုအတွက်ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ       (ရှမ်းအရှေ့)မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်စည်းရုံးရေးတာဝန်ခံ ဦးစိုင်းဟွမ်နွဲ အား လူမှုထူးချွန်ဂုဏ်ပြုမှတ်တမ်းလွှာကို ဂုဏ်ပြုပေးအပ်ခဲ့သည်။


Read more

လျှပ်စစ်ကားအတွက် အားသွင်းစက်များ ဒုတိယအကြိမ်ထပ်မံရောက်ရှိ

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် EV Charger 60KW ငါးစုံသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒုတိယအကြိမ်ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဒုတိယအကြိမ်အဖြစ် N.P.K Motors ကုမ္ပဏီလီမိတက်မှ ဒုတိယအကြိမ်ထပ်မံတင်သွင်းခြင်းဖြစ်သည်။

Read more