ဖုန်းအားသွင်းရာမှာ ရှောင်ကြဉ်သင့်တဲ့ နည်း ၃မျိုး

အိန္ဒိယက နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက် ရေးသားထားတဲ့ ဖုန်းအားသွင်းရာမှာ ရှောင်ကြဉ်သင့်တဲ့ နည်း ၃ မျိုးကို ဖော်ပြလိုက်ပါတယ်။ နံပါတ် တစ်ကတော့ ဖုန်းကာဗာများနဲ့ အားသွင်းတာကို ရှောင်ကြဉ်ရပါမယ်။ အရည်အသွေးညံ့ဖျင်းပြီး ဒီဇိုင်းဆိုးရွားတဲ့ ကာဗာတွေက ဖုန်းဘက်ထရီကို ပိုပြီး ပူစေသလိုအားသွင်းတဲ့ အရာတွေကိုလည်း တဖြည်းဖြည်း ပျက်စီးစေပါတယ်။ နံပါတ် နှစ်ကတော့ နေ့စဉ်တိုင်း fast charger ကို သုံးတာ ရှောင်ရပါမယ်။ ဘက်ထရီရဲ့ စွမ်းဆောင်နိုင်စွမ်းကို တဖြည်းဖြည်း ကျဆင်းနိုင်စေလို့ပါ။ နံပါတ် သုံးကတော့ ဖုန်းဘက်ထရီကို ၅ ရာခိုင်နှုန်းအောက် သုံးပြီးမှ အားသွင်းတာကို ရှောင်ရပါမယ်။ ဖုန်းကို အမြဲတမ်း ၅ရာခိုင်နှုန်းပဲကျန်အောင် သုံးပြီး မှအားသွင်းမယ်ဆိုရင် ဘက်ထရီကို ပိုပြီး ဖိအားပေးရာရောက်ပါမယ်။

Read more

အာဆင်နယ်ကို ဂိုးပြတ်အနိုင်ယူပြီး ဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့တဲ့မန်စီးတီး

လက်ရှိပရီးမီးယားလိဂ်‌ ဘောလုံးရာသီအမှတ်ပေးဇယားရဲ့အဆင့် ၁ နေရာကို အချိန်ကြာမြင့်စွာ ဦးဆောင်ထားတဲ့ အာဆင်နယ်အသင်းကို မန်စီးတီးအသင်းက အနိုင်ရခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းကို အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ၁ ဂိုး ၃ ဂိုး ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Read more

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိမ်ရှင်ဖြစ်သည့် အမေရိက၊ မက္ကဆီကိုနှင့် ကနေဒါတို့ ခြေစစ်ပွဲ ကန်ဖို့မလို

မက္ကဆီကို၊ ကနေဒါနှင့် အမေရိကန် အမျိုးသား လက်ရွေးစင်ဘောလုံးအသင်းများသည် ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အလိုအလျောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ဖီဖာ ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့သည်။ အဆိုပါသုံးနိုင်ငံစလုံးသည် မြောက်အမေရိက၌ ၂၀၂၆ ကမ္ဘာ့ဖလားကျင်းပရန်အတွက် ဖီဖာက ရွေးချယ်ရာတွင် အိမ်ရှင်နိုင်ငံများအဖြစ် ပူးတွဲရွေးချယ်ခံခဲ့ရသည်။

ထို့ကြောင့် ဖီဖာ၏ အစဉ်အလာအရ အိမ်ရှင်နိုင်ငံများသည် ခြေစစ်ပွဲများ ကန်စရာမလိုဘဲ ကမ္ဘာ့ဖလားတွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

Read more

ထိုင်း တောဝက်ဘောလုံးအသင်းက လူငယ်ဘောလုံးသမား ဒွန် ဗြိတိန်မှာ သေဆုံး

ထမ်လုံခွန်နမ့်ဂူထဲကနေ ကယ်တင်နိုင်ခဲ့တဲ့ ထိုင်းလူငယ် ၁၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ တောဝက်ဘောလုံးအသင်း ခေါင်းဆောင်ဟာ ဗြိတိန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ပရွမ်သက်လို့ အမည်ရတဲ့ လူငယ်ဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက အသက် ၁၇ နှစ်ပြည့်ချိန်မှာ လက်စတာရှိုင်းယားစီရင်စုအခြေစိုက် ဘရွန်ဟောက်စ်ကောလိပ် ဘောလုံးအကယ်ဒမီကို တက်ရောက်ခွင့် ရခဲ့တာပါ။

Read more

ဝူဟန်မှာ တရုတ်အငြိမ်းစားတွေ ဆန္ဒပြ

တရုတ်ပြည်က သက်ကြီးပိုင်းတွေရဲ့ ကျန်းမာရေး ခံစားခွင့်တွေ ဖြတ်တောက်ခံရလို့ ဒုတိယအကြိမ် ဆန္ဒပြကြပါတယ်။ ဝူဟန်နဲ့ နိုင်ငံမြောက်ပိုင်း တာ့လျန်းက အငြိမ်းစားတွေ စုဝေးခဲ့ကြတာပါ။ သူတို့ ကျန်းမာရေး စရိတ်အတွက် ဒေသန္တရအစိုးရဆီက လစဉ်ထောက်ပံ့ငွေတွေ အများကြီး အဖြတ်ခံရတဲ့အတွက် အငြိမ်းစားတွေ ဒေါသထွက်ခဲ့ကြပါတယ်။ ငွေကုန်ကြေးကျများတဲ့ ကိုဗစ် လုံးဝ မရှိစေရမူကို သုံးနှစ်ကြာအောင် ထိန်းထားခဲ့ရပြီးနောက် ဒေသဆိုင်ရာ ရန်ပုံငွေတွေ ပြတ်တောက်ကုန်ပုံရပါတယ်။ ဒီစုမိတဲ့ငွေတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပိုကောင်းအောင် သုံးမယ်လို့ပဲ တရုတ်အစိုးရက ပြောကြားပါတယ်။ -Ref:BBC

Read more

ယူကရိန်းအတွက် ကုလ အလှူခံ

ယူကရိန်းက လူ ၁၁ သန်းကျော်အတွက် ကျန်းမာရေး၊ နေအိမ်နဲ့ အစားအသောက် အကူအညီတွေ အပူတပြင်း လိုအပ်နေကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ ရုရှားနဲ့ စစ်ဖြစ်တာ ဒုတိယနှစ်ထဲ ဝင်လာချိန်မှာ ကုလသမဂ္ဂ လူမှုကူညီရေးအဖွဲ့နဲ့ ဒုက္ခသည်များ မဟာမင်းကြီးရုံးတို့အတွက် အကူအညီပေးဖို့ တောင်းခံခဲ့တာ ဖြစ်ပါတယ်။ ပိုလန်နဲ့ ရိုမေးနီးယားလို အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးနေရတဲ့ ယူကရိန်း လေးသန်းကျော်ကို ထောက်ပံ့ပေးဖို့လည်း ငွေလိုနေပါတယ်။ စစ်ကြောင့် ဖြစ်တဲ့ အသေအပျောက်၊ ပျက်စီးမှုနဲ့ အခြေပျက်မှုမှာ ထိတ်လန့်စရာကောင်းအောင် ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ ဖိလစ်ပို ဂရန်ဒီက ဆိုပါတယ်။

Read more

တုကီယေး-ဆီးရီးယားငလျင် သေဆုံးသူ ၄၀,၀၀၀ ကျော်လာပြီဖြစ်

ကုလက ဆီးရီးယားနယ်စပ်ဖြတ်‌ကျော်ကာ ကယ်ဆယ်ရေးပစ္စည်းများစတင်ပို့ဆောင်စဉ် တုကီ‌ယေးနှင့်ဆီးရီးယား၌ ငလျင်ကြောင့်သေဆုံးနှုန်းသည် ၄၀,၀၀၀ ကျော်အထိတက်လာပြီဖြစ်ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဒီလို ကြီးမား ပြီးအဆိုးရွားဆုံး သဘာဝဘေးခံစားနေခဲ့ရသူတွေအတွက် လူတွေဖြေရှင်းပေးလို့ရတဲ့ အသေးအဖွဲ့ ပြဿနာတွေဖြစ်တဲ့ ထောက်ပံ့ပစ္စည်း၊ရန်ပုံ‌ငွေနဲ့လက်လှမ်းမမီမှု စတာတွေကြောင့် ထပ်ပြီး ထိခိုက်မှာမျိုး ကိုမလိုလားပါဘူး” ဟု ကုလအတွင်းရေးမှူးချုပ် မစ္စတာဂူတာရက်စ်ကပြောကြားခဲ့သည်။

Read more

မြန်မာနိုင်ငံတွင် ကြက်သွန်နီနှစ်စဉ်တန်ချိန် တစ်သန်းကျော်ထွက်ပြီး ပြည်ပဈေးကွက်သို့ တိုးချဲ့တင်ပို့ရန်စီစဉ်

မြန်မာနိုင်ငံတွင် ကြက်သွန်နီစိုက်ဧက ၁ ဒသမ ၇ သိန်းကျော်ရှိပြီး နှစ်စဉ်တန်ချိန် တစ်သန်းကျော် ထွက်ရှိသည့် အတွက် ပြည်ပဈေးကွက်သစ်များသို့ တိုးချဲ့တင်ပို့ရန်စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ-၁ ၌ကျင်းပသည့် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more

ရှမ်းပြည်နယ်တွင် နှစ်ရက်ဆက်တိုက် ငလျင်လှုပ်ခတ် ယနေ့နံနက်ပိုင်းတွင်လည်း မိုင်းပြင်းမြို့အား ဗဟိုပြု၍ ငလျင်လှုပ်သွား

ရှမ်းပြည်နယ်တွင် နှစ်ရပ်ဆက်တိုက် မြေငလျင်များလှုပ်ခတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်(ယနေ့) နံနက်ပိုင်းကလည်း မိုင်းပြင်းမြို့အားဗဟိုပြု၍ အင်အား အနည်းငယ်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ယနေ့နံနက် ၇ နာရီ ၃၀ မိနစ် ၁၆ စက္ကန့်က မိုင်းပြင်းမြို့၏ အရှေ့မြောက်ဘက်(၁၈)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၁ ဒသမ ၄၈)ဒီဂရီ၊အရှေ့ လောင်ဂျီတွဒ် (၉၉ ဒသမ ၂၆)ဒီဂရီ၊အနက်(၁၀) ကီလိုမီတာအားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလကထုတ်ပြန်ခဲ့သည်။

Read more