ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်း နှင့် တိုင်းပါတီကော်မတီဝင်များ ဝါရင့်ပါတီဝင်များနှင့် တွေ့ဆုံ
၂၀၂၃ဖေဖေါ်ဝါရီ ၁၆ ၊ ပြည်မြို့
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်မြို့နယ်အတွင်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း မှ စတင်၍ ပါတီအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဝါရင့်ပါတီဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့ နေ့လည် ၂ နာရီက ကျင်းပရာ တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် တိုင်းပါတီ ကော်မတီဝင်များ တက်ရောက်၍ ဝါရင့်ပါတီဝင်များနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြပါသည်။
Read more