လှည်းကူးခရိုင် ၊ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးနယ်မြေ (၁) ဖောင်ကြီးတိုက်နယ် သို့ ရွေးကောက်ပွဲအောင်နိုင်ရေး ကွင်းဆင်း

လှည်းကူး ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးခရိုင် ၊ ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဌ ဦးအောင်မျိုးနိုင် ၏ ညွှန်ကြားမှု၊ ခရိုင်အတွင်းရေးမှူး ဦးသန်းဇော် ၏ အနီးကပ်ကြီးကြပ်မှု တို့ဖြင့် ခရိုင်နယ်မြေ တာဝန်ခံ ဦးမင်းနိုင်ဦး၊ မြို့နယ်ကော်မတီဝင် ဦးသန်းထွန်း၊ ဦးမင်းမင်းစိုး တို့မှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် နယ်မြေ(၁) ဖောင်ကြီးတိုက်နယ် သို့ စည်းရုံးရေးနှင့် ရပ်ကျေးပါတီကော်မတီဝင်များ ပါတီအောင်နိုင်ရေးလုပ်ငန်းစဉ် သိရှိ ဆောင်ရွက်နိုင်ရေး အတွက် ကွင်းဆင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Read more

လီဆူယဉ်ကျေးမှုအကအဖွဲ့အားဂုဏ်ပြု လက်ဆောင်များပေးအပ်

နမ္မတူ ဖေဖော်ဝါရီ ၂၀

လီဆူစာပေ (၁၀၆) နှစ်ပြည့်အထိမ်းအမှတ်ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်-နမ္မတူမြို့နယ်လီဆူစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ လူငယ်မောင်မယ်များမှ ရှမ်း(မြောက်)နမ္မတူ ပြည်ခိုင်ဖြိုးရုံးသို့ လာရောက်၍ ချစ်ခင်ရင်းနှီးစွာ အကပဒေသာ များဖြင့် ကပြဖျော်ဖြေခဲ့ရာ ပါတီတာဝန်ရှိသူများကနွေးထွေးစွာကြိုဆို၍ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပါသည်။


Read more

ပါတီ၏ဗဟိုအလုပ်အမှုဆောင် တောင်ငူခရိုင်နှင့်ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်ပါတီရုံးများသို့ သွားရောက် ကွင်းဆင်းတွေ့ဆုံ

ပဲခူး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးပါတီ၏ တိုင်းဒေသကြီး ပါတီဥက္ကဌဦးရဲမြင့်ထွန်းဦးဆောင်သောအဖွဲသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ တောင်ငူခရိုင် အတွင်းရှိ တောင်ငူမြို့နယ် ၊ ဖြူးမြို့နယ်ရှိ မြို့နယ်ပါတီဥက္ကဌများ/ မြို့နယ်ပါတီအတွင်းရေးမှူးများ၊ မြို့နယ် ကော်မတီဝင်များနှင့်တွေ့ဆုံခဲ့သည်။ မွန်းလွဲပိုင်းတွင် ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်တံခါးမြို့နယ်ပါတီရုံးနှင့် ညောင်လေးပင်မြို့နယ်ပါတီရုံးတို့တွင် မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့်မန္တလေးတိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

 (၁၉-၂-၂၀၂၃)ရက်နေ့ (၀၉:၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့်မန္တလေးတိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

အဘိဓဇမဟာရဌဂုရု အင်းစိန်ရွာမဆရာတော်ဘုရားကြီးဘဒန္တတိလောကာဘိဝံသ၏ (၈၄)နှစ်မြောက်မွေးနေ့မင်္ဂလာ ကုသိုလ်တော်အခမ်းအနားအားပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌတက်ရောက်ပူဇော်

ရန်ကုန်၊ဖေဖေါ်ဝါရီ၊၁၉ရက်

ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမကျောင်းတိုက်၊ စိန်ရတုဿသနာဝင်ဗိမာန်ခန်းမတော်ကြီးတွင် ကျင်းပ ပြုလုပ်သောအဘိဓဇမဟာရဌဂုရု အင်းစိန်ရွာမဆရာတော်ဘုရားကြီးဘဒန္တတိလောကာဘိဝံသ၏ (၈၄) နှစ်မြောက် မွေးနေ့မင်္ဂလာကုသိုလ်တော်အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပူဇော်ခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဒုတိယဥက္ကဌ ဦးမျိုးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုးနှင့် ကော်မတီဝင်များ၊ အင်းစိန်ခရိုင်ဥက္ကဌဦးမင်းသူထွန်း တို့တက်ရောက်ခဲ့ကြသည်။

Read more

သီရိပျံချီဆရာတော်ကြီးနှစ်ပါး ဂုဏ်ပြုပူဇော်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌ တက်ရောက်ပူဇော်

ရန်ကုန်၊ဖေဖေါ်ဝါရီ၊၁၈ရက်

ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊မင်းဓမ္မလမ်း၊သီရိမင်္ဂလာမဟာသာသနာ့ဗိမ္မန်တော်တွင် ကျင်းပပူဇော်သော သီရိပျံချီဆရာတော်ကြီး နှစ်ပါး ဂုဏ်ပြုပူဇော်ပွဲ သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဒုတိယဥက္ကဌ ဦးမျိုးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးခင်မောင်စိုးနှင့် တိုင်းကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများ တက်ရောက်ခဲ့ကြသည်။

အဆိုပါဂုဏ်ပြုပူဇော်ပွဲအားအခမ်းအနားအစီအစဉ်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမဦးစွာ ဆရာတော်ကြီးများ ပူဇော်မည့်နေရာသို့ ကြွရောက်တော်မူကြရာဧည့်ပရိတ်သတ်အပေါင်းတို့က လက်စုံမိုး၍ ဦးခိုက်ပူဇော်ကြသည်။

Read more

၃ နှစ်ခန့်ကြာ ပိတ်ထားသည့် တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်

ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားသည်မှာ ၃ နှစ်ခန့်ကြာ မြင့်ခဲ့ပြီး ဖြစ်သည့် ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားအား ဖေဖော်ဝါရီ ၂၀ ရက် (ယနေ့)နံနက်ပိုင်းမှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်နိုင်ရန် မယ်ဆိုင်မြို့ တာဝန် ရှိသူများနှင့် တာချီလိတ်မြို့တာဝန်ရှိသူများ အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက် ယနေ့ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more

၂၀၂၃ သူနာပြု-သားဖွားဒီပလိုမာသင်တန်း ဧပြီတွင်ဖွင့်မည်

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အောက်ရှိ သူနာပြု/သားဖွား/နှီးနွှယ်သင်တန်း ကျောင်းတွေမှာ ၂၀၂၃ ပညာသင်နှစ်အတွက် ဖွင့်လှစ်မယ့် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းနဲ့ ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ် သင်တန်း (ဒုတိယအသုတ်)ကို လာမယ့်ဧပြီလ(၁၈ရက်နေ့မှာ  ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ကျန်းမာရေး၀န်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ကထုတ်ပြန်ပါတယ်။

အဲဒီ သူနာပြု-သားဖွားဒီပလိုမာသင်တန်း ဝင်ခွင့်အတွက်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင် ရမှတ်တွေက (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ)(၃) ဘာသာ ရမှတ်ပေါင်းပေါ် မူတည်ပြီး ရွေးချယ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

Read more

အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် မြောက်ကိုရီးယားက သတိပေးပြီးနောက် တာဝေးပစ်ဒုံးကျည်တစ်စင်းကို ပစ်လွှတ်

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု သတိပေးပြီးနောက် မြောက်ကိုရီးယားသည် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ယနေ့ စနေနေ့တွင် ၎င်း၏ အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့သည်။

ပစ်လွှတ်ပြီး တစ်နာရီကျော်အကြာတွင်မူ ဂျပန်ကမ်းရိုးတန်းစောင့်တပ်က ၎င်းသည် မြောက်ကိုရီးယား၏ အကြီးဆုံး ဒုံးကျည်များအနက်မှ တစ်ခုဖြစ်သည်ဟု ခန့်မှန်းလိုက်သည်။

Read more