နစက ဥက္ကဋ္ဌမှ ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့်ဂျပန်- မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ တို့အား ဂုဏ် ထူးဆောင်ဘွဲ့နှင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်များ ဂုဏ်ပြုချီးမြှင့်

နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့်ဂျပန်-မြန်မာချစ် ကြည်ရေးအသင်း ဥက္ကဋ္ဌတို့အား ဖေဖော်ဝါရီ ၂၀ ရက်က ဂုဏ်ထူးဆောင်ဘွဲ့နှင့်စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်များကို နေပြည်တော်၌ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခဲ့သည်။

နစက ဥက္ကဋ္ဌမှ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့်ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ဂုဏ်ထူးဆောင်တံဆိပ်များကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့က ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။

Read more

ယူကရိန်းစစ်အတွင်း ရုရှားသို့ထောက်ပံ့နေမှုနှင့်ပတ်သက်၍ တရုတ်အားအမေရိကသတိပေး

မြူးနစ်၊ဖေဖော်ဝါရီ ၂၀

ပေကျင်းက မော်စကို အား လက်နက်များထောက်ပံ့လာနိုင်သည့်အပေါ်စိုးရိမ်မကင်းဖြစ်မိကြောင်း ကန်နိုင်ငံခြားရေး ဝန်ကြီးကပြောကြားခဲ့ပြီး တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မီတီ နိုင်ငံခြားရေးမူဝါဒရေးရာအကြီးအကဲ ဝမ်ယိအား မြူးနစ်လုံခြုံရေးညီလာခံ၌တွေ့ဆုံစဉ် သတိပေးစကားဆိုခဲ့ကြောင်းသိရသည်။

ဝါရှင်တန်နှင့်တရုတ်အကြားဆက်ဆံရေးသည် တရုတ်ထောက်လှမ်းရေးမီးပုံးကိစ္စနှင့်ပတ်သက်၍ ပိုမိုတင်းမာ လာခဲ့ပြီး အနောက်အုပ်စုအနေဖြင့် ယူကရိန်းစစ်အပေါ် တရုတ်၏တုံ့ပြန်ပုံအား အနီးကပ်စောင့်ကြည့်နေချိန်တွင် ယခုဖြစ်ရပ်ဖြစ်လာခဲ့ခြင်းလည်းဖြစ်သည်။

Read more

ယူကရိန်းခရီးစဉ်အပြီး ပိုလန်သို့ ဘိုင်ဒင် ရောက်ရှိ

ယူကရိန်းသို့ ရုတ်တရုတ် သွားရောက်လှည့်လည်ခဲ့ပြီးနောက် ဘိုင်ဒင်သည် ယခုအခါ သူ၏ မူလခရီးစဉ်ဖြစ်သော ပိုလန်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။

ဘိုင်ဒင်သည် ဇလန်စကီးနှင့် တွေ့ဆုံမှုအပြီး ဖေဖော်ဝါရီလ ၂၀ ရက် တနင်္လာနေ့ ညနေပိုင်းတွင် ပိုလန်၏ မြို့တော် ဝါဆောသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ပိုလန်တွင် နောက်ထပ်နှစ်ရက် နေသွားရန် စီစဉ်ထားကြောင်း သိရသည်။

Read more

အာဂျင်တီးနားတင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၂ အယ်လ်ကာရက်ဇ် ဗိုလ်စွဲ

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာ့အဆင့် ၂ တင်းနစ်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်က ကမ္ဘာ့အဆင့် ၁၂ တင်းနစ်ကစားသမား ကမ်မရွန်း နော်ရီကို ဖေဖော်ဝါရီ ၁၉ ရက်မှာ အနိုင်ရသွားပါတယ်။ ဒါဟာ စပိန်တင်းနစ်ကစားသမား အယ်လ်ကာရက်ဇ်အတွက် ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံး ရယူနိုင်ခဲ့တဲ့ ချန်ပီယံဆု ဖြစ်လာပါတယ်။

Read more

မန်ယူအသင်းကိုဝယ်ယူရန် ရှိတ်ဂျက်ဆင်နှင့် ဆာဂျင်ရက်ကလစ်ဖ်တို့ အပြိုင်ကြိုးပမ်းနေပြီး မေလဝန်းကျင်မှသာ အရောင်းအဝယ်အပြီးသတ်နိုင်ဖွယ်ရှိဟု သုံးသပ်နေကြ

မန်ယူအသင်းကို ဝယ်ယူရန်အတွက် လက်ရှိအချိန်တွင် ကာတာ၏အကြီးဆုံးဘဏ်ဖြစ်သော QIB ၏ ဥက္ကဋ္ဌဖြစ်သူ ရှိတ်ဂျက်ဆင်ဘင်ဟာမက်အယ်လ်သာနီနှင့် ဗြိတိန်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဆာဂျင်ရက်ကလစ်ဖ်တို့ အပြိုင် ကြိုးပမ်းနေပြီး အစောဆုံးအဖြစ် မေလဝန်းကျင်မှသာ အရောင်းအဝယ်အပြီးသတ်နိုင်ဖွယ်ရှိကြောင်း သိရသည်။

Read more

မော်ရင်ဟိုကို ခေါ်ယူရန် PSG ဒါရိုက်တာ ကမ်းပို့စ် ချဉ်းကပ်

PSG အသင်းဒါရိုက်တာတစ်ဦးဖြစ်သည့် လူးဝစ်ကမ်းပို့စ်သည် ရိုးမားအသင်းနည်းပြ မော်ရင်ဟိုကို ခေါ်ယူရန် တရားဝင်ချဉ်းကပ်မှုများပြုလုပ်ခဲ့သည်။ လက်ရှိအချိန်တွင် PSG အသင်းသည် မျှော်မှန်းထားသလောက် ရလဒ်များ မကောင်းမွန်သဖြင့် နည်းပြအပြောင်းအလဲပြုလုပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

PSG အသင်းသည် ပြင်သစ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရသလို၊ ချန်ပီယံလိဂ်တွင်လည်း ဘိုင်ယန်မြူးနစ်အသင်းကို ပထမအကျော့ပွဲစဉ်တွင် အရေးနိမ့်ထားသဖြင့် အသင်းတာဝန်ရှိသူများက စိတ်ပျက်နေပြီး မော်ရင်ဟိုနှင့် အောင်မြင်မှုများရယူရန် ရည်ရွယ်နေခြင်းဖြစ်သည်။

Read more

ရှမိုက်ကယ်၏ စံချိန်ကို ဒီဂီယာ လိုက်မီ

လက်စတာအသင်းနဲ့ပွဲမှာ ဂိုးမပေးရအောင် လက်စွမ်းပြနိုင်ခဲ့တဲ့ မန်ယူဂိုးသမား ဒီဂီယာဟာ အသင်းရဲ့ ဂန္ထဝင်ဂိုးသမားဖြစ်တဲ့ ရှမိုက်ကယ်ရဲ့ ပေးဂိုးမရှိတဲ့ပွဲ စံချိန်ကိုလိုက်မီသွားခဲ့ပါတယ်။ စပိန်ဂိုးသမား ဒီဂီယာဟာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပွဲပေါင်း ၅၂၁ ပွဲမြောက်မှာ ပေးဂိုးမရှိတဲ့ပွဲ ၁၈၀ ပြည့်အောင် စွမ်းဆောင် နိုင်ခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်ဂိုးသမား ရှမိုက်ကယ်ကတော့ မန်ယူအသင်းနဲ့အတူ လိဂ်ပွဲ ၃၈၆ ပွဲမှာ ပေးဂိုးမရှိတဲ့ပွဲ ၁၈၀ ပြည့်အောင်စွမ်းဆောင်ထားနိုင်ခဲ့တာပါ။

Read more