ဓမ္မစကြာတရားတော်ရွတ်ဖတ်ပူဇော်

မိုးနဲ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အမျိုးသမီးတာဝန်ခံ ဒေါ်ထွေးထွေးလှိုင် ဦးဆောင်သောအမျိုးသမီးအဖွဲ့ဝင် ( ၂၅ ) ဦး တို့သည် မိုးနဲမြို့ ၊ ကတ်နောက်ရပ်ကွက် မဖြူဖြူ ၏ နေအိမ်၌ ဓမ္မစကြာတရားတော်များ ရွတ်ဖတ်ပူဇော် ကုသိုလ်ပြုခဲ့ကြပါသည်။


Read more

တိုင်းရင်းသားလူငယ်များပြည်ခိုင်ဖြိုး ပါတီဝင်အဖြစ်အဆိုပြုလွှာလျှောက်ထား

ကျိုင်းတုံ ဖေဖော်ဝါရီ ၂၀

(၂၀-၂-၂၀၂၃)ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းအုပ်စုမှတိုင်းရင်းသားလူငယ်ခေါင်းဆောင်များဖြစ်ကြသည့် မောင်ရာကျိုး မောင်မောရာစဲ၊ မောင်အားလား မောင်အားနဲ၊ မောင်ချီးထူ(၅)ဦးတို့ မှ နံနက်(၀၉:၃၀)နာရီ အချိန်က ပြည်ခိုင်ဖြိုးပါတီသို့ လာရောက်ကာ ပါတီကိုစိတ်ဝင်စား၍ မြို့နယ်ရုံးသို့ လာရောက်လေ့လာကြရာ မြို့နယ်ပါတီ ဥက္ကဌ ဦးအောင်ကျော်မြင့် နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသမီးရေးရာ တွဲဖက်တာဝန်ခံ (မြို့နယ်ပါတီ အတွင်းရေးမှူး) ဒေါ်စမ်းစမ်းအေးတို့မှ ကြိုဆိုခဲ့ကြပြီး ၎င်းတို့ လူငယ်များမှ ၎င်းတို့ သိလိုသည်များကို ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မြင့်မှ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း ၎င်းနောက် ထိုလူငယ်ခေါင်းဆောင် (၅)ဦး  တို့သည် ပါတီ၏စည်းကမ်း၊ ပါတီ၏မူဝါဒပါတီ၏ ရည်ရွယ်ချက်တို အပေါ်ကြိုက်နှစ်သက်ကြသဖြင့် ပါတီ၀င်သစ် အဖြစ် ပါတီဝင်အဆိုပြုလွှာများ ဖြည့်သွင်းခဲ့ကြကြောင်းသိရပါသည်။

Read more

လူငယ်တွေ့ဆုံပွဲ ပြုလုပ်

မိုင်းပျဥ်း ဖေဖော်ဝါရီ ၂၀

၂၀/၂/၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် လူငယ်တွေ့ဆုံပွဲ ကျင်းပခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အမျိုးသမီးရေးရာတာဝန်ခံ ပြည်နယ်ပါတီကော်မတီဝင်ဒေါ်နန်းဝိုးစိန်၊ မြို့နယ်လူငယ်ရေးရာတာဝန်ခံ ဒေါ်မေနှင်းသက် မြို့နယ်ဥက္ကဌ ဦးစိုင်းလောင်းနှင့် မြို့နယ်ပါတီကော်မတီ၀င်များနှင့် လူငယ်များ တက်ရောက်ခဲ့ကြပြီး လူငယ်များနှင့်အနာဂတ်ဘဝ၊ လူငယ်များဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့် အကြောင်းအရာများ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်

Read more

ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ရာသို့ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းတက်ရောက်

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay Listopadov အား လက်ခံတွေ့ဆုံ

ဖေဖော်ဝါရီ ၂၀၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay Listopadov အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ နံနက် (၁၀)နာရီအချိန်တွင် ပါတီဌာနချုပ်၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

Read more

MNA မှ မန္တလေး – ချင်းမိုင် ခရီးစဉ်ကို ပျံသန်းပြေးဆွဲမည်

မြန်မာအမျိုးသားလေကြောင်းလိုင်းက မန္တလေး-ချင်းမိုင်-မန္တလေး ခရီးစဉ်ကို လာမယ့် မတ်၂ ရက်ကစတင်ပြီး အပတ်စဉ်ကြာသပတေးနေ့တိုင်း တိုက်ရိုက်ပျံသန်း ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ မြန်မာအမျိုးသားလေကြောင်း ကနေ သိရပါတယ်။

Read more

ငွေကျပ်သိန်းပေါင်း ၁၃၉၀ ခန့် လိမ်လည်ထုတ်ယူမှုဖြင့် နိုင်ဂျီးရီးယားနိုင်ငံသားငါးဦးအပါအဝင် ၁၁ ဦးအားဖမ်းဆီး

နိုင်ဂျီးရီးယားနိုင်ငံသားငါးဦးနှင့် မြန်မာနိုင်ငံသားခြောက်ဦးတို့ကို KBZ ဘဏ်အကောင့်ထဲမှ ငွေကျပ်သိန်းပေါင်း ၁၃၉၀ ခန့် လိမ်လည်ထုတ်ယူမှုဖြင့်ဖမ်းဆီးမိကြောင်း နစက က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး၏ KBZ ဘဏ်အကောင့်အတွင်းမှ ငွေကျပ် ၁၀၂၀ သိန်းနှင့် ကမာရွတ်မြို့နယ်တွင်နေထိုင်သူအမျိုးသမီးတစ်ဦး၏ KBZ ဘဏ်အကောင့်အတွင်းမှ ငွေကျပ် ၃၇၀ သိန်းကို အွန်လိုင်းအသုံးပြု၍ လိမ်လည်ခဲ့သည့်အတွက် သင်္ဃန်းကျွန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။

Read more

ပြည်တွင်းဆန်ဈေး ဆက်တိုက်မြင့်တက်

လတ်တလော ပြည်တွင်းဆန်ဈေး ဆက်တိုက် မြင့်တက်လာနေပြီး လက်လီဈေးကွက်တွင် ဆန်တစ်အိတ်ဈေး ယခင်ထက် ကျပ် ၂၀၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်နေကြောင်း သိရသည်။

Read more

ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲအတွက် လျှောက်လွှာအစောင်ရေ ရောင်းချမှု ကန့်သတ်

ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲအတွက် ရန်ကုန်နှင့် မန္တလေးမြို့ရှိ သင်တန်းကျောင်းများအတွက် သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး ၁၅၀ နှုန်းဖြင့်သာ ရောင်းချသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က  JLPT စာမေးပွဲ ကျင်းပရေးကော်မတီမြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်း အသင်း (MAJA) က သတင်းထုတ်ပြန်သည်။

Read more

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကျဆင်းလာသော်လည်း ပြင်ပဈေးကွက်တွင် ဆက်လက် မြင့်တက် နေဆဲဖြစ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်သည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကျဆင်းလာသော်လည်း ပြင်ပ ဈေးကွက်တွင် ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၄၇၀ ကျပ်ဖြစ်ပြီး ယခင်တစ်ပါတ်ထက် ၂၀ ကျပ်ကျဆင်းလာဖြစ်သည်။ အဆိုပါ ရည်ညွှန်းဈေးနှုန်းသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ဖြစ်သည်။

Read more