ခရိုင်နှင့်မြို့နယ်ကော်မတီဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၂

ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌ ဦးဟိန်းမင်းဦး၊ အတွင်းရေးမှုးဒေါ်စပယ်ဝင်းနှင့် ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ်ပါတီဥက္ကဌဦးဝင်းဇော်၊ အတွင်းရေးမှုးဦးသိန်းဆွေနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ခရိုင်ဥက္ကဌဦးဟိန်းမင်းဦးနှင့် မြို့နယ်ဥက္ကဌဦးဝင်းဇော်တိုက ပါတီဗဟိုအထွေထွေအတွင်းရေးမှုး ဦးသောင်းအေး၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခဲ့ကြပြီး ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိင်းဆောင်ရွက်ခဲ့ကြပါသည်။

Read more

တောင်ကိုရီးယားက ၂၀၂၈ ခုနှစ်မှာ 6G ဝန်ဆောင်မှုပေးမယ်လို့ ကြေညာ

လက်ရှိမှာ 5G ရတဲ့ နိုင်ငံများများစားစား မရှိသေးပေမယ့် 6G နည်းပညာကို ဖန်တီးနေကြပါပြီ။ 5G ကို အစောဆုံးရခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါတဲ့ တောင်ကိုရီးယားက 6G ကွန်ရက် ရမယ့် စီမံကိန်းကို ကြေညာလိုက်ပါတယ်။

Read more

မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန်နှင့်အတူ ချက်ရှိုင်းယားစားသောက်ဆိုင်တွင် လက်ရှိမန်ယူအသင်းနည်းပြ တန်ဟက်ဂ် တွေ့ဆုံကာ ညစာအတူစားခဲ့

လက်ရှိ မန်ယူအသင်းနည်းပြ တန်ဟက်ဂ်သည် အသင်း၏ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နှင့် တွေ့ဆုံကာ ချက်ရှိုင်းယားရှိ အီတလီစားသောက်ဆိုင်တစ်ခုတွင် ပြီးခဲ့သည့် တနင်္လာနေ့က ညစာအတူစားခဲ့ကြကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည်။

ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ်သည် ယခုရာသီတွင် မန်ယူအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီမှာပင် အသင်းကို ချန်ပီယံဆုများ စိန်ခေါ် နိုင်အောင် စွမ်းဆောင်ပေးထားသူဖြစ်သည်။

Read more

ရေသန့်ဘူးရောင်းရတဲ့ ဘဝကနေ ဥရောပရဲ့ထိပ်တန်းတိုက်စစ်မှူး ဖြစ်လာသူ အိုဆီမန်

သူ့ငယ်ငယ်လေးကတည်းက သူ့အမေ ဆုံးသွားတယ်။ သူ့အမေ ဆုံးပြီး နောက် ၃ လကြာတော့ သူ့အဖေ အလုပ်ပြုတ်တယ်။ စားဝတ်နေရေးအတွက် သူတို့ မောင်နှမတွေ ရုန်းကန်ခဲ့ရတာပေါ့။ သူ့အစ်ကိုက အားကစားစာစောင် ရောင်းတယ်။ သူ့အစ်မက လိမ္မော်သီးရောင်းတယ်။

Read more

ပူတင် က နျူကလီးယားစာချုပ်ကို ဆိုင်းငံ့လိုက်ချိန် ယူကရိန်းကို ဆက်လက်ထောက်ခံမယ်လို့ ဘိုင်ဒန် ပြောကြား

အင်္ဂါနေ့က နာရီပိုင်းသာခြားတဲ့ မိန့်ခွန်းနှစ်ရပ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင် က အမေရိကန်နဲ့ ချုပ်ဆိုထားပြီး နောက်ဆုံးကျန်ရှိတဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူညီချက်ကို ဆိုင်းငံ့လိုက်ကြောင်း ပြောကြားခဲ့ပြီးနောက်မှာပဲ ပိုလန်နိုင်ငံ ဝါဆောမြို့မှာရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် က ယူကရိန်းကို အနောက်တိုင်းရဲ့ ထောက်ပံ့ကူညီမှုတွေ ယိမ်းယိုင်သွားမှာ မဟုတ်ကြောင်း ပြောကြားပါတယ်။

Read more

မြောက်ကိုရီးယားကို ရှုတ်ချပြစ်တင်ရန် ကုလသို့ အမေရိကန်တိုက်တွန်းသော်လည်း တရုတ်နှင့် ရုရှားက အမေရိကန်ကို ပြန်လည် အပြစ်တင်

မြောက်ကိုရီးယား၏ တရားမဝင် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို ရှုတ်ချပြစ်တင်ရန် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တနင်္လာနေ့က တိုက်တွန်းခဲ့သော်လည်း တရုတ်နှင့် ရုရှားတို့က မြောက်ကိုရီးယားကို ပစ်မှတ်ထား၍ စစ်ရေးလေ့ကျင့်မှုများ အရှိန်မြှင့်လာသည့်အတွက် အမေရိကန်ကို ပြန်လည်အပြစ်တင်ပြောဆိုခဲ့သည်။

Read more

တောင်ကိုရီးယားသို့ မြန်မာအလုပ်သမား ၁၂၆ ဦး ထပ်ရောက်

EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၂၆ ဦး ဖေဖော်ဝါရီ ၂၁ ရက်က ထပ်မံရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမား ၁၂၆ ဦးအား အစိုးရပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Read more

ဖေဖော်ဝါရီ (၂၄) ရက်မှ စတင်ကာ Online Booking စနစ်သစ်ဖြင့် နိုင်ငံကူးလက်မှတ်များ ပြန်လည်လျှောက်ထား နိုင်ကြောင်း သတင်းထွက်ပေါ်

နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် ရုံးများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ယာယီရပ်နားထားခဲ့ရာမှ လာမည့် ဖေဖော်ဝါရီ (၂၄) ရက်တွင်  ပြန်လည်၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက် ရှိသည်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနမှ ထုတ်ပြန်ဟန်တူသည့် သတင်းထုတ်ပြန်ချက်တစ်‌စောင် လူမှုကွန်ရက်တွင် ပြန့်နှံ့နေပြီး အဆိုပါ ထုတ်ပြန်ချက်တွင် လာမည့် (၂၄) ရက်၌ နိုင်ငံကူးလက်မှတ်များကို  www.passport.gov. mm Website မှ တဆင့် Online Booking စနစ်သစ်ဖြင့် ပြန်လည် လျှောက်ထား နိုင်ပြီ ဖြစ်ကြောင်း  သိရသည်။

Read more

စက်ရုံ၊ အလုပ်ရုံနှင့် အခြေခံဝန်ထမ်းများအတွက် သက်သာသောစျေးနှုန်းဖြင့် ဆန်ရောင်းချပေးမည်

စက်ရုံ၊ အလုပ်ရုံနှင့် အခြေခံဝန်ထမ်းများအတွက် ဆန်ကိုသက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကထုတ်ပြန်ထားသည်။

လတ်တလော ဆန်စျေးမြင့်တက်မှုအခြေအနေကြောင့် အ​ခြေခံအလုပ်သမား၊ ဝန်ထမ်းမိသားစုများ သက်သာစေရန် ရောင်းချပေးခြင်းဖြစ်ပြီး ရောင်းချရာတွင် ဧည့်မထ ၁၀ ရာခိုင်နှုန်းအဆင့် 10 kg(၅ ပြည်ခန့်) တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်ကြောင်း၊ ယင်းအပြင် လှိုင်သာယာ၊ ရွှေပြည်သာ၊ စက်ရုံများသို့ မှာယူသည့် အိတ်ရေအနည်း အများပေါ် မူတည်၍ အရောက်ပို့ခြင်း(သို့မဟုတ်) သတ်မှတ်နေရာတွင် လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်း/ခရိုင်/မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန် ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်း/ခရိုင်/မြို့နယ် လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးမှ နေပြည်တော် ပါတီဌာနချုပ်၌ ၁၄.၂.၂၀၂၃ ရက်နေ့မှ ၁၆.၂.၂၀၂၃ ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၏ အတွေ့အကြုံအား ရှင်းလင်းပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

Read more