ပြင်သစ်၌ ကျောင်းသားက ဆရာမအား ဓားဖြင့် ထိုးသတ်

စန့်ရွန်းဒလူး၊ဖေဖော်ဝါရီ ၂၃

ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းရှိ ကျောင်းတစ်ကျောင်းမှ ဆရာမတစ်ဦးသည် ဆယ်ကျော်သက်အရွယ် ကျောင်းသားတစ်ဦး၏ ဓားဖြင့်ထိုးမှုကြောင့်သေဆုံးသွားခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရရှေ့နေကပြောကြားခဲ့သည်။

အဆိုပါကျောင်းသား၏ ဓားဖြင့်ထိုးနှက်မှုခံရသောဆရာမသည် အသက် ၅၀ အရွယ်သာရှိပြီး ဖြစ်ဖြစ်ချင်းဆေးရုံ ပို့ပေးနိုင်ရန်ကြိုးပမ်းခဲ့သော်လည်း  အသက်မမှီပဲ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ၎င်းအား ဓားဖြင့်ထိုးခဲ့သည့် ကျောင်းသားကိုလည်း ချက်ချင်းဖမ်းမိခဲ့သည်ဟုသိရသည်။

Read more

ဆော်ဒီအာရေဗျနိုင်ငံ တည်ထောင်တဲ့နေ့မှာ ရိုးရာအဆင်အယင် အပြည့်အစုံနဲ့ ပါဝင်ဆင်နွှဲခဲ့တဲ့ စီရော်နယ်ဒို

မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ဟာ ဆော်ဒီအာရေဗျနိုင်ငံ တည်ထောင်ခဲ့တဲ့နေ့ဖြစ်ပါတယ်။ ၁၇၂၇ ခုနစ်တုန်းက အီမာန် မိုဟာမက် ဘင်ဆာ့ဒ်ကနေပြီး နိုင်ငံစတင်တည်ထောင်ခဲ့တာကို အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထား ဖြစ်ပါတယ်။ အများပြည်သူ အားလပ်ရက်အဖြစ် သတ်မှတ်ပေးထားပြီး နိုင်ငံတစ်ဝန်ူမှာ ပျော်ပွဲရွှင်ပွဲတွေကိုလည်း ကျင်းပပြုလုပ်ပေးလေ့ရှိပါတဘ်။

Read more

ဘာစီလိုနာကို အနိုင်ယူပြီး မန်ယူနိုက်တက် ၁၆ သင်း ရှုံးထွက်အဆင့်တက်ရောက်

ယူရိုပါလိဂ် (၃၂) သင်းအ‌ဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့အဖြစ် မန်ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ အိုလ်းထရပ်ဖိုစ့်ကွင်းမှာ ယှဉ်ပြိုင်ကစားရာမှာ မန်ယူနိုက်တက်က ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ ဘာစီလိုနာကို အနိုင်ရခဲ့ပြီး (၁၆) သင်းရှုံးထွက် အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

Read more

ကမ္ဘာ့ ပထမဆုံး အနေနဲ့ AI က လေ့ကျင့်ရေး လေယာဉ်ကို ၁၇ နာရီကျော် မောင်းနှင်နိုင်ခဲ့

လေ့ကျင့်ရေး လေယာဉ် Lockheed Martin VISTA X-62A ကို AI က ကမ္ဘာ့ ပထမဆုံး အကြိမ် မောင်းနှင်နိုင်ခဲ့ပါတယ်။ လူသား ပိုင်းလော့ မပါဘဲ ၁၇ နာရီကျော်ကြာ မောင်းနှင်ခဲ့တာလို့ သိရပါတယ်။

Read more

အာကာသခရီးသွားနိုင်မည့် မိုးပျံပူဖောင်းကို ဂျပန် တီထွင်

ဂျပန်နိုင်ငံက နည်းပညာကုမ္ပဏီတစ်ခုဟာ မကြာခင်မှာ မိုးပျံပူဖောင်းတွေစီးပြီး အာကာသကို ခရီးသွား နိုင်တော့မယ့် အစီအစဉ်တစ်ခုကို အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ ဂျပန်နိုင်ငံမြောက်ပိုင်း ဆာပိုရိုမြို့အခြေစိုက်  Iwaya Giken ကုမ္ပဏီဟာ Blue Origin ၊ Virgin Galactic နဲ့  SpaceX တို့ကို ကျော်လွန်ပြီး အာကာသ ခရီးသွား လုပ်ငန်းဈေးကွက်ထဲ ဝင်ရောက်လာပြီဖြစ်ပါတယ်။

Read more

ဆန်းသစ်သော Features များ ပါဝင်မည့် vivo Y22 အသစ်အား မကြာမီ မိတ်ဆက်မည်

ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် ဈေးသက်သာကာ လူငယ်ဆန်ပြီး နည်းပညာစိတ်ဝင်စားသော အသုံးပြုသူများအတွက် vivo Y22 Y စီးရီးအသစ်အား မကြာမီ မိတ်ဆက်သွားမည်ဟု သိရသည်။

အဆိုပါ vivo Y22 သည် စွမ်းဆောင်ရည်မြင့်မားသော ပရီမီယံအင်္ဂါရပ်များ ပါဝင်လာနိုင်ပြီး အသုံးပြုသူများ၏ နှစ်သက်အားပေးမှု ရရှိလေ့ရှိသော မျိုးဆက်သစ် Y စီးရီး ဖြစ်လာမည်ဟု vivoက ယုံကြည်ထားသည်။

Read more

ကမ္ဘာလှည့်ဖျော်ဖြေနေသည့် Blackpink အဖွဲ့က လီဆာ၏မွေးရပ် ဘန်ကောက်တွင် ရှိုးပွဲနှစ်ခုထပ်တိုး

လီဆာ၏မွေးရပ်မြို့ ဘန်ကောက်တွင် Blackpink အဖွဲ့က ရှိုးပွဲနှစ်ခုထပ်တိုးထားကြောင်း YG Entertainment အေဂျင်စီက ကြေညာထားသည်။ လက်ရှိ Blackpink က အာရှတွင်လှည့်လည်ဖျော်ဖြေလျက်ရှိပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေ ၂၇-၂၈ ရက်များ၌ ထပ်မံဖျော်ဖြေပေးမည်ဖြစ်သည်။

Born Pink ကမ္ဘာလှည့်ဖျော်ဖြေမှုတစ် စိတ်တစ်ပိုင်းအဖြစ် ၎င်းအဖွဲ့က ဘန်ကောက်တွင် ဇန်နဝါရီလက ဖျော်ဖြေပြီးပြီဖြစ်ပြီး ထို စဉ်က ဇာတိမြို့မှပရိသတ်များနှင့် ပြန်ဆုံမည်ဟု အဖွဲ့ဝင်လီဆာက ကတိပေးခဲ့သည်။

Read more

ကမ္ဘောဒီးယား၌ ကြက်ငှက်တုပ်ကွေးကြောင့် ၁၁ နှစ်အရွယ်ကလေးတစ်ဦးသေဆုံး

ဖနွမ်းပင်၊ဖေဖော်ဝါရီ ၂၃

ကမ္ဘောဒီးယား၌ အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦး ကြက်ငှက်တုပ်ကွေးရောဂါဖြင့် သေဆုံး သွားကြောင်း သိရပြီး နှစ်အတော်ကြာအတွင်း နိုင်ငံ၏ ပထမဆုံးကြက်ငှက်တုပ်ကွေးကြောင့် သေဆုံးမှုဖြစ်လာကြောင်း ကျန်းမာရေး အာဏာပိုင်များကပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း မကြာသေးမီအချိန်အတွင်း တွေ့ရှိမှုပြန်များလာသော ကြက်ငှက်တုပ်ကွေး ရောဂါနှင့်ပတ်သက်၍ သတိထားစောင့်ကြည့်ရန်ညွှန်ကြားခဲ့သော်လည်း လူများသို့ကူးစက်နိုင်ချေနည်းသည်ဟု ပြောကြားခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ H.E. Mr. Hideo Watanabe အား လက်ခံတွေ့ဆုံ

ဖေဖော်ဝါရီ ၂၂၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ H.E. Mr. Hideo Watanabe အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့၊ (၁၃၃၀)နာရီအချိန်တွင် ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

Read more

ဘုရားထီးတော်တင်ပွဲသို့ ပြည်နယ်ဥက္ကဋ္ဌတက်ရောက်

တောင်ကြီး ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း ၊ အထူးဒေသ ( ၆ ) ၊ တောင်ကြီးမြို့နယ် ၊ မင်္ဂလာကျေးရွာအုပ်စု ၊ သမိုင်းဝင် ဘုရားငါးဆူစေတီတော် ထီးတော်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား သို့ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစိုင်းလုံကျော် ၊ ပြည်နယ်ပါတီကော်မတီဝင် ဦးခွန်သိန်းမောင် (စီးပွားရေးရာဝန်ကြီး ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့) ၊ တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးအောင်သူရရှင်း တို့ တက်ရောက်ခဲ့ပါသည်။

Read more