သင့်ရဲ့ အရိုးအဆစ်တွေကို နာကျင်စေတဲ့ နေ့စဉ်အလေ့အထများ

ကျန်းမာရေးနဲ့ ပတ်သက်လာရင်း ကျွန်တော်တို့ရဲ့အရိုးအဆစ်တွေကို ဂရုစိုက်တာ နည်းကြပါတယ်။ အရိုးအဆစ်နဲ့ ပတ်သက်တဲ့ပြဿနာတွေက အသက်ကြီးလာမှ သိရမယ်လို့ ကျွန်တော်တို့ ထင်ကောင်းထင်နိုင်ပါတယ်။ အရိုးပွရောဂါကဲ့သို့ အရိုးအဆစ်ပြဿနာတွေဖြစ်စေနိုင်တဲ့ အသေးအမွှားကိစ္စလေးတွေ ရှိပါတယ်။ အဲဒါက အခုချက်ချင်းမသိနိုင်ပေမဲ့ နောက်ပိုင်းကျရင် သိလာရမှာပါ။ အရိုးပွရောဂါဆိုတာ အရိုးတွေအားနည်းလာပြီး ထိခိုက်နာကျင်လာရင်းနဲ့ ကျိုးပဲ့လာစေတဲ့ ရောဂါဖြစ်ပါတယ်။ အရိုးအဆစ်ပြဿနာတွေက တဖြည်းဖြည်းနဲ့ ပေါ်လာတတ်တာဖြစ်ပါတယ်။ အရိုးပွရောဂါနဲ့ အရိုးအဆစ်ပြဿနာတွေ ဖြစ်လာနိုင်ခြေရှိတဲ့ နေ့စဉ်အလေ့အထ တချို့ကို မျှဝေပေးလိုက်ရပါတယ်။

Read more

မဂ်လာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီ/အရန်ပါတီကော်မတီဝင်များ တွေ့ဆုံကာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ရန်ကုန်l ဖေဖော်ဝါရီ-(၂၁)

ရန်ကုန်တိုင်းဒေသကြီး မဂ်လာဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင် ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ယနေ့မွန်းလွဲ ၁၃:၀၀ နာရီအချိန်မှစတင်ကာ မြို့နယ်ပါတီအစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဌဦးမျိုးမင်းနိုင်က တိုင်းပါတီဥက္ကဌဦးခင်မောင်စိုး၏ လမ်းညွန်ချက်များ / ပါတီဝင်များ လက်မှတ်ထိုးပြီးစီမှုကို မြို့နယ်ပါတီကော်မတီဝင်(နယ်မြေတာဝန်ခံ)များ/အရန်ပါတီကော်မတီဝင်များမှ စီစစ်ကြပြီး ယခုလ(၂၂) ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်မှာဖြစ်ကြောင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များမှ သိလိုသည်များ ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ညနေ ၁၅:၃၀ နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ ကြပါသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခရိုင်၊ မြို့နယ်၊ ပါတီကော်မတီများ အစည်းအဝေးပြုလုပ်

လှည်းကူး ဖေဖော်ဝါရီ ၂၂

Read more

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေး ကျင်းပ

၂၀၂၃ဖေဖေါ်ဝါရီ ၂၃ ပန်းတောင်း

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီ က မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ  ပါတီ မြို့နယ်ဥက္ကဌဦးသန်းဇော် နှင့် ကော်မတီဝင်များ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီ  ဥက္ကဌ မှ ပါတီ၏လမ်းညွှန်ချက်များ အပေါ်အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး နယ်မြေအလိုက် တာဝန်ပေးအပ်မှုများ၊ ကွင်းဆင်းဆောင်ရွက်ရန် ရက်သက်မှတ်ချက်များကို တက်ရောက်လာသော ကော်မတီဝင်များနှင့်အတူ ညှိနှိင်းဆွေးနွေးဆောက်ရွက်ကြကြောင်း သိရှိရပါသည်။

Read more

သက်ကြီးဖိုးဖွားများအား ဆန်၊ ဆီ ထောက်ပံ့၍ အမျိုးသမီးများဘဝလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ ဟောပြောခြင်း ဆောင်ရွက်

လားရှိး ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိးပြည်ခိုင်ဖြိုးပါတီ ပြည်နယ် ကော်မတီဝင်(ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ)  ဒေါ်နန်းခမ်းယဉ်နှင့် အဖွဲ့မှ ရပ်ကွက်(၉)ရှိ နွမ်းပါးမိသားစုနှင့် သက်ကြီးအဖွားများအား ဆန်/ဆီ/ဆား ထောက်ပံ့ခြင်း၊ အမျိုးသမီးဘဝလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာဟောပြောခြင်း၊ နှုတ်ခမ်းကွဲအာခေါင်ကွဲ ကလေးငယ် တစ်ဦး အခမဲ့ ခွဲစိတ်နိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေအား ရှင်းလင်းပြောကြားပြီး  ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ပါသည်။

Read more

နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန် ကျင်းပမည်

နေပြည်တော်မှာကျင်းပမယ့် အခုနှစ်သင်္ကြန်ပွဲတော်မှာ လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပသွားမှာဖြစ် တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းကပြုလုပ်တဲ့ ၂၀၂၃ ခုနှစ် မြန်မာ့ ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ နေပြည်တော်ရှိ ပြည်သူတွေ ပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက် သင်္ကြန်ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

Read more

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ် စီးပွားရေးလုပ်ငန်းများ လျှပ်စစ်ဓာတ်အားအသုံးမပြုရန် YESC ကြေညာ

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ညနေ ၅ နာရီမှည ၁၀ နာရီအထိ စီးပွားရေးနှင့် စက်မှုလက်မှု လုပ်ငန်းများ လျှပ်စစ်ဓာတ်အားအသုံးမပြုရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးကြေညာထားသည်။

၂၀၂၃ ခုနှစ်တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ ၈ ရက်မှ ၁၈ ရက်အထိကျင်းပမည်ဖြစ်ပြီး မတ်လ ၁ ရက်မှ ၂၀ ရက်အထိ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများညပိုင်းစာကြည့်နိုင်ရန် ဓာတ်အားထုတ်လုပ်မှု တိုးမြှင့်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Read more

မဲစာရင်းမှန်ကန်မှုရှိစေရန် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပြန်လည်ကောက်ယူမည်

ကျင်းပမည့်ရွေးကောက်ပွဲ၌ မဲစာရင်းမှန်ကန်မှုရှိစေရန် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၃ ရက်မွန်းလွဲပိုင်းကကျင်းပသည့် နစကအစည်းအဝေး (၂/၂၀၂၃)တွင် အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မဲစာရင်းသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဆောင်ရွက်သည့် မဲပေးပိုင်ခွင့်ရှိသူစာရင်း၊ ရွေးကောက်ပွဲကော်မရှင်မှဆောင်ရွက်သည့် မဲစာရင်းနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် မဲစာရင်းများ ရှိသည်ဟု ဆိုသည်။

“လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကကောက်ယူတဲ့ လူဦးရေသန်းခေါင်စာရင်းက အခြေခံစာရင်း ဖြစ်တာကြောင့် ပိုပြီးတိကျမှန်ကန်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

Read more

ဂျာမနီက အီရန်သံရုံးဝန်ထမ်း ၂ ဦးကို နှင်ထုတ်

ဂျာမန်-အီရန် အမျိုးသားတဦးကို သေဒဏ်ချမှတ်တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အီရန်သံရုံး ဝန်ထမ်းနှစ်ဦးကို တိုင်းပြည်ကနေ ထွက်ခွာသွားဖို့ အမိန့်ထုတ်လိုက်ကြောင်း ဂျာမနီနိုင်ငံခြားရေးရုံးက ဖေဖော်ဝါရီ ၂၂ ရက်မှာ ကြေညာပါတယ်။

ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်က ဂျမ်ရှစ်ရှားမာ့ကို ပေးထားတဲ့ ‌သေဒဏ်ကို လက်မခံနိုင်ကြောင်း ရှုတ်ချလိုက်ပြီး စီရင်ချက်ကို ပြန်ပြောင်းပေးဖို့ အီရန်ကို တောင်းဆိုလိုက်ပါတယ်။

Read more

တရုတ်နဲ့ရုရှားတို့၏ ပူးပေါင်းမှုသည် နိုင်ငံတကာတည်ငြိမ်ရေး၏ အဓိကအချက်ဖြစ်ဟုဆို

မော်စကို၊ဖေဖော်ဝါရီ ၂၂

တရုတ်နှင့်ရုရှားတို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာအခြေနေတည်ငြိမ်အောင်ဆောင်ရွက်ရာ၌ အဓိက ကျသည်ဟုရုရှားသမ္မတပူတင်က တရုတ်နိုင်ငံတော်ကောင်စီဝင်  မစ္စတာဝမ်ယိနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

၎င်းတို့၏တွေ့ဆုံမှုသည် တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းအရေး၌ ကြားဝင်ဖျန်ဖြေရန် ကြိုးပမ်းနေချိန်၌ ပေါ်ပေါက် လာခြင်းဖြစ်ပြီး မဟာမိတ်ရုရှားနှင့်လည်း ဆက်ဆံရေးမပျက်မည့် နိုင်ငံရေးဖြေရှင်းနည်းကို ရရှိရန် ကြိုးပမ်း နေချိန်လည်း ဖြစ်သည်။

Read more