ပေကျင်းရဲ့ ယူကရိန်း ငြိမ်းချမ်းရေး အစီအစဉ်ထွက်ပေါ်ပြီးနောက် ပြင်သစ်သမ္မတ မက်ကရွန် တရုတ်သွားမယ်

ပြင်သစ် သမ္မတ အီမယ်နျူရယ်မက်ကရွန် က ဧပြီလထဲမှာ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ စနေနေ့က ပြောကြားခဲ့ပြီး ယူကရိန်း စစ်ပွဲ အဆုံးသတ်နိုင်ရေး ရုရှားကို ဖိအားပေးဖို့လည်း သူက ပေကျင်းကို တိုက်တွန်းလိုက်ပါတယ်။

Read more

တူရကီနှင့် ဆီးရီယားတွင် ငလျင်ကြောင့် သေဆုံးသူ ၅၀,၀၀၀ ကျော်ရှိလာ

ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယား နှစ်နိုင်ငံမှာ သေဆုံးသူဦးရေဟာ   အယောက်  ၅၀၀၀၀ ကျော်ရှိသွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

တူရကီမှာ ငလျင်ကြောင့် သေဆုံးသူဦးရေဟာ ဖေဖော်ဝါရီ ၂၄ ရက်အထိ  ၄၄၂၁၈ ယောက်ရှိပြီလို့ တူရကီကပ်ဘေးနဲ့ အရေးပေး စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (AFAD) က ပြောကြားခဲ့ပြီး ဆီးရီးယားနိုင်ငံကတော့ သေဆုံးသူ ၅၉၁၄ ဦးရှိပြီလို့ ကြေညာပါတယ်။

Read more

ပိုလန်သို့ ရေနံပေးပို့မှု ရရှား ရပ်ဆိုင်း

ရုရှားသည် Druzhba ပိုက်လိုင်းမှတစ်ဆင့် ပိုလန်သို့ ရေနံထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ကြောင်း ပိုလန်ရေနံချက်လုပ်ရေးကုမ္ပဏီ PKN Orlen ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားသည်။ ကုမ္ပဏီအနေဖြင့် ရေနံလိုအပ်ချက်များအား အခြားအရင်းအမြစ်များထံမှ အစားထိုးရယူဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်းကိုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

Read more

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အိမ်ရာစီမံကိန်းအသစ်အတွက် လူငယ်လုပ်သားများကို စုဝေးခေါ်ယူ

မြောက်ကိုရီးယားတွင် စီးပွားရေးအခက်အခဲများ ပိုမိုဆိုးရွားနေသည့်တိုင် မြို့တော် ပြုံယမ်းတွင် လူနေအိမ်ပေါင်း ၅၀၀၀၀ တည်ဆောက်မည့် ရည်မှန်းချက်ကြီးသည့် အစီအစဉ်ကို ခေါင်းဆောင်ကင်ဂျုံအွန်က တွန်းအားပေး လုပ်ဆောင်နေချိန်တွင် ပြုံယမ်း၌ ယင်း အိမ်ရာစီမံကိန်းအသစ်ကို စတင်လုပ်ဆောင် ရန် ကင်က လူငယ် လုပ်သားများကို စုဝေးခေါ် ယူခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ KCNA သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။ ကင်သည် ထောင်နှင့်ချီသည့် လူငယ် လုပ်သားများနှင့်အတူ ဖေဖော်ဝါရီ ၂၅ ရက် က ပြုံယမ်းမြို့တော်၏ ဆိုပိုဒေသတွင် ဆောက်လုပ်ရေးပရောဂျက်အတွက် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ သည်ဟု KCNA က ဖော်ပြခဲ့သည်။

Read more

၂၀၂၃ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲဝင်ကလပ်အသင်းများအား ထောက်ပံ့ကြေးကျပ်သိန်း ၅၀၀ စီပေးမည

၂၀၂၃ ဘောလုံးရာသီတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာနေရှင်လိဂ်-၁ ပြိုင်ပွဲဝင်အသင်းများအား တစ်သင်းလျင် ထောက်ပံ့ကြေးကျပ်သိန်း ၅၀၀ စီပေးမည်ဟု ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီကပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေး ၁/၂၀၂၃ မှဆုံးဖြတ်ခဲ့သည်။

ထို့ပြင် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် ကလပ်အသင်းများကိုလည်း တစ်သင်းလျင် ထောက်ပံ့ကြေးကျပ်သိန်း ၂၀၀ စီ၊ အမျိုးသမီးလိဂ်ပြိုင်ပွဲဝင်ကလပ်အသင်းများအား တစ်သင်းလျင် ထောက်ပံကြေးကျပ်သိန်း ၁၅၀ စီ ထောက်ပံ့သွားရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။

Read more

၆ နှစ်ကြာ ဆုဖလားဝေးကွာမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ မန်ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ၆ နှစ်ကြာ ဆုဖလားဝေးကွာမှုကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းနဲ့ ၀င်ဘလေကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလား ဗိုလ်လုပွဲမှာ မန်ယူနိုက်တက်က ၂ ဂိုး ဂိုးမရှိ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီး အချိန် ၆ နှစ်ကြာ ဆုဖလားဝေးကွာမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

Read more

အမှတ်တံဆိပ်ကိုယ်စားလှယ်အဖြစ် (၂) နှစ်ဆက်တိုက်တက်ခဲ့တဲ့ Red Velvet အဖွဲ့မှ Joy

တောင်ကိုရီးယား မိန်းကလေးအဆိုရှင် အဖွဲ့ Red Velvet မှာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Joy က အီတလီနိုင်ငံ က Milan Fashion Week မှာ အမှတ်တံဆိပ် ကိုယ်စားလှယ်အဖြစ်နဲ့ (၂) နှစ် ဆက်တိုက် တက်ရောက်ပြီး ပရိသတ်တွေကို ဖမ်းစားခဲ့ပါတယ်။

Read more