Author: USDP 2016
ရီယိုအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဗြိတိန်ကစားသမား နော်ရီ ချန်ပီယံဆုသိမ်းပိုက်

ဘရာဇီးလ်နိုင်ငံ ရီယိုအိုးပင်းတင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပရာ ကမ္ဘာ့အဆင့် ၁၂ ရှိ ဗြိတိန်ကစားသမား ကမ်မရွန်းနော်ရီက ကမ္ဘာ့အဆင့် ၂ ကစားသမားဖြစ်သူ ကားလို့စ် အယ်လ်ကာရက်ဇ်ကို ၅-၇၊ ၆-၄၊ ၇-၅ ရလဒ်တွေနဲ့ အနိုင်ရရှိပြီး ချန်ပီယံဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Read moreဆွီဒင်တုတ်ထောက်ခုန်ကစားသမား ကမ္ဘာ့စံချိန်သစ်တင်

ဆွီဒင်နိုင်ငံက တုတ်ထောက်ခုန်အားကစားသမား အာမန်ဒပ်ပလန်းတစ်ဟာ သူကိုယ်တိုင် တင်ထားတဲ့ အရင်ကမ္ဘာ့စံချိန်ဟောင်းကို ကျော်ဖြတ်ပြီး ၆ ဒသမ ၂၂ မီတာအမြင့်နဲ့အတူ ဖေဖော်ဝါရီ ၂၅ ရက်က ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ ကလယ်မွန့် ဖယ်ရန်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ပြေးခုန်ပစ် Indoor Tour Silver ပြိုင်ပွဲက တုတ်ထောက်ခုန် ကမ္ဘာ့စံချိန်ဟောင်း ၆ ဒသမ ၂၁ မီတာအမြင့်ကို ဒပ်ပလန်းတစ်ကပဲ ပိုင်ဆိုင်ထားတာပါ။
Read moreMIUI 14 update ကို Xiaomi ဖုန်းအချို့ မကြာခင် ရရှိမည်

Xiaomi က Mobile World Congress 2023 မှာ MIUI 14 ကို မကြာခင် ရမယ့် စမတ်ဖုန်း ၁၈ လုံးကို ကြေညာလိုက်ပါတယ်။ မတ်လထဲမှာ နိုင်ငံတကာအတွက် စတင် ဖြန့်ချိပေးမှာဖြစ်ပြီး အဲဒီ ဖုန်း စာရင်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
Read moreသိန်း ၁,၆၀၀ တန်တဲ့ လူ ၁ ယောက်စီး လျှပ်စစ် ဟယ်လီကော်ပတာ

ဟယ်လီကော်ပတာလို့ပဲ ပြောပြော၊ လေယာဉ်လို့ပဲ ပြောပြော၊ ဒရုန်းလို့ပဲ ပြောပြော ဒီ လျှပ်စစ် ယာဉ်ပျံလေးက ကားလမ်းပိတ်တဲ့ မြို့တွေမှာ အသုံးပြုဖို့ တော်တော် ကောင်းပါတယ်။ အဲဒီ ယာဉ်ပျံကို တရုတ်က ထုတ်လုပ်ထားတာ ဖြစ်ပြီး လူ ၁ ယောက်ပဲ စီးနင်းနိုင်ပါတယ်။
Read moreSAG ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအာရှမင်းသမီးဖြစ်လာတဲ့ မီချဲယို

အက်ရှင်ဇာတ်ကားတွေနဲ့ လူသိများတဲ့ ထိပ်တန်းမင်းသမီးမီချဲယိုက နိုင်ငံတကာဆုပေးပွဲတွေမှာ အဓိကဆုတွေ တစ်ခုပြီးတစ်ခုဆွတ်ခူးနေပါတယ်။ တနင်္ဂနွေညက ပြုလုပ်တဲ့ Screen Actors Guild Awards မှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။ သူဟာ ဒီဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံး အာရှမင်းသမီးဖြစ်လာခဲ့ပါတယ်။
Read moreဓာတ်မတည့်ခြင်းကို ကုသပေးနိုင်တဲ့ အသုံးဝင်ပစ္စည်းတစ်မျိုး နဲ့ ကုသနည်းများ


သင့်အနီးနားက တစ်စုံတစ်ယောက်ရဲ့ရေမွေးအနံ့ရတဲ့အခါ နှာချေနေမိပြီလား။ ဒါမှမဟုတ် ဖုန်မှုန့်တွေကြောင့် နှာမွန်းသလိုခံစားနေမိပြီလား။ အဲဒီလိုပြဿနာမျိုး နေ့စဉ် ကြုံတွေ့နေရရင်တော့ သင့်ရဲ့ဓာတ်မတည့်ခြင်း အကြောင်းကို သေချာသိဖို့နဲ့ ကုသနိုင်မယ့် နည်းလမ်းကို ရှာတွေ့ဖို့ လိုလာပါပြီ။ ဓာတ်မတည့်ခြင်းကို ကုသဖို့ဆိုတာ သင် ဖြစ်နေတဲ့ လက္ခဏာရပ်တွေ ပြင်းထန်မှု၊ မပြင်းထန်မှု ပေါ်မှာ မူတည်နေပါတယ်။ ဓာတ်မတည့်ခြင်း အမျိုးအစားအားလုံးအတွက် မတူညီတဲ့ကုသမှုတွေရှိပါတယ်။ ဒါပေမဲ့ သင့်ရဲ့မီးဖိုချောင်ကနေ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတစ်မျိုးနဲ့ သင့်ရဲ့ဓာတ်မတည့်ခြင်းတွေကို ကုသပေးလို့ရပါတယ်။ အဲဒီပစ္စည်းကတော့ နနွင်းမှုန့်ဖြစ်ပြီး အဲဒီအမှုန့်ကို အသုံးပြုပြီး ဓာတ်မတည့်ခြင်းတွေကို ဖယ်ရှားဖို့ နည်းလမ်းတွေရှိပါတယ်။
Read moreပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး လူငယ်ထုတွေ့ဆုံပွဲသို့ တက်ရောက်


ဖေဖော်ဝါရီ ၂၅၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ပါတီဌာနချုပ်မှ ဗဟိုအလုပ်အမှုဆောင်များနှင့်အတူ ၂၅-၂-၂၀၂၃ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် MCC ခန်းမ၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်ထု (၃၂၂၆)ဦး နှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
Read moreပြည်ပတွင် သွားရောက်အလုပ်အကိုင်မည့်သူများ OWIC လျှောက်ထားရာတွင် စာရွက်စာတမ်းအတုများဖြင့် လျှောက်ထားလာပါက ပွဲစား၊ အေဂျင်စီနှင့် အလုပ်သမားကိုပါ အရေးယူမည်ဟုဆို

အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ဖေဖေါ်ဝါရီ (၂၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလာခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ကျွမ်းကျင်အလုပ်သမားများ၊ ခွင့်ပြန် အလုပ်သမားများ၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ဖြင့် နေထိုင်လုပ် ကိုင်သူများမှ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းနှင့် OWIC ပြုလုပ်ခွင့်များ တင်ပြလာပါက ရုံးဖွင့်ရက် (၂) ရက်မှ (၃)ရက်အတွင်း အမြန်စိစစ် ခွင့်ပြုပေးနေကြောင်း ထည့်သွင်း ဖော်ပြထားသည်။
Read moreငါန်းဇွန်မြို့နယ် ငါန်းဇွန်-ငါန်းမြာကားလမ်းရှိ သမန်းတောချောင်းကူးတံတား မီးရှို့ဖျက်ဆီးခံရ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် တောင်ရွာဘိုကျေးရွာနှင့် ညောင်လေးပင် ကျေးရွာအကြား ငါန်းဇွန်-ငါန်းမြာကားလမ်းရှိ သမန်းတောချောင်းကူးတံတား မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။
Read more

