တပ်မတော်နယ်လှည့်ဆေးကုသရေးဆောင်ရွက်မှုအား ဝိုင်းဝန်းကူညီ

မိုင်းဖြတ် မတ် ၁

 ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ကော်မတီ၀င် ဦးညွန့်၀င်း၊ တာချီလိတ်ခရိုင် ကော်မတီ၀င်စိုင်းရီတစ်၊  မိုင်းဖြတ်မြို့နယ်ပါတီ၊ အတွင်းရေးမှူး ဒေါ်ပြည့်ပြည့်စုံ၊ ကော်မတီအဖွဲ့၀င် ဦးနန်လုံးခမ်း၊ ဒေါ်စလွန်မေ၊ ဒေါ်ရာခေလှနှင့် မိုင်းဖြတ်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစိုင်းဆေးနော်နှင့် အသင်းသားများသည် အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ်၏ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မိုင်းဖြတ်မြို့နယ်၊ ဘိုရှီးကျေးရွာ ဒေသခံတိုင်ရင်းသားများဆေးကုသပေးသည့်ရာသို့ သွားရောက်ကာ ဆေးကုသသည့်အထူးကုဆရာ၀န်များကို လိုက်ပါကူညီကာ လုပ်အားပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် ပြည်ထောင်စုနယ်မြေ ပါတီအဆင့်ဆင့်မှ တာဝန်ရှိသူများတွေ့ဆုံ

မတ် ၁၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ၁-၃-၂၀၂၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်မှ နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်ထိ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ ပြည်ထောင်စုနယ်မြေပါတီရုံးတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုနယ်မြေအတွင်းမှ ပါတီအဆင့်ဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

Read more

၂၀၂၃ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့သို့ ပေးပို့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသဝဏ်လွှာ

 


Read more

တရားမဝင်ချေးငွေလုပ်ငန်းများ လုပ်ကိုင်လျှင်အရေးယူမည်

အွန်လိုင်းအသုံးပြုပြီး လောင်းကစားပြုလုပ်တာ၊ ကံစမ်းမဲဖောက်တာနဲ့ တရားမဝင်ချေးငွေလုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင်တာပြုလုပ်ရင် တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မတ် ၂ ရက် ရက်စွဲနဲ့ အသိပေးထုတ်ပြန်ပါတယ်။

နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အွန်လိုင်းကတစ်ဆင့် လိမ်လည်မှုကျူးလွန်တာ၊ လောင်းကစားတာ ကိုဗန်းပြပြီး ငွေကြေးလိမ်လည်မှု ကျူးလွန်တာတွေကြောင့် ပြည်သူတွေအနေနဲ့ ငွေကြေးနစ်နာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

Read more

ထိုင်းနိုင်ငံ၌ထိန်းသိမ်းခံထားရသည့် လွတ်ရက်စေ့မြန်မာနိုင်ငံသား ၁၃၈ ဦးအား မြန်မာသို့လွှဲပြောင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ထိန်းသိမ်းရေးစင်တာ၌ ထိန်းသိမ်းခံထားရသည့် လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၃၈ ဦးအား မတ် ၂ ရက် နံနက် ၈ နာရီခွဲတွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏သတင်းထုတ်ပြန်ချက်အရသိရသည်။

Read more

မြန်မာ- တရုတ် နှစ်နိုင်ငံကုန်သွယ်မှုမှ နှစ်လအတွင်း ယွမ်သန်း ၁၅၀ကျော်ရရှိ

၂၀၂၃ ခုနှစ်၏ မြန်မာ- တရုတ်နှစ်နိုင်ငံကုန်သွယ်မှုမှ နှစ်လအတွင်း ယွမ်သန်း ၁၅၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံးက ထုတပြန်ထားသည်။

တရုတ်-မြန်မာနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် နုံတောင်လမ်းကြောင်း၏ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပမာဏသည် ယွမ် သန်း ၁၅၀ ရှိကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် တရုတ်-မြန်မာနယ်စပ် နုံတောင်လမ်းကြောင်း၏ ပိုကုန်သွင်းကုန်ပမာဏ တန်ချိန် ၈၀၀၀၀ ရှိကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read more

ထိုင်းနိုင်ငံ၌ပြုလုပ်နေသည့် “Cobra Gold” စစ်ရေးလေ့ကျင့်မှု၌ အမေရိကန်စစ်သားတစ်ဦးသေဆုံး

ထိုင်းနိုင်ငံ၌ကျင်းပပြုလုပ်နေသည့် “Cobra Gold” စစ်ရေးလေ့ကျင့်မှု၌ ပါဝင်နေသည့်အမေရိကန်စစ်သား တစ်ဦးသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ စစ်ရေးလေ့ကျင့်ရေးစခန်းမှ ရေချိုးခန်းအတွင်း၌သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်သားသေဆုံးနေသည့် အမှတ် (၃၁) ခြေလျင်တပ်ရင်းသို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ ၎င်း၏ခေါင်း၌ဒဏ်ရာရထားသည်ကိုတွေ့ရှိရသည်ဟုဆိုသည်။သေဆုံးသူသည်မည်သူမည်ဝါဖြစ်သည်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို တာဝန်ရှိသူများက မပြောကြားဘဲသေဆုံးရသည့် အကြောင်းနှင့် ပတ်သက်၍ သံသယဖြစ်စရာများကိုပါထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေ။

Read more

ကမ္ဘာ့အချမ်းသာဆုံး ပြန်ဖြစ်လာတဲ့ Elon Musk

Elon Musk ဟာ Bloomberg ရဲ့ ကမ္ဘာ့ အချမ်းသာဆုံး လူစာရင်းမှာ နံပါတ် ၁ နေရာကို ပြန်လည် သိမ်းပိုက်လိုက်နိုင်ပါတယ်။

Read more

ဗီယက်နမ်ကွန်မြူနစ်ပါတီမှ သမ္မတသစ် ခန့်အပ်

ဗီယက်နမ်ကွန်မြူနစ်ပါတီသည် နိုင်ငံတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဇန်နဝါရီလတွင် ယခင်သမ္မတ ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ဗီယက်နမ်ကွန်မြူနစ်ပါတီမှ အသက်အငယ်ဆုံး ပေါ်လစ်ဗျူရိုအဖွဲ့ဝင် Vo Van Thuong အား နိုင်ငံ၏ သမ္မတသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ပါတီသတင်း ရင်းမြစ်နှစ်ခုက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

Read more

လာမည့်နွေရာသီတွင် အနည်းဆုံး နာမည်ကျော်ကစားသမား (၂) ဦး ခေါ်ယူရန် မန်ယူနည်းပြ တန်ဟက်ဂ် ပစ်မှတ်ထား

မန်ယူနည်းပြ တန်ဟက်ဂ်သည် လာမည့် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလတွင် အနည်းဆုံး နာမည်ကျော် ကစားသမား (၂) ဦး ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ Manchester Evening News က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် လာမည့်နွေတွင် အထောင်တိုက်စစ်မှူးတစ်ဦးနှင့် ကွင်းလယ်ကစားသမားတစ်ဦးကို ဦးစားပေးခေါ်ယူရန် ပစ်မှတ်ထားနေပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းရား ထွက်ခွာပါက ၎င်းနေရာအစားထိုးရန် ဗဟိုခံစစ်မှူးတစ်ဦးပါ ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

Read more