မြန်မာအလုပ်သမား ၁၀၀၀ ကျော် တောင်ကိုရီးယားသို့ ထပ်မံရောက်ရှိ

EPS စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၀၄၀ ဦး မတ် ၅ ရက်တွင် ထပ်မံရောက်ရှိခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများက အလုပ်သမား ၁၀၄၀ အား တောင်ကိုရီယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် EPS စနစ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more

BYD အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ထပ်မံရောက်ရှိလာ

Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော BYD အမျိုးအစားလျှပ်စစ် သုံးယာဉ် ၁၉ စီး ထီးတန်းဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

Read more

စစ်ရေးအသုံးစရိတ် တရုတ် ပိုမိုတိုးမြှင့်

မစ္စတာရှီကျင့်ဖျင်ကို သမ္မတအဖြစ် တတိယအကြိမ် အာဏာအပ်နှင်းမယ့် ပါလီမန်အစည်းအဝေးမှာ နိုင်ငံရပ်ခြားက ခြိမ်းခြောက်မှုတွေ အရှိန်မြင့်တက်လာတယ်လို့ သတိပေးပြောကြားရင်း သူတို့ စစ်ဘက်ရဲ့ အသုံးစရိတ်ကို မြှင့်တင်လိုက်ကြောင်း တရုတ်က ကြေညာခဲ့ပါတယ်။

တရုတ်ရဲ့ စီးပွားရေးရည်မှန်းချက်ကို ၁၀ နှစ်အတွင်းမှာ အနိမ့်ဆုံးနှုန်းတစ်ခုဖြစ်တဲ့ ငါးရာခိုင်နှုန်းသာတိုးတက်ဖို့ မျှော်လင့်ကြောင်း တရုတ်ခေါင်းဆောင်တွေက ပြောကြားချိန်မှာပဲ ကမ္ဘာမှာ ဒုတိယအများဆုံး ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျက် တိုးမြှင့်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။

Read more

တူရကီနှင့် ဆီးရီးယား အင်အားပြင်းငလျင်အတွက် အရေးပေါ်ပစ္စည်းများ အပြည့်ပါဝင်သည့် လေယာဉ်စေလွှတ်ပြီး စီရော်နယ်လ်ဒို လှူဒါန်းခဲ့

ပေါ်တူဂီနာမည်ကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုသည် ဖေဖော်ဝါရီလအစောပိုင်းက တူရကီနှင့် ဆီးရီးယားတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင် ဒုက္ခသည်များအတွက် အရေးပေါ်ပစ္စည်းများ အပြည့်ပါဝင်သည့် လေယာဉ်တစ်စင်းကို စေလွှတ်ပြီး လှူဒါန်းခဲ့သည်။

ယာယီတဲများ၊ အစားအသောက်များ၊ ခေါင်းအုံး၊ စောင်၊ အိပ်ရာ၊ ကလေး အစားအစားနှင့် နို့၊ ဆေးဝါးများကို စီရော်နယ်လ်ဒိုက ပေးပို့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ စီရော်နယ်လ်ဒို လှူဒါန်းခဲ့သည့် ပစ္စည်းများသည် ငလျင်ဒဏ်ခံ တူရကီနှင့် ဆီးရီးယားကို ရောက်ရှိခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

Read more

ပီအက်စ်ဂျီရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်လိုက်တဲ့ ဘာပေ

ပီအက်စ်ဂျီရဲ့ သမိုင်းမှာ ဂိုးအများဆုံးသွင်းယူသူအဖြစ် စံချိန်တင်နိုင်ခဲ့ပြီးနောက်မှာ နောက်ထပ် အောင်မြင်အောင် လုပ်ဆောင်ရမှာတွေ အများကြီး ရှိသေးတယ်လို့ အမ်ဘက်ပေ က ပြောကြားလိုက်ပါတယ်။

ကာဗာနီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ သူ့အတွက် ၂၀၁ ဂိုးမြောက် ပီအက်စ်ဂျီ ဂိုးကို နန့်စ် ကို ၄-၂ ဂိုး နဲ့ နိုင်တဲ့ ပွဲရဲ့ အချိန်ပိုမှာ အမ်ဘက်ပေ က သွင်းယူခဲ့တာဖြစ်ပါတယ်။ ၂၄၇ ပွဲမြောက်ပွဲမှာ အဲဒီ စံချိန်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

Read more

ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ်၌ မက်ဗီဒက်ဗ် ချန်ပီယံဖြစ်ခဲ့

ဒူဘိုင်းကမ္ဘာ့တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်းပွဲစဉ်မှာ ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်က ချန်ပီယံဆုကိုရရှိသွားခဲ့ပါတယ်။ ဗိုလ်လုပွဲစဉ်မှာ မက်ဗီဒက်ဗ်နဲ့ တစ်နိုင်ငံတည်းသား အန်ဒရေ ရူဘလက်ဗ်တို့ ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ရူဘလက်ဗ်ဟာ အခုပွဲမှာချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် မက်ဗီဒက်ဗ်ကလည်း တည်ငြိမ်တဲ့ လက်စွမ်းနဲ့ ပြန်လည်ယှဉ်ပြိုင်ခဲ့လို့ အခက်တွေ့ ခဲ့ရတာဖြစ်ပါတယ်။ ပွဲကစားချိန် (၁)နာရီကျော်ကြာမြင့်ခဲ့ပြီးနောက်မှာ မက်ဗီဒက်ဗ်က (၆:၂၊၆:၂)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံ ဆုကို ရရှိ သွားခဲ့တာဖြစ်ပါတယ်။ အခုချန်ပီယံဆုဟာ မက်ဗီဒက်ဗ်အတွက်တော့(၃)ပတ် အတွင်း ရခဲ့တဲ့ တတိယ မြောက် ချန်ပီယံ ဆုလည်းဖြစ်ခဲ့ပါတယ်။ မက်ဗီဒက်ဗ်ဟာ အခုပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ ကမ္ဘာ့အဆင့်(၁)တင်းနစ်သမား ဂျိုကိုဗစ်ကိုအနိုင်ယူပြီးဗိုလ်လုပွဲကိုတက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

Read more

ကမ္ဘာ့စံချိန်တင် အချိန်အကြာဆုံး ပျံသန်းနိုင်တဲ့ လျှပ်စစ် လေယာဉ်

Autoflight က စတုတ္ထမျိုးဆက် Prosperity I eVTOL တက္ကစီ လေယာဉ် နမူနာ မော်ဒယ်ကို ပြသလိုက်ပြီး ကမ္ဘာ့စံချိန်တင် အချိန်အကြာဆုံး ပျံသန်းနိုင်တဲ့ လျှပ်စ်စ် လေယာဉ် ဖြစ်လာပါတယ်။ eVTOL ဆိုတာက မြေပြင်ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်း လုပ်နိုင်တဲ့ လေယာဉ်ကို ခေါ်တာပါ။

Read more

ZTE က မျက်မှန် မလိုဘဲ 3D ကြည့်လို့ရတဲ့ Nubia Pad 3D ကို ကြေညာ

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က 3D တွေ ခေတ်စားခဲ့ပြီး တီဗီနဲ့ စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ 3D ကြည့်နိုင်တဲ့ ကုန်ပစ္စည်းတွေကို အပြိုင်အဆိုင် ဖန်တီးခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီနည်းပညာဟာ နောက်ပိုင်းမှာ ပျောက်ချက်သားကောင်းသွားခဲ့ပါတယ်။ အခုတော့ ZTE က Mobile World Congress (MWC) 2023 မှာ မျက်မှန် မလိုဘဲ 3D ကြည့်နိုင်တဲ့ Nubia Pad 3D ကို ကြေညာလိုက်ပါတယ်။

Read more

အကယ်ဒမီဆုပေးပွဲမှာ ဆုချီးမြှင့်သူအဖြစ်ပါဝင်ကြမယ့် ဒဝိန်းဂျွန်ဆင် နဲ့ အမ်မီလီ ဘလန့်

မတ်လ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ရုပ်ရှင်ထူးချွှန်ဆုပေးပွဲမှာ မင်းသား ဒဝိန်းဂျွန်ဆင် နဲ့ မင်းသမီး အမ်မီလီ ဘလန့် တို့ကို ဆုပေးအပ်ချီးမြှင့်သူတွေအဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။

ဆယ်မြူရယ်ဂျက်ဆင်၊ ဂျနီဖာကော်နယ်လီ ၊ ရစ်အာမက် ၊ ဂလင်းကလို့စ် ၊ ဂျွန်နသန်မေဂျားစ် စတဲ့နာမည်ကျော် တွေနဲ့ အခြားလူပုဂ္ဂိုလ်တွေကလည်း ဆုချီးမြှင့်ပေးဖို့ လူစာရင်းမှာ ပါဝင်ကြပါတယ်။

Read more

အိန္ဒိယရဲ့ဘရက်ပစ်အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ဘိုင်ရာဗာမင်းသား ရာမ်ချာရန်

ဘိုင်ရာဗာမင်းသားလို့ မြန်မာပရိသတ်တွေ သိထားကြတဲ့ အိန္ဒိယမင်းသား ရာမ်ချာရန်ဟာ လော့စ်အိန်ဂျယ်လိစ်မြို့ကို ရောက်ရှိနေပြီး အဲ့ဒီမှာ မီဒီယာတွေနဲ့ တွေ့ဆုံနေပါတယ်။ အမေရိကန်သတင်းဌာန KTLA Entertainment ရဲ့အစီအစဉ်မှာ ပါဝင်စဉ်အတွင်း အစီအစဉ်တင်ဆက်သူက ရာမ်ချာရန်ကို အိန္ဒိယရဲ့ဘရက်ပစ်အဖြစ် ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။

Read more