ရီးယဲလ်မက်ဒရစ်မှ စိတ်ဝင်စားနေသည့် ဘာပေအတွက် PSG အသင်း စျေးသတ်မှတ်ခဲ့ပြီး လာမည့်နွေရာသီတွင် ရောင်းချဖွယ်ရှိနေ

PSG အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ကာလရှည်သတင်းထွက်ပေါ်နေသည့် အသင်း၏ပြင်သစ် ကြယ်ပွင့်တိုက်စစ်မှူး ဘာပေအား လာမည့်နွေရာသီတွင် ရောင်းချဖွယ်ရှိနေပြီး ၎င်းတို့အသင်း၏ အရေးအပါဆုံး တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံးယူရိုသန်း (၂၀၀)အထိအလိုရှိနေကြောင်း သိရသည်။

အသက် (၂၄)နှစ်အရွယ်ရှိ ဘာပေသည် ပြီးခဲ့သည့် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလကတည်းက ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့မည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သလို၊ ရီးယဲလ်မက်ဒရစ် အသင်း၏ ကာလရှည်ပစ်မှတ်ကစားသမားတစ်ဦးလည်းဖြစ်နေသည်။

Read more

ရေအနက် ၇ မီတာမှာ ၁ ပတ်ကြာ ရှိခဲ့ပေမယ့် မပျက်ဆီးတဲ့ iPhone 11

ရေထဲပြုတ်ကျသွားပြီး မပျက်ဆီးဘဲ အကောင်းအတိုင်း သုံးလို့ရတဲ့ iPhone သတင်းတွေ အရင်ကလည်း ကြားသိခဲ့ရပါတယ်။ အခုလည်း အဲဒီလို ဖြစ်ရပ် ၁ ခု ဖြစ်ပွားခဲ့ပါတယ်။ ဘရာဇီးက ကျောင်းသား ၁ ယောက်ဟာ ရေကန်မှာ ရေနစ်နေတဲ့ အမျိုးသမီး ၁ ယောက်ကို ကယ်ဖို့ကြိုးစားချိန်မှာ အင်္ကျီအိတ်ကပ်ထဲကနေ iPhone 11 ဟာ ရေထဲ ပြုတ်ကျသွားပါတယ်။

Read more

တရုတ်မောင်းသူမဲ့ ဒေါင်လိုက်တက်ဆင်းလေယာဉ် ကမ္ဘာ့စံချိန်တင်

တရုတ်နိုင်ငံ ရှန်ဟိုင်းအခြေစိုက် လေကြောင်းပျံသန်းရေးစက်ရုံတစ်ရုံမှ ထုတ်လုပ်လိုက်သော လျှပ်စစ်အင်အားသုံး မောင်းသူမဲ့ ဒေါင်လိုက်တက်ဆင်း(eVTOL) လေယာဉ်တစ်စင်းသည် ဘက်ထရီအားတစ်ကြိမ်သွင်းထားလျှင် ၂၅၀ ဒသမ ၃ ကီလိုမီတာအကွာအဝေးအထိ ပျံသန်းနိုင်သဖြင့် ကမ္ဘာ့စံချိန်တင်သွားသည်။

ယင်းလေယာဉ်သည် ခရီးသည် ၄ ဦးကိုတင်ဆောင်နိုင်သော မောင်းနှင်သူမလိုသည့် သူ့အလိုအလျောက် ထိန်းကျောင်း ပျံသန်းသော လေယာဉ်ဖြစ်ပြီး၊ လေယာဉ်တက္ကစီအဖြစ် အသုံးပြုရန်ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ်သည်။

Read more

ဂျာမနီတွင် ရှိနေသည့်ကားကို စပိန်မှ အဝေးထိန်းစနစ်ဖြင့် စမ်းသပ်မောင်းနှင်

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်ရှိနေသည့် မော်တော်ယာဉ်တစ်စီးကိုစပိန်နိုင်ငံမှနေပြီး အဝေးထိန်းစနစ်ဖြင့် စမ်းသပ် မောင်းနှင်ပြမှု တစ်ခုအောင်မြင်စွာ လုပ်ပြနိုင်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၂ ရက်အထိ ကျင်းပခဲ့သည့် မိုဘိုင်းကမ္ဘာညီလာခံတွင် ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်သည့် Vay ကုမ္ပဏီမှ ပညာရှင်တစ်ဦးက မိုင်ပေါင်းထောင်ချီဝေးကွာသည့် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်ရှိ နေသော မော်တော်ယာဉ်တစ်စီးကို အဝေးထိန်းစနစ်ဖြင့် စပိန်နိုင်ငံမှနေ၌ တိုက်ရိုက် ထိန်းချုပ်မောင်းနှင်ပြသနိုင်ခဲ့သည်။

Read more

ပရိတ်သတ်တွေကို စိတ်မပူကြဖို့ ပြောကြားခဲ့တဲ့ Blackpink အဖွဲ့ဝင် Jennie

ဖေဖော်ဝါရီ ၁၆ ရက်မှာ အင်စတာဂရမ်မှာ နောက်ဆုံးပို့စ် တစ်ခုတင်ပြီးနောက် ဆိုရှယ်မီဒီယာပေါ်ကနေ ပျောက်နေခဲ့တဲ့ Blackpink အဖွဲ့ဝင် Jennie  က သူ့အနေနဲ့ လေ့ကျင့်ခန်း လုပ်ရင်း ရခဲ့တဲ့ ဒဏ်ရာအတွက် ကုသမှု ခံယူနေရတာကြောင့် ပျက်ကွက်နေတာဖြစ်ကြောင်း သူ့ပရိတ်သတ်တွေကို ကိုယ်တိုင် အသိပေး ပြောကြားခဲ့ပါတယ်။

Read more

ခဏခဏ ရေဆာနေရခြင်း အကြောင်းအရင်းများ

ကျွန်တော်တို့ရဲ့ ဘဝမှာ ရေက နေ့စဉ် လိုအပ်နေတဲ့ မရှိမဖြစ်အရာဖြစ်ပြီး ရေမရှိတဲ့ဘဝကြီးကိုတောင် စိတ်ကူးယဉ်ကြည့်ဖို့မဖြစ်နိုင်ပါဘူး။ ကျန်းမာရေးကောင်းတဲ့ ခန္ဓာကိုယ်ဖြစ်နေဖို့ဆိုရင် နေ့တိုင်း ရေ (၃) လီတာ သောက်သုံးပေးဖို့ အရေးကြီးပါတယ်။ ရေဘယ်လောက်သောက်သောက် ရေဆာနေသလို ခံစားနေရင်တော့ အောက်မှာ ဖော်ပြပေးထားတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဆားအများကြီး စားသုံးခြင်း

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဧရာဝတီတိုင်းဒေသကြီးမှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

မတ် ၄၊ ပုသိမ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းပါတီရုံးစည်းဝေးခန်းမတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ပုသိမ်ခရိုင်၊ မြို့နယ်ဥက္ကဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနချုပ် သို့ သင်တန်းတက်ရောက်မည့် တိုင်း​ဒေသကြီးအတွင်း ၂၆ မြို့နယ်မှ သင်တန်းသားများနှင့် တွေ့ဆုံခဲ့ပါသည်။

Read more

ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ ပြည်နယ်ဥက္ကဋ္ဌ တက်ရောက်

တောင်ကြီး မတ် ၅

ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက် ၊ ပအိုဝ်းအမျိူးသားဘက်စုံဖွံ့ဖြိုးရေး ( ဒဲဉ်းသီးဗွေ ) ကွင်းတွင် ပြုလုပ်ကျင်းပသော ( ၇၄ ) နှစ်မြောက်  ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ ရှမ်းပြည်နယ် တောင်ပိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

Read more

မိုင်းဖြတ်မြို့နယ်အတွင်း ပါတီ၀င်အင်အားစိစစ်ခြင်းဆောင်ရွက်

မိုင်းဖြတ် ၊ မတ် ၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ နမ့်ဆန်ကျေးရွာနှင့် ဟိုနားလားဟူကျေးရွာများသို့ ပါတီ၀င်အင်အား စိစစ်ရန်အတွက် ပြည်နယ်ကော်မတီ၀င်(မီဒီယာတာ၀န်ခံ) စိုင်း၀မ်းလှိုင်းတစ်ပ်၊ ခရိုင်ကော်မတီ၀င် စိုင်းရီတစ်၊ မိုင်းဖြတ်မြို့နယ်ဥက္ကဌ စိုင်းစီလီ၀န်းတစ်၊ အတွင်းရေးမှူးဒေါ်ပြည့်ပြည့်စုံ၊ ကော်မတီ၀င် ဒေါ်စလွန်မေ ဒေါ်လေးလေပေါလ် တို့မှ သွားရောက် ဆောင်ရွက်ခဲ့ကြပါသည်။

Read more

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ မှ (၇၈)နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုသောအားဖြင့် တပ်မတော် အရိုးအထူးကု ဆေးရုံကြီး (ခုတင် ၅၀၀)တွင် စုပေါင်းသွေးလှုဒါန်း

မင်္ဂလာဒုံ၊မတ် (၅)

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၇၈)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသော အားဖြင့် သွေးလှုဒါန်းခြင်းအခမ်းအနားကို ယနေ့(၅.၃.၂၀၂၃)တနင်္ဂနွေနေ့ နံနက်(၉:၀၀) နာရီက  တပ်မတော်အရိုးအထူးကုဆေးရုံကြီး(ခုတင် ၅၀၀) တွင်ကျင်းပခဲ့ပါသည်။

Read more