ခရိုင်နှင့် မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

လယ်ဝေး မတ် ၆

လယ်ဝေးခရိုင် လယ်ဝေးမြို့နယ်ရုံးတွင် ခရိုင်နှင့်မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြသည်။ ထိုအစည်းအစေးသို့ လယ်ဝေးမြို့နယ် နာယကဦးဌေးဝင်း ခရိုင်ဥက္ကဌဦးကြည်ငြိမ်းခိုင်  အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ ပြည်ထောင်စုနယ်မြေဦးခင်မောင်ထွန်းနှင့် လယ်ဝေးမြို့နယ်ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။


Read more

ကျေးရွာနတ်စင်လှေကားတည်ဆောက်ခြင်းအတွက် အလှူငွေ(၁၀)သိန်းကျပ် လှူဒါန်းပြီး ပါတီဝင် စိစစ်ခြင်း ဆောင်ရွက်

ကွမ်းလုံ မတ် ၆

ကွမ်းလုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါဆမ့်နမ့်ကျေးရွာအုပ်စု တံတားဦးကျေးရွာ နတ်စင်အတက်လှေကား တည်ဆောက်ခြင်း ဆေးသုတ်ခြင်းအတွက် အလှူငွေ(၁၀)သိန်းကျပ်အား မြို့နယ်ဥက္ကဌမှ လှူဒါန်းခြင်း  ပါတီဝင်အင်အား စီစစ်ခြင်းနှင့် စည်းရုံးရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။


Read more

မန္တလေးမြို့ရှိ မီနီအိုးဝေများ အဝါရောင်ပြောင်းလဲရမည်

မန္တလေးမြို့တော်စည်ပင်နယ်နမိတ်အတွင်း၌ပြေးဆွဲလျက်ရှိသည့် မီနီအိုးဝေများအားလုံးကို ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အဝါရောင်တစ်ရောင်တည်းအဖြစ် ပြောင်းလဲရမည်ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ(မြို့တွင်း)မှ အသိပေးနှိုးဆော်ခဲ့သည်။

မန္တလေးမြို့တော်အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေရန်၊ ခရီးသည်များ လုံခြုံချောမွေ့စွာသွားလာမှု ပိုမိုအဆင်ပြေစေရန်နှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မီနီအိုးဝေများအားလုံးကို အဝါရောင်တစ်ရောင်တည်းအဖြစ် တပြေးညီပြောင်းလဲစေခြင်းဖြစ်ကြောင်း သိရသည်။

Read more

ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်အတုများဖြင့်နယ်စပ်ဖြတ်သန်းသွား လာမှုများရှိ၍ စီစစ်အရေးယူနေ

ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ၃ နှစ်ခန့်ယာယီပိတ်ထားခဲ့သည့် ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)အား ဖေဖော်ဝါရီ ၂၀ ရက်က နှစ်နိုင်ငံကူသန်းသွားလာမှုနှင့် ကုန်စည် ကူးသန်း ရောင်းဝယ်မှုများအဆင်ပြေစေရေးတို့အတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ချစ်ကြည်ရေးတံတားအမှတ်(၁)ပေါ်မှ ဖြတ်သန်းသွားလာမည့်သူများအနေဖြင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ထိုးပြီးကြောင်း အ​ထောက်ထားပြသပါက ဖြတ်သန်းသွားလာခွင့်လက်မှတ်များကို သက်ဆိုင်ရာက ထုတ်ပေးလျက် ရှိသည်။ ထိုသို့ ဖြတ်သန်းသွားလာခွင့်လက်မှတ်များထုတ် ပေးရာတွင် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်အတုများပြသ၍ ဖြတ်သန်းခွင့်လက်မှတ်လာရောက်ပြုလုပ်သူများရှိနေသဖြင့် တာဝန် ရှိသူများက စီစစ်အရေးယူမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Read more

မော်တော်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြားအသစ်များ မတ် ၃၁ ရက်အပြီး အမြန်ပြောင်းလဲတပ်ဆင်ရန် ထပ်မံထုတ်ပြန်

မော်တော်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြားအသစ်များ မတ် ၃၁ ရက်အပြီး အမြန်ပြောင်းလဲတပ်ဆင်ရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထပ်မံထုတ်ပြန်မှုအရ သိရသည်။

ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ခြင်း မြန်ဆန်စွာ ရာနှုန်းပြည့်ပြီးစီးရေးအတွက် နိုင်ငံပိုင် ဌာနဆိုင်ရာ ယာဉ်များ၊ အဝေးပြေးခရီးသည်တင်ယာဉ်များ၊ မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ၊ တက္ကစီယာဉ်များ၊ ကုန်တင်ယာဉ်များအားလုံးသည် ယာဉ်များတွင် မတ် ၃၁ ရက်အပြီး မပျက်မကွက် ပြောင်းလဲတပ်ဆင်ကြပါရန် ထပ်မံအသိပေးနှိုးဆော်ကြောင်း သိရသည်။

Read more

အက်စ်တိုးနီးယားရွေးကောက်ပွဲ လက်ရှိဝန်ကြီးချုပ် အနိုင်ရ

အက်စ်တိုးနီးယားနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ပါလီမန်ရွေးကောက်ပွဲမှာ ဗဟိုလက်ယာပါတီရဲ့ ဝန်ကြီးချုပ် ကာဂျာကာလပ်စ် ကအနိုင်ရသွားပါတယ်။ မဲတွေ အားလုံးနီးပါး ရေတွက်ပြီးစီးသွားချိန်မှာ ယူကရိန်း အရေးကို ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့တဲ့ ကာလပ်စ် အနိုင်ရကြောင်း ရလဒ်တွေက ပြခဲ့ပါတယ်။

Read more

ဂျပန်စစ်အတွင်း အဓမ္မ ခိုင်းစေခဲ့သူများကို တောင်ကိုရီးယားအစိုးရက လျော်ကြေးပေးသွားမည်

တောင်ကိုရီးယားသည် ဂျပန်စစ်အတွင်း အတင်းအဓမ္မ  ခိုင်းစေခံရသူများအား လျော်ကြေးငွေပေးမည့် အစီအစဉ်ကို မတ်လ ၆ ရက် တနင်္လာနေ့တွင် ကြေညာခဲ့သည်။

ကိုရီးယားနိုင်ငံအား ဂျပန်တို့ ၃၅ နှစ်ကြာ အုပ်ချုပ်ခဲ့စဉ်အတွင်း ကိုရီးယားလူမျိုး ၇ သိန်း ၈ သောင်းခန့်သည် ဂျပန်ကုမ္ပဏီများ၏ အတင်းအဓမ္မ ခိုင်းစေခြင်းကို ခံခဲ့ရကြောင်း ဆိုးလ်မြို့မှ အချက်အလက်များက ဖော်ပြထားသည်။

Read more

ရုရှားကို တရုတ်က လက်နက်တွေပေးပို့ခဲ့ရင် အကျိုးဆက်တွေရှိမယ်လို့ ဂျာမနီအဓိပတိ သတိပေး

စစ်ပွဲအတွက် တရုတ်က ရုရှားကို လက်နက်တွေပေးပို့ခဲ့ရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာမှာဖြစ်ကြောင်း ဂျာမနီ အဓိပတိ  အိုလက်ဖ်ရှိုးဇ် က ပြောကြားပါတယ်။ ဒါပေမယ့်လည်း ဘေဂျင်းက ဒီလိုလုပ်မှာ မဟုတ်ဘူးလို့ စိတ်ချကြောင်းလည်း သူက ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံပြီးနောက် နှစ်ရက်အကြာ မတ် ၅ ရက်က ထုတ်လွှင့်ခဲ့တဲ့ စီအင်န်အင်န်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အိုလက်ဖ်ရှိုးဇ် က အထက်ပါအတိုင်းပြောကြားတာဖြစ်ပါတယ်။

Read more

မန်စီးတီးတောင်ပံတိုက်စစ်မှူး ဂရေးလစ်ရှ် ဝင်ငွေအများဆုံး ဘောလုံးကန်ဖိနပ်စပွန်ဆာရရှိ

မန်စီးတီးတောင်ပံတိုက်စစ်မှူး ဂရေးလစ်ရှ်ဟာ ဗြိတိန်ကစားသမားတွေထဲမှာ ဝင်ငွေအများဆုံး ဘောလုံးကန် စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အင်္ဂလန်ကစားသမားဟာ Nike အမှတ်တံဆိပ် ဘောလုံးကန်ဖိနပ်နဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက် Puma နဲ့ လက်တွဲခဲ့တာပါ။

Puma နဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်ကို ပေါင် ၁၀ သန်းအထိရရှိမှာဖြစ်ပြီး ၅ နှစ်သက်တမ်းရှိတာကြောင့် အကျိုးအမြတ်အများဆုံး ဘောလုံးကန်ဖိနပ်စပွန်ဆာရရှိခဲ့တာဖြစ်ပါတယ်။

Read more

ခြေချင်းဝတ်ဒဏ်ရာကြောင့်ရာသီကုန်ထိ အနားယူရတော့မယ့် နေမာ

PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်၍ ရာသီကုန်အထိ ဘောလုံးပြန်ကစားနိုင်တော့မည်မဟုတ်ဘဲ (၃)လမှ (၄) လဝန်းကျင်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

နေမာသည် ဖေဖော်ဝါရီလအတွင်းက လိုင်လီအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် အဆိုပါဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကတည်းက ကာလရှည်အနားယူရဖွယ်ရှိကြောင်း သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။

Read more