ပါတီဝင်စိစစ်ခြင်းဆောင်ရွက်

သီပေါ မတ် ၇

ရှမ်းမြောက် သီပေါမြို့နယ်ပါတီရုံးတွင် ပါတီဝင်လျှောက်လွှာ စီစစ်ခြင်းကို မြို့နယ် ဥက္ကဌ ကြီးကြပ်မှုဖြင့် ရုံးဦးစီးအဖွဲ့ဝင်များ ရပ်/ကျေးပါတီ အဖွဲ့များနှင့် ဆောင်ရွက်နေပါသည်။


Read more

ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်နှင့် ရပ်ကျေးပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

၇၊မတ်လ ၊၂၀၂၃ ခုနှစ်။

ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြိုနယ်ရုံးအစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာပါတီဥက္ကဌများနှင့် ပါတီကော်မတီဝင်များ စုစုပေါင်အင်အား (၄၅) ဦး တွေ့ဆုံ၍ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ စည်းရုံးရေးရာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ(ယာယီ)ဦးထွန်းထွန်းဦးက ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက် လာသော ရေးရာတာဝန်ခံများနှင့်ရပ်ကွက်ပါတီဥက္ကဌများ၏ ဆွေးနွေးတင်ပြမှုများအား ပြန်လည် ပေါင်းစပ်ညှိနှိင်း ဆောင်ရွက်ခဲ့ကြပါသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ (၇၈)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် တပ်မတော်အရိုးအထူးကုဆေးရုံကြီး(ခုတင် ၅၀၀)တွင် အလှူငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန် မတ် ၇

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ (၇၈)နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် အလှူငွေ ပေးအပ်ခြင်း အခမ်းအနားအား ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က တပ်မတော်အရိုးအထူးကုဆေးရုံကြီး (ခုတင် ၅၀၀)တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

Read more

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ မှ (၇၈)နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုသောအားဖြင့် တပ်မတော် အရိုးအထူးကု ဆေးရုံကြီး (ခုတင် ၅၀၀)တွင် စုပေါင်းသွေးလှုဒါန်း

မင်္ဂလာဒုံ၊မတ် (၅)

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၇၈)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသော အားဖြင့် သွေးလှုဒါန်းခြင်းအခမ်းအနားကို ယနေ့(၅.၃.၂၀၂၃)တနင်္ဂနွေနေ့ နံနက်(၉:၀၀) နာရီက  တပ်မတော်အရိုးအထူးကုဆေးရုံကြီး(ခုတင် ၅၀၀) တွင်ကျင်းပခဲ့ပါသည်။

Read more

မိုင်းဖြတ်မြို့နယ်အတွင်း ပါတီ၀င်အင်အားစိစစ်ခြင်းဆောင်ရွက်

မိုင်းဖြတ် ၊ မတ် ၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ နမ့်ဆန်ကျေးရွာနှင့် ဟိုနားလားဟူကျေးရွာများသို့ ပါတီ၀င်အင်အား စိစစ်ရန်အတွက် ပြည်နယ်ကော်မတီ၀င်(မီဒီယာတာ၀န်ခံ) စိုင်း၀မ်းလှိုင်းတစ်ပ်၊ ခရိုင်ကော်မတီ၀င် စိုင်းရီတစ်၊ မိုင်းဖြတ်မြို့နယ်ဥက္ကဌ စိုင်းစီလီ၀န်းတစ်၊ အတွင်းရေးမှူးဒေါ်ပြည့်ပြည့်စုံ၊ ကော်မတီ၀င် ဒေါ်စလွန်မေ ဒေါ်လေးလေပေါလ် တို့မှ သွားရောက် ဆောင်ရွက်ခဲ့ကြပါသည်။

 

Read more

ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ ပြည်နယ်ဥက္ကဋ္ဌ တက်ရောက်

တောင်ကြီး မတ် ၅

ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက် ၊ ပအိုဝ်းအမျိူးသားဘက်စုံဖွံ့ဖြိုးရေး ( ဒဲဉ်းသီးဗွေ ) ကွင်းတွင် ပြုလုပ်ကျင်းပသော ( ၇၄ ) နှစ်မြောက်  ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ ရှမ်းပြည်နယ် တောင်ပိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဧရာဝတီတိုင်းဒေသကြီးမှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

မတ် ၄၊ ပုသိမ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းပါတီရုံးစည်းဝေးခန်းမတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ပုသိမ်ခရိုင်၊ မြို့နယ်ဥက္ကဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနချုပ် သို့ သင်တန်းတက်ရောက်မည့် တိုင်း​ဒေသကြီးအတွင်း ၂၆ မြို့နယ်မှ သင်တန်းသားများနှင့် တွေ့ဆုံခဲ့ပါသည်။

Read more

BYD အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ထပ်မံရောက်ရှိလာ

Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော BYD အမျိုးအစားလျှပ်စစ် သုံးယာဉ် ၁၉ စီး ထီးတန်းဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

Read more

မြန်မာအလုပ်သမား ၁၀၀၀ ကျော် တောင်ကိုရီးယားသို့ ထပ်မံရောက်ရှိ

EPS စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၀၄၀ ဦး မတ် ၅ ရက်တွင် ထပ်မံရောက်ရှိခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများက အလုပ်သမား ၁၀၄၀ အား တောင်ကိုရီယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် EPS စနစ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more