ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ မြို့မိမြို့ဖများ၊တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ နှင့်တွေ့ဆုံ

ဘားအံ မေ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်း‌‌ရေးမှူး
ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်‌ဇော် ၊ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးတို့နှင့်အတူ ၂၀၂၅ ခုနှစ်‌၊ မေလ ၆ ရက်နေ့‌တွင် ဘားအံမြို့၌ မြို့မိမြို့ဖများ၊တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံခဲ့ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဌနှင့် ဗဟိုအတွင်းရေးမှူးတို့သည် တက်ရောက်လာကြသူများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိဖြစ်ပေါ်‌နေသော နိုင်ငံရေး၊စီးပွားရေးအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ကရင်ပြည်နယ်ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံ


ဘားအံ မေ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်း‌‌ရေးမှူး ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်‌ဇော် ၊ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးတို့နှင့် အတူ ၂၀၂၅ ခုနှစ်‌၊ မေလ ၆ ရက်နေ့‌ တွင် ဘားအံမြို့၌ ပြည်နယ်၊ခရိုင်၊မြို့နယ်နှင့်ရပ်‌ကျေးပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
ထို့နောက်ပါတီဒုတိယဥက္ကဋ္ဌသည်အစည်းအဝေးသို့တက်ရောက်လာကြသော တိုင်း/ ခရိုင်/မြို့နယ်ပါတီများမှ တာဝန်ရှိသူများနှင့်သက်ဆိုင်ရာ နယ်မြေအလိုက် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့်ပတ်သက်ပြီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အသေးစိတ် သုံးသပ်ဆွေးနွေးခဲ့‌ကြောင်း သတင်းရရှိပါသည်။

Read more

ဆိုဗီယက်ခေတ် ၁၉၇၂ ခုနှစ်က လွှတ်တင်ခဲ့တဲ့ Kosmos 482 အာကာသယာဥ်

ဆိုဗီယက်ခေတ် ၁၉၇၂ ခုနှစ်က လွှတ်တင်ခဲ့တဲ့ Kosmos 482 အာကာသယာဥ်၏ မြေပြင်ဆင်းအစိတ်အပိုင်း (တန်ဝက်အလေးချိန်ရှိ) ဟာ နည်းပညာချို့ယွင်းမှုကြောင့် ကမ္ဘာပတ်လမ်းတွင် နှစ်ပေါင်းများစွာ ကျန်ရှိနေခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း ကမ္ဘာ့လေထုထဲသို့ အထိန်းမဲ့ကျဆင်းလာမည်ဖြစ်ကာ “လူနေဒေသများသို့ ကျရောက်နိုင်တယ်” လို့ ပညာရှင်များက သတိပေးနေပါတယ်။


Read more

ငလျင်ကြောင့်ပျက်စီးခဲ့သည့် ဥပါတသန္တိစေတီတော် မြောက်ဘက်မုခ် ဓာတ်လှေခါးကို ဖြုတ်သိမ်း

မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေပြည်တော်ရှိ ဥပါတသန္တိစေတီတော်မြတ်ကြီး၏ ဓာတ်လှေကားကို ဖြုတ်သိမ်းနေကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ဥပါတသန္တိစေတီတော် မြောက်ဘက်မုခ် ဓာတ်လှေခါးအတွင်း ပြိုကျပျက်စီးမှုများ ရှိခဲ့ခြင်းဖြစ်သည်။

ယင်းသို ဖြုတ်သိမ်းမှုကို နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်များက 48 meter hydraulic platform ယာဉ်ဖြင့် ကူညီဖြုတ်သိမ်းခြင်းနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Read more

မန္တလေးမြို့ပေါ်နေ ပြည်သူများအတွက် စားသောက်ကုန်များ ဈေးကား ၂ စီးနဲ့ လှည့်လည်ရောင်းချပေးနေ

(ပြည်တွင်း) မေ ၈

မန္တလေးမြို့နေပြည်သူများ ဆန်၊ ဆီ၊ အသား/ငါး အပါအဝင် စားသောက်ကုန်များကို သက်သာသော နှုန်းထား‌နဲ့ ဝယ်ယူနိုင်ရေး‌ ဈေးရောင်းကား ၂ စီးနဲ့ လှည့်လည်ရောင်း ချပေးနေနေကြောင်း သိရပါတယ်။

Read more

လိုင်ချီးသီးနှင့် ဆီးချိုသွေးချိုရောဂါ

လိုင်ချီးသီးသည် သကြားဓာတ် ၁၅ ရာခိုင်နှုန်းကျော်ပါသည့် သစ်သီးဖြစ်ပြီး ချိုပြီးမွှေးသောအရသာရှိသောကြောင့် ယခင်ကတည်းက ဆီးချိုသွေးချို #လူနာများကို မကျွေးခိုင်းပါ။ သို့သော် ၂၀၁၅ နောက်ပိုင်းထွက်ပေါ်လာသည့် သုတေသနစာတမ်းများအရ #ဆီးချိုဝေဒနာသည်များသည် လိုင်ချီးသီးစားလျှင် ဆီးချိုမတက်သည့်အပြင် အကျိုးကျေးဇူးများစွာရရှိကြောင်း တွေ့ရပါသည်။ ယင်းတို့မှာ-

♦️ သွေးတွင်းဂလူးကို့စ်ဓာတ် ကျဆင်းအောင်ကူညီပေးခြင်း
လိုင်ချီးသီးတွင်ပါဝင်သော ဖိနောလစ်ဒြပ်ပေါင်းများကြောင့် ဖြစ်ပါသည်။ ထို့အပြင် ဟိုက်ပိုဂလိုက်စင်-အေကြောင့် အသည်းမှ ဂလူးကို့စ်များထပ်မထွက်လာအောင် ပြုလုပ်ပေးပါသည်။

Read more

မော်ရင်ဟိုကို နည်းပြသစ်ခန့်အပ်ရန် အယ်ဟီလယ်အသင်းကြိုးပမ်းနေ

ဆော်ဒီထိပ်တန်းကလပ် အယ်ဟီလယ်အသင်းက အသင်းနည်းပြရာထူးမှ နည်းပြဂျီးဆပ်နုတ်ထွက် ပြီးနောက် လစ်လပ်နေသည့်နည်းပြရာထူးအတွက် လက်ရှိ ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟိုကို ခန့်အပ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

အယ်ဟီလယ်အသင်းသည်ယခုဘောလုံး ရာသီတွင် အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသကဲ့ သို့ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင်လည်း အဆင့်(၂)နေရာ ၌သာရပ်တည်နေပြီး ချန်ပီယံဆုကိုလက်လွှတ်ရရန် နီးစပ်နေကာ ဆုဖလားလက်မဲ့ရာသီနှင့်တွေ့ကြုံရန် နီးစပ်ခဲ့ပြီးနောက် နည်းပြဂျီးဆပ်က အသင်းနည်းပြ ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

Read more

ခြေ၊လက်တွေ ထုံကျဉ် ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ခြေလက်တွေ မှာ ထုံကျဉ် တဲ့ ခံစားမှုကို တော်တော်များများ ခံစားဖူးကြမှာပါ။ ဒီလို လက္ခဏာတွေဟာ အဖြစ်များပြီး စိတ်အနှောင့်အယှက်လည်း အတော်လေးဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်လေ အိပ်တဲ့အချိန်မှာ ဖိပြီးအိပ်မိတာ၊ အချိန်အကြာကြီး ခြေချိတ်ပြီးထိုင်မိတာ စတဲ့အခြေအနေတွေမှာ nerve (သို့) အာရုံကြောလေးတွေကို ဖိမိတာကြောင့် ခြေထောက်၊ လက်တွေမှာ ထုံလာတာ၊ ကျဉ်လာတာမျိုးတွေကို ခဏတာ ခံစားရနိုင်ပါတယ်။

Read more

ချယ်လ်ဆီးအသင်း၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုနှစ်ခုကို ကွင်းလယ်ကစားသမား ကိုင်စီဒို ဆွတ်ခူး

ချဲလ်ဆီးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးနှင့် အသင်းဖော်များရွေးချယ်တဲ့ အကောင်းဆုံးကစားသမား ဆုကို ကွင်းလယ်ခံစစ်ကစားသမား ကိုင်စီဒို က ဆွတ်ခူးရရှိခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကိုင်စီဒို ဟာ အခုရာသီ ပရီးမီးယားလိဂ် ၃၅ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ကစားထားခဲ့ပြီး သွင်းဂိုး တစ်ဂိုး သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Read more

ယီမင်နိုင်ငံအား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်

ယီမင်နိုင်ငံမြို့တော်ဆာနာနှင့်မြောက်ပိုင်းခရိုင်အမ်ရန်ကို အစ္စရေးတပ်မတော်က လေကြောင်းမှ မေလ ၆ ရက် တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအပြီးတွင် မြို့တော်ဆာနာနှင့် အမ်ရန်ခရိုင်တို့တွင် အနက်ရောင်မီးခိုးများ ထူထပ်စွာတက်လာသည်ကို တွေ့မြင်ရကြောင်း ဒေသခံမျက်မြင်သက်သေများက ပြောသည်။

ဆာနာတွင် တိုက်ခိုက်မှုများသည် ဆာနာအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဓာတ်အားပေးစက်ရုံနှင့် စစ်ဘက် နေရာနှစ်ခုကို ထိမှန်ခဲ့သည်။ မြို့တော်၏ မြောက်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာ အမ်ရမ် ခရိုင်တွင်လည်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများက ကွန်ကရစ်စက်ရုံတစ်ရုံကို ပစ်မှတ်ထားခဲ့ကြောင်း သိရသည်။

Read more