စာသင်ကျောင်းတွေမှာ စက်ရုပ်တွေနဲ့သင်ကြားပို့ချဖို့ ယူအေအီးပညာရေးဝန်ကြီးဌာန စီစဉ်နေ

ယူအေအီးနိုင်ငံက စာသင်ကျောင်းတွေမှာ ဉာဏ်ရည်တု နည်းပညာသုံး စက်ရုပ်ဆရာတွေနဲ့ များမကြာခင်မှာ သင်ကြား ပို့ချနိုင်တော့မှာဖြစ်ကြောင်း ယူအေအီးပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကပြောပါတယ်။

ပညာရေးဝန်ကြီးဌာနမှာ နောက်ဆုံးပေါ်နည်းပညာတွေကို လက်ခံကျင့်သုံးဖို့ မူဝါဒချမှတ်ထားပြီး GPT –AI နည်းပညာသုံး စက်ရုပ်ဆရာတွေနဲ့ သင်ကြားဖို့၊ ပညာရေးစနစ်ကို နည်းပညာနဲ့ မြှင့်တင်ဖို့အတွက် မိမိတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ယူအေအီးပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

Read more

မျက်နှာမှတ်မိတဲ့ အလိုအလျောက် မောင်းသူမဲ့လေယာဉ်တွေ အမေရိကန်လေတပ် တီထွင်

အမေရိကန်လေတပ်ဟာ အလိုအလျောက်မောင်းသူမဲ့လေယာဉ်တွေအတွက် မျက်နှာမှတ်မိပြီးတိုက်ခိုက်နိုင်တဲ့ ဉာဏ်ရည်တုနည်းပညာသုံး အက်ဖ်တီအာစနစ်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆီရက်တယ်လ် အခြေစိုက် RealNetworks ကုမ္ပဏီတို့အကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ အဲဒီမောင်းသူမဲ့လေယာဉ်တွေကို နိုင်ငံရပ်ခြားဒေသတွေမှာ တာဝန်ထမ်းဆောင်ဖို့အပြင် ထောက်လှမ်းရေး နဲ့ အထူးစစ်ဆင်ရေးတွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

Read more

၁ ခါအားသွင်းရင် ၆၂၁ မိုင် မောင်းနှင်နိုင်တဲ့ လျှပ်စစ်ကား ဘက်ထရီ

တရုတ် ကု

တရုတ် ကုိမ္ပဏီ CATL ရဲ့ တတိယမျိုးဆက် Cell-to-pack (CTP) နည်းပညာက လျှပ်စစ်ကားတွေကို ၁ ခါအားသွင်းရင် ၆၂၁ မိုင်(၁၀၀၀ ကီလိုမီတာ) မောင်းနှင်နိုင်ပါတယ်။ CATL က အဲဒီ ဘက်ထရီကို Qilin လို့ အမည်ပေးထားပြီး ၂၀၂၃ ခုနှစ်မှာ အမြောက်အများ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Read more

ချဲလ်ဆီးအသင်း ဒေါ့မွန်ကို ၂ ဂိုးပြတ်နိုင်ပြီး ချန်ပီယံလိဂ်ကွာတားတက်

မနေ့ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက စတာလင်ရဲ့သွင်းဂိုးအပြင် အငြင်းပွားဖွယ်ရာ ကိုင်ဟားဗတ်စ်ရဲ့ ပင်နယ်တီသွင်းဂိုးတွေနဲ့ ဒေါ့မွန်အသင်းကို အနိုင်ရပါတယ်။

ပထအကျော့ ဒေါ့မွန်အိမ်ကွင်း ပွဲစဉ်တုန်းက ချဲလ်ဆီးက ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ၂ ပွဲပေါင်းရလဒ် ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး ကွားတာဖိုင်နယ်ကို တက်ရောက်တာဖြစ်ပါတယ်။

Read more

UFC ဟဲဗီးဝိတ်ချန်ပီယံသစ်ဖြစ်လာသူ ဂျွန်ဂျုံးစ် တတိယမြောက် ၀ိတ်တန်း(၂)တန်း ချန်ပီယံအဖြစ် မှတ်တမ်းဝင်

UFC 285 ပြိုင်ပွဲ၏ Main Fight ဖြစ်သည့် အမေရိကန်MMAကစားသမား ဂျွန်ဂျုံးစ်က ပြင်သစ်MMAကစားသမား စီရယ်လ်ဂန်းကို  ပထမအချီမှာပင် လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ရပြီး လစ်လပ်နေသည့် ဟဲဗီးဝိတ်တန်းချန်ပီယံ ခါးပတ်ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်း ဂျွန်ဂျုံးစ်သည် မက်ဂရီဂေါ်၊ ကော့မိုင်ယာတို့ပြီးနောက် UFC ပြိုင်ပွဲတွင် ၀ိတ်တန်း (၂)တန်းချန်ပီယံဖြစ်ဖူးသည့် တတိယမြောက်ကစားသမား ဖြစ်လာခဲ့သည်။

Read more

ဘောလုံးနှင့် ပရဟိတလုပ်ဆောင်မှုကြောင့် လီဗာပူးကွင်းလယ်လူ ဂျိမ်းစ်မီလ်နာ MBE ဘွဲ့ ချီးမြှင့်ခံရ

လီဗာပူးကွင်းလယ်လူ ဂျိမ်းစ်မီလ်နာဟာ ဘောလုံးနဲ့ ပရဟိတလုပ်ဆောင်မှုတွေကြောင့် ဗြိတိန်ဘုရင် ကချီးမြှင့်တဲ့လူမှုထူးချွန်းဆုတစ်ခုဖြစ်တဲ့ MBE ဘွဲ့ချီးမြှင့်ခံခဲ့ရပါတယ်။

အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ ဗြိတိန်မင်းသားဝီလီယံက ဆုတံဆိပ်ချီးမြှင့်ပေးတာကို ဂျိမ်းစ်မီလ်နာက တက်ရောက်ရယူခဲ့တာပါ။

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားကို မန်စီးတီးနဲ့ လီဗာပူးအသင်းတွေမှာ ရယူနိုင်ခဲ့သူပါ။

Read more

ရုရှားနှင့်ဆက်ဆံရေး အရှိန်မြှင့်ရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

ကမ္ဘာကြီးကပိုပြီး ကသောင်းကနင်းဖြစ်လာလို့ တရုတ်ဟာ ရုရှားနဲ့ ဆက်ဆံရေး အရှိန်မြှင့်ရလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းက မတ်လ ၇ ရက်မှာ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ မြို့တော်ပေကျင်းမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ချင်က ခုလိုပြောလိုက်တာပါ။

တရုတ်-ရုရှား ဆက်ဆံရေးဟာ ထိပ်တိုက်မတွေ့ရေးကို အခြေခံထားပြီး ဘယ်လို တတိယအုပ်စုကိုမှ ပစ်မှတ်ထားမှာ မဟုတ်သလို ဘယ်နိုင်ငံကိုမှ ခြိမ်းခြောက်၊ စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း ချင်ဂန်းက ဆက်ပြောပါတယ်။

Read more

စမ်းသပ်ပစ်လွှတ်တဲ့ ဒုံးကျည်တွေကို ပစ်မချဖို့ မြောက်ကိုရီးယား သတိပေး

ပစိဖိတ် သမုဒ္ဒရာကို ကျော်ဖြတ်ပြီး စမ်းသပ်ပစ်လွှတ်နေတဲ့ သူတို့ရဲ့ ဒုံးကျည်တွေကို ပစ်ချခဲ့ရင် စစ်ကြေညာတာ ဖြစ်လိမ့်မယ်လို့ မြောက်ကိုရီးယားက သတိပေးပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ လတွေမှာ ပိတ်ပင်ထားတဲ့ လက်နက်စမ်းသပ်မှုတွေ အမြောက်အမြားလုပ်ဆောင်ခဲ့ပြီး နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ ပြုံယမ်းဆီက ခြိမ်းခြောက်မှုတွေ ရှိနေချိန် အမေရိကန် နဲ့ တောင်ကိုရီးယားတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ခဲ့ပါတယ်။

Read more

ဂျပန်ဒုံးပျံပစ်လွှတ်မှုမအောင်မြင်လို့ တောင်းပန်ရပြီ

ဂျပန်မှာ လူအများစိတ်ဝင်စားနေကြတဲ့ ဒုံးပျံ ပစ်လွှတ်စမ်းသပ်မှု မအောင်မြင်ခဲ့တဲ့အပေါ် အာကာသအေဂျင်စီ အကြီးအကဲက တောင်းပန်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သူ့မှာ တာဝန်ရှိကြောင်းနဲ့ သူ့အနေနဲ့ လူထုယုံကြည်မှုရအောင်ပြန်ကြိုးစားသွားမယ်လို့ Hiroshi Yamakawa က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

လုပ်ငန်းစဉ်အပြီး သူ့အလိုလို မီးလောင် ပျက်စီးသွားအောင် စီမံထားတဲ့ ဒုံးပျံတင်ဆောင်ရာ H-3 ရော့ကတ်ဟာ ပစ်လွှတ်ပြီး မိနစ်ပိုင်းအတွင်း ဒုတိယအင်ဂျင် မီးမလောင်ဘဲ ရှိခဲ့တာပါ။

Read more

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ယနေ့ စတင် ဖြေဆို

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီကနေ့ မတ် ၈ ရက်မှာ စတင်ဖြေဆိုနေကြပြီဖြစ်ပါတယ်။ အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ ကျောင်းသားကျောင်းသူ ၁၇၉,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားတာဖြစ်ပါတယ်။ ဒီစာမေးပွဲကို  မတ် ၈ ရက်ကနေ ၁၈ ရက်အထိ ကျင်းပသွားမှာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Read more