ဟောင်ကောင်ဆန္ဒပြပွဲမှတ်ချက်များကြောင့် သရုပ်ဆောင်ဒွန်နီယန်ကို အော်စကာဆုပေးပွဲ အစီအစဉ်တင်ဆက်သူ အဖြစ်မှ ဖယ်ရှားပေးရန် အွန်လိုင်းတွင် လူသောင်းနှင့်ချီတောင်းဆို

တရုတ်အစိုးရကိုထောက်ခံမှုကြောင့် လာမည့် ၂၀၂၃ အော်စကာဆုပေးပွဲတွင် အ စီအစဉ်တင်ဆက်သူအဖြစ်မှ ဟောင်ကောင် သရုပ်ဆောင်ဒွန်နီယန်ကို ဖယ်ရှားပေးရန်  လူပေါင်းသောင်းနှင့်ချီ အွန်လိုင်းတွင် လက်မှတ်ထိုးတောင်းဆိုထားသည်။

ယင်းသို့တောင်းဆိုမှုကို ဟောင်ကောင်မှလူတစ်စုက စတင်လိုက်ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်က ဟောင်ကောင် ဆန္ဒပြပွဲများနှင့်ပတ်သက်သည့် ယန်၏လတ်တလောပြောဆိုချက်များသည် လွတ်လပ်စွာဖော်ထုတ်ပြောခွင့်ကို ထိပါးနေသည်ဟု ဆိုသည်။ အော်စကာဆုရွေးချယ်ရေးအဖွဲ့ကမူ  ယင်းတောင်းဆိုမှုအပေါ် တစ်စုံတစ်ရာ မှတ်ချက်မ ပေးသေးပေ။

Read more

ဖုန်မှုန့်တွေကြောင့် ဓာတ်မတည့်တာတွေကို လျော့ပါးသွားစေမဲ့ အရိုးရှင်းဆုံးနည်းလမ်းများ

ဖုန်မှုန့်တွေကြောင့် နှာချေရတာက အဖြစ်များတဲ့ ဓာတ်မတည့်မှုတစ်မျိုးပါပဲ။ အဲဒီဓာတ်မတည့်ခြင်းက ထိန်းချုပ်ဖို့ ခက်လှပါတယ်။ နှာချေခြင်း၊ နှာမွှန်ခြင်း၊ မျက်ရည်ဝဲခြင်း၊ အသက်ရှုရတာ ခက်ခဲခြင်း၊ ချောင်းဆိုးခြင်းတွေက ဖုန်မှုန့်ဓာတ်မတည့်မှုတွေရဲ့ အဖြစ်များတဲ့လက္ခဏာရပ်တွေဖြစ်ပါတယ်။

အဲဒီဓာတ်မတည့်တာတွေက လေထဲမှာ ဖုန်မှုန့်တွေ ပါရှိခြင်းကြောင့် ဖြစ်ရတာပါ။ ဖုန်မှုန့်နဲ့ဓာတ်မတည့်တဲ့သူတွေက ကျန်းမာရေးကို ထိန်းသိမ်းတဲ့အနေနဲ့ ဆေးကို ပုံမှန်သောက်ပေးရပါတယ်။ ဒါပေမဲ့ ဒါက ဖြေရှင်းနည်းတစ်ခုတော့ မဟုတ်ပါဘူး။ သင်ဟာ ဖုန်မှုန့်နဲ့ ဓာတ်မတည့်တဲ့သူဖြစ်မယ်ဆိုရင် အောက်မှာ ဖော်ပြေပေးထားတဲ့ ရိုးရှင်းဆုံးအိမ်တွင်းနည်းတွေနဲ့ ဓာတ်မတည့်မှုတွေ လျော့ပါးသွားအောင် ကြိုးစားကြည့်လိုက်ပါ။

Read more

လူကုန်ကူးမှုဆိုင်ရာအသိပညာပေးဟောပြောပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ပူးပေါင်းပါဝင်

လားရှိး မတ် ၈

ရှမ်းမြောက်၊ လားရှိးမြို့ရပ်ကွက်(1)နယ်မြေ(နယ်မြေ၇)တွင် လူကုန်းကူးမှုဆိုင်ရာအသိပညာပေးဟော ပြောပွဲ ပြုလုပ်ကျင်းရာတွင် ရှမ်းမြောက် ပြည်ခိုင်ဖြိုးပါတီအမျိုးရေးရာတာဝန်ခံဒေါ်နန်းခမ်းယဉ်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့များ တက်ရောက် ပူးပေါင်းပါဝင်ခဲ့ပါသည်။


Read more

ကိုယ့်အားကိုယ်ကိုး တံတားဆောက်လုပ်ရာတွင် အသုံးပြုရန် အတွက်ဘိလပ်မြေအိတ်ဖိုး၂သိန်း လှူဒါန်း

မိုင်းယောင်း မတ် ၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးစိုင်း‌အောင်ခမ်းနှင့် မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းဆမ်တို့သည် ၀မ်ကောင်းကျေးရွာအုပ်စု၊ ၀မ်ကောင်းရွာသို့ ကွင်းဆင်း၍ ကျေးရွာအုပ်စုပါတီ ကော်မတီ၀င်များ နှင့် ပါတီစည်းရုံးရေးကိစ္စများ၊ ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်များဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ၀မ်ကောင်းကျေးရွာ လယ်သမားများ၏ ကိုယ့်အားကိုယ်ကိုး လယ်ယာကုန်ထုတ် လမ်းတံတား တည်ဆောက်နေသည့် နေရာသို့ သွားရောက်ကာ တံတားတည်ဆောက်ရေးအတွက် ဘိလပ်မြေဖိုး (၂၀၀၀၀၀)ကျပ် လှူဒါန်းပေးခဲ့ပါသည်။

Read more

ပါတီဝင်စီစစ်ခြင်းကိစ္စများအား ပြည်ထောင်စုနယ်မြေပါတီဥက္ကဌမှ သွားရောက်ကြည့်ရှုအားပေး

မတ်လ ၈ရက်နေ့  ၂၀၂၃

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဥက္ကဌ ဦးလှဆွေ ပါတီနာယက ဦးဌေးဝင်း ပါတီအတွင်းရေးမှူး ဦးဝင်းဌေး တို့ ပါဝင်သောအဖွဲ့သည် ပါတီဝင်အဟောင်းများ ပြန်လည်စီစစ်ခြင်းနှင့် ပါတီဝင်အသစ်များစုဆောင်းခြင်းလုပ်ငန်းများ အချိန်မှီပြီးဆီးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ ကွင်းဆင်းခြင်းလုပ်ငန်းများအား နံနက် (၁၀)နာရီမှ ညနေ (၃)နာရီအထိ ဆောင်ရွတ်ခဲ့ပြီး ဒက္ခိဏသီရိမြို့နယ် ဥတ္တရသီရိမြို့နယ် တပ်ကုန်းမြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။

Read more

ရွှေစာရံဘုရားဖူးပြီးပြန်လာသည့် ဘုရားဖူးကား မိုင်းထောင်ဖောက်ခွဲကာပစ်ခတ်ခံခဲ့ရ အသက် (၆)နှစ်အရွယ် ကလေးငယ်အပါအဝင် ၃ ဦး သေဆုံး

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊နွားထိုးကြီး-မြင်းခြံသွားကားလမ်း၏ ညောင်ပင်သာကျေးရွာအနီးတွင် မတ် ၇ ရက် ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှသိရသည်။

ယမန်နေ့က မန္တလေးတိုင်း၊တောင်သာမြို့၊အမှတ် (၅)ရပ်ကွက်မှ ဒေါ်ငြိမ်းသန္တာသင်း အပါအဝင် ၉ ဦးသည် ပုသိမ်ကြီးမြို့နယ်ရှိ ရွှေစာရံဘုရားသို့ Toyota Passo ကားဖြင့် ဘုရားဖူးသွားရောက်ပြီးနောက် ပြည်လည်ထွက်ခွာလာခဲ့ကြကြောင်း သိရသည်။

Read more

မတ် ၈ ရက်အထိ UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၉ ပါတီရှိ

ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၈ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ လာရောက်လျှောက်ထားသည့် ပါတီ ၁၉ ပါတီရှိကြောင်း  ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် (UEC) က ထုတ်ပြန်သည်။

Read more

ဂရိမှာ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပို့ဆောင်ရေးဝန်ထမ်းတွေ ဆန္ဒပြ

ဂရိနိုင်ငံမှာ ပြီးခဲ့တဲ့ တပတ်က လူ ၅၇ဦး သေဆုံးခဲ့တဲ့ ရထားနှစ်စီး တိုက်ခဲ့တဲ့ ဖြစ်ရပ်အပေါ် သယ်ယူ ပို့ဆောင်ရေးနဲ့ ပြည်သူ့ဝန်ထမ်းတွေ ဒေါသထွက်ပြီး သပိတ်မှောက်နေပါတယ်။

ကျောင်းဆရာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ကားသမားတွေကလည်း ရထားဝန်ထမ်းတွေရဲ့ သပိတ်မှာ ပါဝင်လာပါတယ်။ ဂရိမှာ ရထားနှစ်စင်း တိုက်မိပြီးတဲ့နောက် ရထားဝန်ထမ်းတွေက လုံခြုံရေးစနစ် ပိုမိုကောင်းမွန်ဖို့ ဆန္ဒပြခဲ့ကြပါတယ်။

Read more

ပါကစ္စတန်မှာ စီတန်းလှည့်လည်ဖို့ ကြိုးစားသူတွေကို ရဲက ဖြိုခွဲ

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ စီတန်းလှည့်လည်ဖို့ ကြိုးစားနေတဲ့ ပါတီ တက်ကြွ လှုပ်ရှား သူတွေကို ရေပိုက်တွေ လက်ကိုင်တုတ်တွေကို အသုံးပြုပြီး ရဲတွေက လူစုခွဲဖို့ ကြိုးစားတယ်လို့ အတိုက်အခံခေါင်းဆောင် အီမရန်ခမ်း ထောက်ခံသူတွေက ပြောပါတယ်။

လူမှုကွန်ရက် မီဒီယာပေါ်မှာ တက်လာတဲ့ ရုပ်ပုံတွေမှာ မြို့ထဲမှာ စုရုံးနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေကို တားမြစ်တာကို ချိုးဖောက်တယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။

Read more

အီရန်တွင် ကျောင်းသားပေါင်း ၅၀၀၀ ခန့် အဆိပ်သင့်မှုနှင့်ပတ်သက်၍ သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်း

အီရန်နိုင်ငံတွင် နိုဝင်ဘာလကုန်က တည်းကကျောင်းသားပေါင်း ၅၀၀၀ ကျော် ထူးဆန်းစွာ အဆိပ်သင့်မှုနှင့် ပတ်သက်၍ ပထမဆုံးဖမ်းဆီးမှုများကိုလုပ်ဆောင်ခဲ့ကြောင်း မတ် ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အများပြည်သူများ၏ ဒေါသဖြစ်မှုများ မြင့်တက်နေချိန်တွင်အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီက ခွင့်မလွှတ်နိုင်သော ရာဇဝတ်မှုကျူးလွန်သူများကို သနားညှာတာခြင်းမရှိခြေရာခံ ထောက်လှမ်း နေသည်ဟု မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

Read more