Xiaomi က နောက်နှစ် ပထမနှစ်ဝက်မှာ လျှပ်စစ်ကား အမြောက်အများ ထုတ်လုပ်မည်

Xiaomi တည်ထောင်သူနဲ့ CEO Lei Jun က ကုမ္ပဏီရဲ့ လျှပ်စစ်ကား ဖန်တီးတဲ့ လုပ်ငန်း တိုးတက်မှုအကြောင်းကို မကြာခင်က ပြောကြားခဲ့ပြီး အမြောက်အများ ထုတ်လုပ်ဖို့ အချိန် သိပ်မကြာတော့ပါဘူး။

Read more

အမေရိကန်မှာ ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေ

သိပ်မဝေးတော့တဲ့ ကာလမှာ ကြက်တွေကို မသတ်ဘဲ ကြက်သား စားလို့ရလာတော့မှာပါ။ အမေရိကန် ကုမ္ပဏီ ၁ ခုက ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေပါတယ်။ ကြက် ၁ ကောင်မှ မမွေးဘဲ ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေတာပါ။

Read more

အော်စကာဆု ဆွတ်ခူးသွားတဲ့ မီချဲလ်ယို

မြန်မာပရိသတ်တွေကြား ထင်ရှားတဲ့ မလေးရှားနိုင်ငံဖွား မင်းသမီး မီချဲလ်ယိုကတော့ ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး မင်းသမီးဆု ဆွတ်ခူးသွားခဲ့ပါတယ်။ မီချဲလ်ယိုဟာ သိပ္ပံစိတ်ကူးယဉ် ဟာသဒရာမာဇာတ်ကား Everything Everywhere All at Once မှာ အဓိကဇာတ်ကောင် အီဗလင်းဝမ်အဖြစ် သရုပ်ဆောင်ခဲ့လို့ ဒီဆု ရခဲ့တာပါ။

Read more

မျက်နှာက အဆီပိုတွေကို ဘယ်လိုဖယ်ရှားကြမလဲ

လူတော်တော်များများက ကိုယ်အလေးချိန်ကျသွားပြီးတာတောင် မျက်နှာက အဆီတွေ လျော့မသွားတာနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒါက ကျွန်တော်တို့ခန္ဓာကိုယ်မှာ လျော့ရခက်တဲ့ အဆီတွေထဲက တစ်ခုပါပဲ။ ပါးဖောင်းဖောင်းလေးကနေစပြီး မေးနှစ်ထပ်ဖြစ်နေတာအထိ မျက်နှာက အဆီတွေကို ဖယ်ရှားပစ်လို့ရပါတယ်။ မျက်နှာက အဆီပိုတွေ မရှိအောင် တစ်နေ့တာ လုပ်ဆောင်လို့ရတဲ့ အလေ့အထတွေကို ပြောပြပေးချင်ပါတယ်။

မျက်နှာလေ့ကျင့်ခန်းလုပ်ကြည့်ပါ

Read more

ကျန်းမာရေးဌာနအတည်ပြု ဝိတ်ကျဆေး ထိုးဆေး

အမေရိကန်ပြည်ထောင်စုမှာ ပေါ်ပြူလာဖြစ်နေတဲ့ ဝိတ်ကျဆေးကိုအင်္ဂလန်နိုင်ငံ ကျန်းမာရေးဌာန NHS ကတရားဝင်သုံးစွဲခွင့်ပြုလိုက်ပါပြီ။

စျေးကွက်ထဲမှာ Wegovy ဝီဂိုဗီဆိုတဲ့နာမည်နဲ့ရောင်းချတဲ့ semaglutide ဆမက်ဂလူတိုက် ဝိတ်ကျဆေးဟာ ဘေးအန္တရာယ်ကင်း၊ ထိရောက်ပြီး တန်ဖိုးသင့်တင့်တဲ့ ထိုးဆေးဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ ကျန်းမာရေးနဲ့ စောင့်ရှောက်မှုဌာန NICE ကဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဝီဂိုဗီဝိတ်ကျဆေးဟာ အရေးပြားကနေ တဆင့်ထိုးရတဲ့ထိုးဆေးပါ။ အဲဒီဆေးထိုးထားရင်ဗိုက်ပြည့်နေသလိုခံစားရပြီး မဆာတော့ပါဘူး။ အစားနည်းသွားပါတယ်။ ဒါဟာ ဒီဆေးအဓိက အလုပ်လုပ်ပုံ ဖြစ်ပါတယ်။

Read more

လုပ်ငန်းညှိနှိင်းအစည်းအဝေး

တောင်ကြီး မတ် ၁၀

တောင်ကြီးမြို့နယ် ပါတီဥက္ကဌ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင် အရံပါတီကော်မတီဝင်များ မြို့နယ်ပါတီရုံးခန်းတွင် လုပ်ငန်းညှိနိုင်းစည်းဝေးပြုလုပ်ခဲ့ပါသည်။


Read more

၂၀၂၃ ပထမ(၃)လပါတ်အစည်းအဝေးကျင်းပ

လားရှိး မတ် ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဒေါက်တာမျိုးထွန်း ဦးဆောင်သော ပြည်နယ်ကောမတီဝင်များ၊ ခရိုင်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/မြို့နယ် ဥက္ကဋ္ဌများနှင့်၂၀၂၃ ခုနှစ်၊ မတ်လ(၉)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်နယ်ပါတီရုံးတွင် ၂၀၂၃ ခုနှစ်၊ ပထမ(၃)လပါတ် အစည်းအဝေးကို ကျင်းပခဲ့ပြီး ပထမရက်(၉၀)စီမံချက်အကောင်အထည် ဖော်ဆောင်မှုပြီးစီးမှုများကို ရှင်းလင်း သုံးသပ်ခြင်းနှင့် ဒုတိယရက်(၉၀)စီမံချက်နှင့်ပက်သက်၍ ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

Read more

ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

၆ ၊ ၃ ၊ ၂၀၂၃ နေ့ နံနက်  ၉ : ၀၀ နာရီ အချိန်တွင် ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏  စွမ်းရည်မြှင့်သင်တန်း ကို မြို့နယ်ပါတီရုံးတွင် ဖွင့်လှစ်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ပြည်နယ်ပါတီကော်မတီဝင်(ကျောက်ဖြူမြို့နယ်ပါတီတာဝန်ခံ) ဦးထွန်းမင်း ခရိုင်ပါတီဥက္ကဌ ဦးမြလင်း  ၊မြိုနယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး  ၊ အတွင်းရေးမှူး ဦးတင်ထွန်း ၊ ဘဏ္ဍာရေးမှူးဦးအေးလွင် နှင့်မြို့နယ်ပါတီကော်မတီများစုစုပေါင်း ( ၂၅. )ဦး တက်ရောက်ခဲ့ကြပါသည်။

Read more

နယ်ကွင်ဆင်း၍ ရပ်မိရပ်ဖများနှင့်တွေ့ဆုံဆွေးနွေး

မြန်အောင် မတ် ၉

မြန်အောင်ခရိုင်ပါတီဥက္ကဌ ဦးနေဝင်းဇော် မြို့နယ်ပါတီဥက္ကဌ ဒေါ်ရင်မြတ်သူ အတွင်းရေးမှူး ဘဏ္ဍာရေးမှူးနှင့် အဖွဲ့က အင်ပင်တိုက်နယ်အတွင်းရှိ ရပ်မိရပ်ဖများ ပါတီအမာခံများနှင့် နယ်ဆင်းသွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။


Read more

လုပ်ငန်းညှိနှိင်းအစည်းအဝေး

လယ်ဝေး မတ် ၉

ယနေ့(9-3-2023)ရက်လယ်ဝေးခရိုင် လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ခရိုင်နှင့်မြို့လုပ်ငန်းညှိနိုင်းအစည်း တစ်ရပ်ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ပြည်ထောင်စုကော်မတီဝင် ဦးခင်မောင်ထွန်း  ခရိုင်ဥက္ကဌ ဦးကြည်ငြိမ်းခိုင်နှင့် ခရိုင်ကော်မတီဝင်များ လယ်ဝေးမြို့နယ် ဥက္ကဌဦးအောင်ခိုင်မိုးနှင့် မြို့နယ်ကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ပါသည်။


Read more