ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရခိုင်ပြည်နယ်အတွင်းရှိ ပါတီဝင်အဟောင်းများနှင့်တွေ့ဆုံ

မတ် ၁၂၊ သံတွဲ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့်အတူ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်မှ ၃ နာရီအချိန်ထိ သံတွဲမြို့နယ်ပါတီရုံးတွင် ပြုလုပ်သော  ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ တောင်ကုတ် ခရိုင်အတွင်းရှိ မြို့နယ် (၇)မြို့နယ်မှ ပါတီဝင်ဟောင်း (၈၀)ဦးနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

Read more

ဖောင်းပြင်မြို့၌ ယမန်နေ့ညက ငလျင်လှုပ်ခတ်၊နှစ်ပတ်အတွင်း မြန်မာနိုင်ငံ၌ ငလျင် ၃ ကြိမ်လှုပ်

ငလျှင်အတွက် သတိထားစရာ၊ကြိုတင်ပြင်ဆင်စရာတို့ကို လုပ်​ဆောင်ဖို့ ခပ်စိပ်စိပ်လှုပ်လာသည့်ငလျှင်များက တပ်လှန့်​နေပြီဖြစ်သည်။

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့၌ မတ် ၁၂ ရက်ညက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့​သေးသည်။

ယမန်နေ့ည ၆ နာရီ ၁၃ မိနစ် ၄၀ စက္ကန့်က ဖောင်းပြင်မြို့၏ မြောက်-အနောက်မြောက်ဘက် မိုင် (၂၀)ခန့်အကွာ မြောက်လတ္တီတွဒ် (၂၄ ဒသမ ၅၂) ဒီဂရီ၊အရှေ့လောင်ဂျီတွဒ်(၉၄ ဒသမ ၆၈)ဒီဂရီ၊အနက်(၁၀၄)ကီလိုမီတာအား ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

Read more

နေပြည်တော် ပျဉ်းမနားတွင် အခကြေးငွေယူ၍ ပတ်စ်ပို့ ပြုလုပ်ပေးသူ အမျိုးသမီး ဖမ်းဆီးရမိ

နေပြည်တော် ပျဉ်းမနားတွင် အခကြေးငွေယူ၍ ပတ်စ်ပို့ ပြုလုပ်ပေးသူ အမျိုးသမီးအား ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း နစက က သတင်းထုတ်ပြန်သည်။

အဆိုပါ အမျိုးသမီးသည် မတ် ၇ရက်က နေပြည်တော်အသိုင်းအဝိုင်း “ Facebook Group ” တွင် “Win Min Thant” Facebook Account ဖြင့် နေပြည်တော် ရှစ်မြို့နယ် အိမ်ထောင်စုဖြင့် ပတ်စ်ပို့အမျိုးမျိုးကို ယုံကြည်စွာ အပ်နှံနိုင်ပါပြီ ဆက်သွယ်ရန် ဖုန်းနံပါတ် ၀၉-၄၂၂၁၁၆၁၆၁’ဟု ရေးသားဖော်ပြထားခဲ့မှုနှင့် ပတ်သက်၍ ဖော်ထုတ်အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Read more

ဝရိန်ကျွမ်းကျင် မြန်မာလုပ်သား ၁၇ ဦးအား တောင်ကိုးရီးနိုင်ငံသို့စေလွှတ်

တောင်ကိုရီးယားနိုင်ငံရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် ဝရိန်ကျွမ်းကျင်မြန်မာ လုပ်သား ၁၇ ဦး တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိပြီဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက မတ် ၁၂ ရက် တွင် ထုတ်ပြန်ထားသည်။

အဆိုပါမြန်မာလုပ်သား ၁၇ ဦးသည် Samsung Heavy Industries တွင်လုပ်ကိုင်ရမည်ဖြစ်ပြီး၊ E-7-3 ဗီဇာဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Read more

စစ်ရေးတိုက်ခိုက်မှု အန္တရာယ်ကို ဟန့်တားဖို့ မြောက်ကိုရီးယားဆုံးဖြတ်

စစ်ရေးတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်မယ့် အရေးကြီးတဲ့ လက်တွေ့အစီအမံတွေကို ဆောင်ရွက်ဖို့ မြောက်ကိုရီးယားက ဆုံးဖြတ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းကနေ တနင်္ဂနွေမှာ ကြေညာလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ၅ နှစ်အတွင်း အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုမစခင် တရက်အလိုမှာပဲ၊ အခုလို ပြောလိုက်တာပါ။ ဒီဆုံးဖြတ်ချက်ကိုတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ဦးဆောင်တဲ့ အာဏာရပါတီရဲ့ စစ်ကော်မရှင်အစည်းအဝေးတွင်းမှာ ချမှတ်လိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းက ပြောပါတယ်။

Read more

ဘန်ကောက်မြို့က လေထုညစ်ညမ်းမှု အန္တရာယ်

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့မှာ လက်တလော ဖုံးလွှမ်းနေတဲ့ လေထု ညစ်ညမ်းမှု အန္တရာယ်ရှိတဲ့ အဆင့်တွေဟာ မလျော့ကျဘူးဆိုရင် ဘန်ကောက်မြို့မှာ နေထိုင်သူတွေဟာ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ညွှန်ကြားခံရနိုင်ပါတယ်။ ကလေးတွေနဲ့ ကိုယ်ဝန်သည် အမျိုးသမီးတွေကိုတော့ အိမ်ထဲမှာပဲ နေကြဖို့ ညွှန်ကြားထားပြီး အပြင် ထွက်ကြသူတိုင်း နှာခေါင်းစည်း တပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Read more

ပြိုလဲသွားတဲ့ Silicon Valley Bank ကို ကန်အစိုးရ ကျားကန်ပေးမည် မဟုတ်

ဘဏ္ဍာရေးအကျပ်အတည်းကြုံတွေ့နေရတဲ့ Silicon Valley Bank ကို ပြည်ထောင်စုအစိုးရအနေနဲ့ ငွေကြေး ကျားကန်ထောက်ပံ့ပေးမှာမဟုတ်ဘူးလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောပါတယ်။ ဒါပေမယ့်လည်း စုငွေတွေဆုံးရှုံးမလားဆိုပြီး စိတ်ပူနေသူတွေအတွက်တော့ ကူညီဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

Read more

ယခုနှစ်အတွင်း နိုင်ငံငါးခုတွင် သရုပ်ပြလက်ဝှေ့ပွဲငါးပွဲ ထပ်မံထိုးသတ်မည်ဖြစ်ကြောင်း မေဝယ်သာ ကြေညာ

ပရော်ဖက်ရှင်နယ်လက်ဝှေ့လောကမှ အနားယူထားသည့် နာမည်ကြီး အမေရိကန်လက်ဝှေ့သမားဟောင်း ဖလွိုက်မေဝယ်သာက ယခုနှစ်အတွင်း နိုင်ငံငါးခုတွင် သရုပ်ပြလက်ဝှေ့ပွဲငါးပွဲ ထပ်မံထိုးသတ်မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

အသက် ၄၆ နှစ်ရှိပြီဖြစ်သည့် မေဝယ်သာသည် ၂၀၁၇ ခုနှစ်တွင် ပွဲ ၅၀ ကစား၊ ပွဲ ၅၀ စလုံး အနိုင်ရသည့်မှတ်တမ်း ပိုင်ဆိုင်ပြီးနောက် ပရော်ဖက်ရှင်နယ်လက်ဝှေ့လောကမှ အနားယူခဲ့ပြီး သရုပ်ပြလက်ဝှေ့ပွဲများ ဆက်တိုက်ထိုးသတ် လျက်ရှိသည်။ ၎င်းက “The Heist” ဟု အမည်ပေးထားသည့် သရုပ်ပြလက်ဝှေ့ခရီးစဉ်ကို ယခုနှစ်အတွင်း နိုင်ငံငါးခုတွင် ထိုးသတ်မည်ဖြစ်ကြောင်း Instagram ဗီဒီယိုမှတစ်ဆင့် အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

Read more

ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ရပ်ရှ်ဖို့ဒ် တစ်ရာသီအတွင်း (၃)ကြိမ်မြောက်ရရှိပြီး ဆာလာ၏စံချိန်အား လိုက်မီ

မန်ယူအသင်း၏ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည့်အတွက် တစ်ရာသီအတွင်း (၃) ကြိမ်မြောက်ရရှိပြီး လီဗာပူးလ်တိုက်စစ်ကစားသမား ဆာ လာ၏ စံချိန်အား လိုက်မီခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်(၄)ပွဲတွင် (၅)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သည့်အတွက် တစ်လတာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ပြီး ဆာလာ၏ တစ်ရာသီအတွင်း အများဆုံးရရှိသည့်စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။

Read more

စရောင်းတဲ့နေ့မှာတင် ရောင်းအားကောင်းခဲ့တဲ့ realme 10

realme Myanmar မှ နောက်ဆုံးမိတ်ဆက် ရောင်းချခဲ့တဲ့ realme 10 ဟာ စရောင်းတဲ့နေ့မှာတင် ရောင်းအားတဟုန်ထိုး မြှင့်တက်ခဲ့ပါတယ်။ realme 10 ကို ၆၉၉၉၀၀ ကျပ်ဖြင့် မတ်လ ၃ ရက်နေ့မှ စပြီး မြန်မာတစ်နိုင်ငံလုံးရှိ realme အရောင်းကောင်တာတွေမှာ ရောင်းချပေးခဲ့တာပါ။

Read more