မြောက်ကိုရီးယားကရေငုပ်သင်္ဘောမှ နျူကလီးယားခရုဇ်ဒုံးကျည်များစမ်းသပ်ပစ်ခတ်ခဲ့

အမေရိကနှင့်တောင်ကိုရီးယားတို့စစ်ရေးလေ့ကျင့်မှုစတင်ချိန်၌ မြောက်ကိုရီးယားဘက်မှ ရေငုပ်သင်္ဘောမှ မဟာဗျူဟာမြောက်ခရုဇ်ဒုံးကျည်နှစ်စင်းအား စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA ကဖော်ပြခဲ့သည်။

“မဟာဗျူဟာ” ဟူသောစကားလုံးအား များသောအားဖြင့် နျူစွမ်းရည်ရှိသောလက်နက်များအတွက် အသုံးပြုခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားပြီး အဆိုပါစမ်းသပ်ပစ်လွှတ်မှုမှ ၎င်းတို့၏ ယုံကြည်စိတ်ချရမှုအား အတည်ပြုခဲ့ခြင်း ဖြစ်သည်ဟုလည်းဆိုသည်။

အဆိုပါဒုံးကျည်၏ အသေးစိတ်အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်ရန်အတွက် တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီအနေဖြင့် အမေရိကနှင့်ပူးပေါင်းဆောင်ရွက်နေပြီး စစ်ရေးအရအထူးသတိထား နေရသည်ဟုလည်း ပူးတွဲစစ်ဦးစီးချုပ်ကပြောကြားခဲ့သည်။

Read more

အမေရိကန်နဲ့တောင်ကိုရီးယား က ငါးနှစ်အတွင်း အကြီးဆုံးစစ်ရေးလေ့ကျင့်မှု စတင်

နိုင်ငံအနီးမှာ စစ်ရေးလေ့ကျင့်တာတွေကို စစ်ကြေညာခြင်းအဖြစ် ရှုမြင်နိုင်တယ်လို့ မြောက်ကိုရီးယားက သတိပေးခဲ့ပြီးနောက်မှာပဲ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ငါးနှစ်အတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပါတယ်။

မကြာသေးခင်လတွေမှာ ပိတ်ပင်ထားတဲ့ လက်နက်စမ်းသပ်မှုတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့တဲ့ မြောက်ကိုရီးယားဆီက ခြိမ်းခြောက်ပြောဆိုတာတွေ များလာနေချိန်မှာပဲ အမေရိကန် နဲ့ တောင်ကိုရီးယားက ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

Read more

ဆော်ဒီ ရေနံကုမ္ပဏီ Aramco စံချိန်တင်အမြတ်ငွေရရှိ

ဆော်ဒီ ရေနံကုမ္ပဏီကြီး Aramco ဟာ စွမ်းအင်ဈေးနှုန်းမြှင့်တက်လာမှုနဲ့ ဝယ်လိုအားပမာဏများလာမှုတွေ ကြောင့် ၂၀၂၂ ခုနှစ်မှာ စံချိန်တင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၆၁.၁ ဘီလီယံအထိရရှိခဲ့တယ်လို့ တနင်္ဂနွေ နေ့က ထုတ်ပြန်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနဲ့ယှဉ်ရင် နိုင်ငံပိုင်ကုမ္ပဏီအတွက် အမြတ်ငွေ ၄၆.၅ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။

Read more

တိုင်ဆန်ဖျူရီနှင့် အူဆိုက် ခါးပတ်ပေါင်းစည်းပွဲထိုးရန် အတည်ပြုချက်ရရှိထားကြောင်း WBA ထုတ်ပြန်

ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်(WBA) က ဟဲဗီးဝိတ်တန်း ချန်ပီယံများဖြစ်သည့် ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီ နှင့် ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်တို့ ခါးပတ်ပေါင်းစည်းပွဲထိုးသတ်ရန် သဘောတူညီမှုအတွက် အတည်ပြုချက် လက်ခံရရှိထားကြောင်း ထုတ်ပြန်ခဲ့သည်။

အူဆိုက်၏ပွဲစီစဉ်သူက လာမည့်ပွဲစဉ်မှာ ခါးပတ်ပေါင်းစည်းပွဲမဖြစ်နိုင်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့ သော်လည်း နောက်ဆုံးသတ်မှတ်ထားသည့် သောကြာနေ့ ဂရင်းဝစ်စံတော်ချိန် ည(၁၀)နာရီမတိုင်မီ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း WBA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read more

London Football Awards ဆုပေးပွဲမှာ အောင်ပွဲခံခဲ့ကြတဲ့ ဂန်းနားဆရာတပည့်များ

လန်ဒန်မြို့ခံကလပ်အသင်းတွေရဲ့ ကစားသမားတွေနဲ့ နည်းပြတွေထဲက ရွေးချယ်ပေးအပ်လေ့ရှိတဲ့ London Football Awards ဆုပေးပွဲမှာတော့ အာဆင်နယ်အသင်းသားတွေကပဲ အောင်ပွဲခံသွားခဲ့ကြပါတယ်။

Read more

ကတ်စမီရို၏ အနီကတ်ပြစ်ဒဏ်အတွက် မန်ယူအသင်း အယူခံတင်သွင်းမည်မဟုတ်

မန်ယူအသင်းဟာ ကွင်းလယ်လူ ကတ်စမီရိုရဲ့ အနီကတ် ပြစ်ဒဏ်အတွက် အယူခံတင်သွင်းခြင်းမပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘရာဇီးကွင်းလယ်လူဟာ တနင်္ဂနွေနေ့က ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေကျ ခဲ့တဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရတာပါ။ ကတ်စမီရိုဟာ အခုနှစ်ရာသီအတွင်း ဒုတိယမြောက် အနီကတ်ပြသခံခဲ့ ရတာကြောင့် ပြည်တွင်းပွဲစဉ် ၄ ပွဲ ပွဲပယ်ခံရမှာပါ။ ဒါကြောင့် ဖူဟမ်အသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်၊ နယူးကာဆယ်၊ ဘရန့်ဖို့ဒ်၊ အဲဗာတန်အသင်းတွေနဲ့ ကစားရမယ့်  ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။ ကတ်စမီရိုဟာ ဥရောပလိဂ်တွေမှာ ပွဲပေါင်း ၅၀၀ ကျော်ကစားခဲ့ပေမဲ့ တိုက်ရိုက်အနီကတ် ပြသခံရဖူးခြင်းမရှိဘဲ ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေနဲ့ ပွဲ ၂၀ လောက်တွေ့ဆုံမှသာ အနီကတ်နှစ်ကြိမ်အထိ ပြသခံရတာလို့  နည်းပြတန်ဟတ်ဂ်က ဝေဖန်ထောက်ပြထားပါတယ်။

Read more

ဂူးဂဲလ်မှာ ရှာဖွေမှုအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးက ပန်းပန်နေဆဲ စီရော်နယ်ဒို

ဆော်ဒီအာရေဗျကလပ် အယ်လ်နတ်စ်ဆာ ဆီကို ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်ပေမယ့် ဂူးဂဲလ်မှာ ရှာဖွေမှု အများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးကနေ ပန်းပန်နေတဲ့သူကတော့ စီရော်နယ်ဒို ဖြစ်ကြောင်း သိရှိရပါတယ်။

FOOTGOAL ရဲ့စစ်တမ်းကောက်ယူချက်တွေအရ ၂၀၂၃ ခုနှစ်ထဲမှာ စီရော်နယ်ဒိုကို ဂူးဂဲလ်မှာ ရှာဖွေကြည့်ရှုမှုက လတ်တလောမှာ ၁၇ ဒသမ ၄ သန်းအထိ ရှိနေပြီလို့ သတင်းတွေက ဆိုပါတယ်။

Read more

တက်စလာ လျှပ်စစ်ကားများကို ၂၀ ရာခိုင်နှုန်း ဈေးလျှော့ရောင်း

အမေရိကန်နိုင်ငံတွင် အခြေစိုက် ထုတ်လုပ်နေသည့် လျှပ်စစ်မော်တော်ကားများကို ကမ္ဘာတစ်ဝန်းသို့ လျှော့ဈေးဖြင့် ရောင်းချပေးနေပြီဖြစ်ကြောင်းသိရသည်။

အမေရိကန်ကုမ္ပဏီထုတ် လျှပ်စစ်မော်တော်ကားများကို လက်ရှိပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးမည်ဖြစ်ပြီး ကားမော်ဒယ်အလိုက် ဝယ်ယူမည့် နိုင်ငံအလိုက် ၂၀ ရာခိုင်နှုန်းထက် ပိုမိုသည့် လျှော့ဈေးများလည်း ရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ကြေညာထားသည်။

Read more

ဂျာမနီရဲ့ 5G ကွန်ရက်မှာ Huawei နဲ့ ZTE ရဲ့ ပစ္စည်းတွေကို ပိတ်ပင်နိုင်

ဂျာမနီက 5G ကွန်ရက်မှာ Huawei နဲ့ ZTE တို့လို တရုတ် ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေကို ပိတ်ပင်ဖို့ စီစဉ်နေပါတယ်။ နိုင်ငံရဲ့ လုံခြုံရေးအတွက် အခုလို ပြုလုပ်ဖို့ ဂျာမနီ အစိုးရက ကြိုးစားနေတာ ဖြစ်ပါတယ်။

Read more

ဘိုင်ရာဗာမင်းသားပါဝင်ထားတဲ့ ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်း အော်စကာဆု ရရှိ

ဘိုင်ရာဗာမင်းသား ရာမ်ချာရန် ပါဝင်သရုပ်ဆောင်ထားတဲ့ RRR ဇာတ်ကားရဲ့ Naatu Naatu ဇာတ်ဝင်သီချင်းဟာ အကောင်းဆုံးမူရင်းသီချင်းဆုအမျိုးအစားနဲ့ အော်စကာဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဒါရိုက်တာ အက်စ်အက်စ်ရာဂျာမိုလီရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားရဲ့ Naatu Naatu သီချင်းက နိုင်ငံတကာဆုပေးပွဲကြီးဖြစ်တဲ့ အော်စကာဆုပေးပွဲမှာ အခုလိုဆုကြီးကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအိန္ဒိယရုပ်ရှင်သီချင်းဖြစ်လာခဲ့ပါတယ်။

Read more