နယ်မြေကွင်းဆင်း၍ ဒေသခံများနှင့် စကားဝိုင်းပြုလုပ်

မိတ္ထီလာ မတ် ၁၃

မိတ္ထီလာမြို့နယ်၊ ကျွဲတလင်းကျေးရွာအုပ်စု၊ ဘုံစုကံကျေးရွာတွင် ဒေသခံများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ မိတ္ထီလာမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးမြင့်ဆန်းနှင့် ကော်မတီဝင်များ၊ ရပ်/ ကျေးကော်မတီဝင်များ၊ ပါတီဝင်များ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အကြောင်း၊ လက်ရှိနိူင်ငံရေးအခြေအနေများနှင့် လူငယ်/အမျိုးသမီးအဖွဲ့များ ဖွဲ့စည်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Read more

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပါဝင်လောင်းလှူ

မြင်းခြံ မတ် ၁၃

၁၃-၃-၂၀၂၃ ရက်နေ့ ၁၄:၀၀မှ၁၅:၃၀ အချိန်ထိ မြင်းခြံမြိုတွင် ( ၄၁ )ကြိမ်မြောက်၊ မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမန်းမြင့်၊ အတွင်းရေးမှုးဒေါ်သီတာယုမွန်နှင့် ကော်မတီဝင်များ၊ လူငယ်/အမျိုးသမီး ပါတီဝင်များမှ သံဃာတော် ( ၈၂၃ )ပါး အတွက် ဆွမ်းဆန်တော် ၂၅ အိတ် ကုသိုလ်ပြု လောင်းလှူခဲ့ကြောင်း သိရှိရသည်။

Read more

ပါတီဝင်များဖြင့် ကွင်းဆင်းတွေ့ဆုံခြင်း

တာချီလိတ် မတ် ၁၃

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်ပါတီဥက္ကဌ(ယာယီ)ဦးကျော်ငြိမ်းအောင်၊ မြို့နယ်အတွင်းရေးမှူး ဦးစိုးကျော်အောင် သည် မြို့နယ်ပါတီအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မူအန်တူငဲတ၊ မြို့နယ်ပါတီရုံးဝန်ထမ်းများ နှင့်အတူ မိုင်းကိုးအုပ်စုစည်းရုံးရေးတာဝန်ခံ ဦးကျဒေါလော် တို့ဖြင့် မိုင်းကိုးအုပ်စု၊ မယ်ဖုံးလုံကျေးရွာမှ ပါတီဝင်များဖြင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆွေးနွေးတိုင်ပင်ခြင်း၊ PR စနစ် အကြောင်းအား ပါတီဝင်များ သိရှိနားလည်စေရန် ရှင်းလင်း ပြောကြားပေးခြင်း၊ ပါတီဝင်အင်အားစီစစ်ခြင်း၊ ပါတီရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံညှိနိုင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယရက်(၉၀) စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တိုင်း/ခရိုင်/မြို့နယ် လုပ်ငန်းညှိနှိင်း အစည်းအဝေးပြုလုပ်

ရန်ကုန် မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယရက်(၉၀) စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိင်း အစည်းအဝေးအား ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က ရန်ကုန်တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေ့ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုးမှ ပါတီဗဟို၏ လမ်းညွှန်ချက်ဖြစ်သော ဒုတိယရက်(၉၀)စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

Read more

ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်၊ အမျိုးသမီးရေးရာတွေ့ဆုံပွဲအခမ်းအနားသို့ တာဝန်ခံဗဟို အလုပ်အမှုဆောင် များတက်ရောက်

 

မတ် ၁၂၊ ပုသိမ်

​၁၂-၃-၂၀၂၃ ရက်နေ့ နံနက် ၉ အချိန်တွင် ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် လူငယ်၊ အမျိုးသမီးရေးရာ တွေ့ဆုံပွဲအား ကျင်းပပြုလုပ်ရာ တာဝန်ခံဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။

Read more

ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်၊ အမျိုးသမီးရေးရာတွေ့ဆုံပွဲအခမ်းအနားသို့ တာဝန်ခံဗဟို အလုပ်အမှုဆောင်များတက်ရောက်

မတ် ၁၂၊ ကန်ကြီးထောင့်

​၁၂-၃-၂၀၂၃ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် လူငယ်၊ အမျိုးသမီးရေးရာ (၂၉၉)ဦးနှင့် တွေ့ဆုံပွဲအား ကျင်းပပြုလုပ်ရာ တာဝန်ခံ ဗဟိုအလုပ် အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ တောင်ကုတ် ခရိုင်များမှ လူငယ်များတွေ့ဆုံပွဲနှင့် လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံပွဲသို့ တက်ရောက

  

မတ် ၁၃၊ သံတွဲ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့်အတူ ၁၂-၃-၂၀၂၃ ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် သံတွဲမြို့နယ် ဒွာရာဝတီခန်းမ၌ ပြုလုပ်သည့် ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ တောင်ကုတ် ခရိုင်များအတွင်းရှိ လူငယ်(၃၇၀)ဦးခန့်နှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

Read more

ထိုင်းသို့ အလည်အပတ်ဗီဇာဖြင့်လာသူများ ဘဏ်စာရင်းဖွင့်ခြင်းကို Bangkok Bank က ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့သော်လည်း အထောက်အထားခိုင်လုံပါက သံရုံးထောက်ခံချက်ဖြင့် ဆက်လုပ်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံး ထုတ်ပြန်

ထိုင်းနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် လာရောက်သူများအတွက် ဘဏ်ငွေစာရင်းဖွင့်လှစ်ခြင်းကို Bangkok Bank က ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း အထောက်အထားများ ခိုင်လုံပါက ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၏ ထောက်ခံချက်ဖြင့် ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးက မတ် ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

Read more

နောင်ချို နှင့် ပုသိမ်ကြီးတွင် ကားခေါင်မိုးအတွင်း သိုဝှက်သယ်ဆောင်လာသော ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ သိန်း ဖမ်းဆီးရမိ

ရှမ်းပြည်နယ် နောင်ချိုမြို့နှင့် မန္တလေးတိုင်း ပုသိမ်ကြီးမြို့တို့တွင် ကားခေါင်မိုးအတွင်းသိုဝှက်သယ်ဆောင်လာသော ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ သိန်း မတ်လ ၈ ရက်က ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Read more

ပုဂ္ဂလိကပိုင် လူစီးမော်တော်ယာဉ်များ ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်တပ်ဆင်ရမည်

ပုဂ္ဂလိကပိုင် လူစီးမော်တော်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြားပုံစံအသစ်ကို ပြောင်းလဲတပ်ဆင်ရမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။

ကညနအနေဖြင့် ပုဂ္ဂလိက လူစီးမော်တော်ယာဉ်များကို ဦးစားပေးပြောင်းလဲတပ်ဆင်ပေးသွားမည်ဖြစ်ရာ လူစီးယာဉ်များ အားလုံး နှစ်လဲသက်တမ်းတိုးချိန်စေ့ ရောက်သည်ဖြစ်စေ၊ မစေ့ရောက်သေးသည်ဖြစ်စေ သက်ဆိုင်ရာ ကညနရုံးများသို့ဆက်သွယ်၍ ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်များ အမြန်ဆုံး ပြောင်းလဲတပ်ဆင်ကြရန် အသိပေးထားသည်။

Read more