ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသားဟုယူဆရသည့် အလောင်းသုံးလောင်းတွေ့ရှိ

ထိုင်းနိုင်ငံ(တောင်ပိုင်း)၊ စွန်ခရာခရိုင်၊ တောအုပ်ထဲရှိအမှိုက်ပုံ၌ မြန်မာနိုင်ငံသားဟုယူဆရသည့် အလောင်း သုံးလောင်းကို ယမန်နေ့ (မတ် ၁၅ ရက်) နံနက် ၇ နာရီတွင်တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

အဆိုပါအလောင်းများကို ယတ်ယိုင်ဒေသနှင့် ဘန့်ကလန်းဒေသကြား လမ်းမကြီးနှင့် မီတာ ၂၀၀ ခန့်အကွာရှိ စွန့်ပစ်အမှိုက်ပုံ၌ အမှိုက်ကောက်သူတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှရွေ့ပြောင်း အလုပ်သမားများ ဖြစ်ကြောင်း၊ အသက် (၄၀) ဝန်းကျင်အရွယ်နှစ်ဦးနှင့် အသက် (၁၈)နှစ် အရွယ်တစ်ဦးတို့ဖြစ်ကြောင်း ထိုင်းသတင်း မီဒီယာများတွင် ဖော်ပြထားသည်။

Read more

လူတိုင်းအခမဲ့စီးနိုင်ရန် EV တက္ကစီ တစ်လတိတိ အခမဲ့ပြေးဆွဲပေးမည်

လူတိုင်းအခမဲ့စီးနိုင်သည့်အပြင် မောင်းနှင်ခွင့်ပါ ပေးထားသည့် EV တက္ကစီကို တစ်လတိတိ အခမဲ့ပြေးဆွဲပေးမည် ဖြစ်ကြောင်း EV Myanmar ကုမ္ပဏီ၏ အုပ်စုခွဲဖြစ်သည့် Myan Tickets မှအသိပေးထုတ်ပြန်ထားသည်။

အခမဲ့စီးနင်းနိုင်ခွင့်ကာလအား ၂၀၂၃ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့မှ ဧပြီလ(၁၃) ရက်နေ့ အထိသတ်မှတ်ထားပြီး အခမဲ့စီးနင်းခြင်း ခွင့်ပြုချက်ရယူနိုင်ရန်အတွက် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းချက်များအား လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေးထားသည်။

Read more

ကမ္ဘာ့အမြန်ဆုံးစက်ရုပ် စက်ရုပ်ဖလားဝင်ပြိုင်ရန် အသင့်ဖြစ်နေ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ ယူစီအယ်လ်အေက သုတေသီတွေဟာ ကမ္ဘာ့အမြန်ဆုံး လှုပ်ရှားသွားလာနိုင်တဲ့ လူသားဆန်တဲ့စက်ရုပ်ကို တီထွင်ဖန်တီးလိုက်ပြီး ဒီစက်ရုပ်ဟာ စက်ရုပ်ဖလားပြိုင်ပွဲဝင်ရန် အသင့်ဖြစ်နေပြီလို့ သုတေသီတွေက ပြောပါတယ်။

ARTEMIS လို့ အမည်ပေးထားတဲ့ အဲဒီစက်ရုပ်ဟာ ၂၀၂၃ စက်ရုပ်ဖလားဘောလုံးပြိုင်ပွဲမှာ ဝင်ပြိုင်ရန်အတွက် ဇူလိုင်လမှာ ပြင်သစ်နိုင်ငံ ဘော်ဒိုးမြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ စက်ရုပ်ဖလားပြိုင်ပွဲဟာ အမျိုးမျိုးသော စက်ရုပ်တွေရဲ့ စွမ်းရည်ကိုပြသတဲ့ နိုင်ငံတကာသိပ္ပံဆိုင်ရာပွဲတစ်ခုလည်းဖြစ်ပါတယ်။

Read more

သမိုင်းတစ်လျှောက် အကောင်းဆုံးနှင့် အမြင့်မားဆုံး အဆင့်မြှင့်တင်ပေးထားသည့် realme C55 ကို မတ်လ (၂၂) ရက်နေ့တွင် မိတ်ဆက်မည်

 (Pre-order) ကြိုတင်အမှာများကို စတင်လက်ခံပေးလျက်ရှိ။ လူတိုင်းဘဝတွင် မိမိတို့၏ဘဝကို ထင်ဟပ်ခွန်အား ပေးနိုင်သည့် ချန်ပီယံများစွာ ရှိနေတတ်ကြသည်။ အမှန်ဆိုရလျှင် ချန်ပီယံဆိုသည့် ဂုဏ်ပုဒ် မဖြစ်ပေါ်သေးသည့် အချိန်တွင် ဘဝ၏ချန်ပီယံများမှာ သုညအခြေအနေမျိုးမှ အခြေပြုကာ တဖြည်းဖြည်းချင်းတည်ဆောက်ပြီး အထွဋ်အထိပ်သို့ တက်လှမ်းလာကြခြင်းသာဖြစ်သည်။ မဆုတ်မနစ် စိတ်ဓာတ်မျိုးဖြင့် ကြိုးစားတည်ဆောက်ပြီး ကန့်သတ်ချက်များကို ချိုးဖြတ်ကျော်လွှားကာ တက်လှမ်းလာကြခြင်း ဖြစ်သည်။ ချန်ပီယံများသည် အသစ်အဆန်း သို့မဟုတ် စိတ်လှုပ်ရှားစရာ တစ်ခုခုကို ကျွန်ုပ်တို့အတွက် အမြဲလိုလို ဆောင်ကြဉ်းပေးလာတတ်ကြသည်။

Read more

ကမ္ဘာ့ အမြန်ဆုံး ဟိုက်ဒရိုဂျင် ယာဉ်ပျံ

Alauda Aeronautics က Airspeeder Mk4 ကို ပြသလိုက်ပြီး ပြိုင်ကားပျံလို့ ပြောပါတယ်။ ကမ္ဘာ့ အမြန်ဆုံး ဟိုက်ဒရိုဂျင် eVTOL ယာဉ်ပျံ ဖြစ်လာပါတယ်။

Read more

ပိုင်ရှင်ပြောင်းလိုက်မှ ငရဲထဲကျသွားဖို့ ရှိနေတဲ့ မန်ယူ

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က စည်းမျဉ်းတစ်ခု ပြောင်းလဲဖို့ စီစဉ်နေပါတယ်တဲ့။ အဲ့ဒီစည်းမျဉ်းသာ အသက်ဝင်သွားခဲ့ရင် ပထမဆုံး အထိနာနိုင်တာက မန်ယူပါပဲ။ ပိုင်ရှင်တူညီတဲ့ အသင်းနှစ်သင်းထဲက တစ်သင်းကို ချန်ပီယံလိဂ်မှာ ဝင်ကစားခွင့်မပြုဆိုတဲ့ ဥပဒေကို ယူအီးအက်ဖ်အေက ပြဌာန်းဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။ မန်ယူက ဘာလို့ ဒီဥပဒေနဲ့ ငြိစွန်းနိုင်တာလဲဆိုတော့ မန်ယူကို ဝယ်ယူဖို့ ကမ်းလှမ်းနေတဲ့ ပိုင်ရှင်တွေဟာ ပြင်သစ်ကလပ်တွေနဲ့ ဆက်နွှယ်မှုရှိနေလို့ ဖြစ်ပါသတဲ့။ ဒီတော့ အဲ့ဒီပြင်သစ်ကလပ်တွေကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရ၊ မန်ယူကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရတွေ ဖြစ်လာခဲ့ရင် အကုန်လုံးဇာတ်ရှုပ်ကုန်ပါလိမ့်မယ်။ ယူအီးအက်ဖ်အေဥက္ကဌ ဆီဖီရင် ကတော့ အခုစီစဉ်နေတဲ့ ဥပဒေစည်းမျဉ်းသစ်ကို ပြဌာန်းဖြစ်နိုင်ပါတယ်လို့ ပြောထားတာမို့ အခြေအနေက စောင့်ကြည့်ချင်စရာပါပဲ။ မန်ယူကို လက်လွှဲရောင်းချမယ့်ဇာတ်လမ်းကလည်း အခုအချိန်ထိ သပွတ်အူလို ရှုပ်ထွေးပွေလီနေဆဲပဲဖြစ်ပါတယ်။ #Shwesports

Read more

ဒဏ်ရာကြောင့် ဂါနာချို ကာလအတန်ကြာ နားရတော့မည်

မန်ယူအသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဂါနာချိုဟာ ဒဏ်ရာပြဿနာကြောင့် ကာလအတန်ကြာ အနားယူ ရတော့မှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဂါနာချိုဟာ ဆောက်သမ်တန်အသင်းနဲ့ ဂိုးမရှိ သရေကျတဲ့ပွဲရဲ့ ပွဲချိန် ၇၃ မိနစ်မှာ လူစားဝင်ခဲ့ပေမယ့် ပြိုင်ဘက်ကစားသမား ဝေါ်လ်ကာပီတာစ်ရဲ့ ဟန့်တားမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါကြောင့် ခြေချင်းဝတ်ဒဏ်ရာရခဲ့သလို ကွင်းလယ်လူ ဖရက်ဒ်နဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။

Read more

အင်္ဂလန်ကလပ်အသင်း နှစ်သင်း၊ အီတလီကလပ်သုံးသင်း၊ ဂျာမန်၊ ပေါ်တူဂီ၊ စပိန်ကလပ် တစ်သင်းစီ ချန်ပီယံလိဂ် ကွာတားတက်

ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ရှုံးထွက်ပွဲစဉ် ပြီးဆုံးသွားတဲ့အခါမှာ အင်္ဂလန်ကလပ်အသင်း နှစ်သင်း၊ အီတလီကလပ်သုံးသင်း၊ ဂျာမန်၊ ပေါ်တူဂီ၊ စပိန်ကလပ် တစ်သင်းစီ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပါတယ်။

အင်္ဂလန်ကိုယ်စားပြုအဖြစ် မန်စီးတီးနဲ့ ချဲလ်‌ဆီး အီတလီကိုယ်စားပြုအဖြစ် အင်တာမီလန်၊ အေစီမီလန်နဲ့ နာပိုလီ၊ ဂျာမန်ကိုယ်စားပြုအဖြစ် ဘိုင်ယန်မြူးနစ်၊ ပေါ်တူဂီကိုယ်စားပြုအဖြစ် ဘင်ဖီကာ၊ စပိန်ကိုယ်စားပြုအဖြစ် ရီးရဲလ်မက်ဒရစ်တို့က ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

Read more

မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်

မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ ပင်လယ်ထဲကို ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက မတ် ၁၅ ရက်မှာ ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တပ်တွေဟာ ဒီနှစ်တွေအတွင်း သူတို့ရဲ့ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာကြောင့်လို့လည်း ဆိုပါတယ်။

Read more