TikTok ကို ရောင်းရင်ရောင်း၊ မရောင်းရင် ပိတ်ပင်မယ်လို့ အမေရိကန် သတိပေး

တရုတ်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်တဲ့ TikTok ကို အမေရိကန်နိုင်ငံထံ ရောင်းရင် ရောင်း၊ မရောင်းရင် ပိတ်ပင်မယ်လို့ အမေရိကန်အစိုးရက သတိပေးခဲ့ပါတယ်။ ဒီသတင်းကို Wall Street Journal က စတင်ဖော်ပြခဲ့တာဖြစ်ပြီး ByteDance ကုမ္ပဏီဘက်ကလည်း အတည်ပြုခဲ့ပါတယ်။

Read more

လျှပ်စစ်ကားတွေကို ၁၀ မိနစ်အတွင်း ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ နည်းပညာ

စမတ်ဖုန်းတွေကို ကြိုးမဲ့အားသွင်းပေးတဲ့ နည်းပညာတွေ ထွက်ပေါ်နေပြီ ဖြစ်ပြီး လျှပ်စစ်ကားတွေကိုလည်း အဲဒီလို ကြိုးမဲ့အားသွင်းပေးနိုင်ရင် တော်တော် အဆင်ပြေမှာပါ။ အခုတော့ ဆွီဒင်က Chalmers University မှ သုတေသနပညာရှင်တွေက လျှပ်စစ်ကားတွေကို 500 kW Power နဲ့ ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ နည်းပညာကို တီထွင်လိုက်ပါတယ်။ အဲဒီ အားသွင်းနှုန်းနဲ့ဆိုရင် လျှပ်စစ်ကား ဘက်ထရီကို မိနစ်အနည်းငယ်အတွင်း အားသွင်းပေးနိုင်မှာပါ။

Read more

ယူရိုပါလိဂ်ရှုံးထွက်ပွဲစဉ်တွင် မန်ယူနှင့် စပို့တင်းလစ္စဘွန်းတို့ အနိုင်ရပြီး ကွာတားတက်

ဒီနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ဘက်တစ်အသင်းကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

မန်ယူနိုက်တက် အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်တုန်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတာကြောင့် နှစ်ပွဲပေါင်း ၅ ဂိုး ၁ ဂိုးနဲ့ ကွာတားကို တက်ရောက်သွားတာပါ။

Read more

ချန်ပီယံလိဂ်ပွဲမတိုင်မီမှာ ဖရန့်ဖတ်ပရိသတ်များနဲ့ အီတလီရဲများ ပြဿနာဖြစ်ပွားခဲ့

ယမန်နေ့က နာပိုလီနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲ ဒုတိယအကျော့မတိုင်ခင်မှာ ဖရန့်ဖတ်အသင်းရဲ့ ပရိသတ်တွေနဲ့ အီတလီလုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ပြဿနာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

BBC ရဲ့အဆိုအရ အဝေးကွင်းကို လိုက်ပါအားပေးတဲ့ ဖရန့်ဖတ်ပရိသတ်တွေဟာ ရဲကားတစ်စီးကိုမီးရှို့ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို မီးခိုးဗုံးတွေ၊ မီးရှူးပန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ရတယ်လို့ ဆိုပါတယ်။ တခြားသတင်းတစ်ပုဒ်မှာတော့ ဖရန့်ဖတ်ပရိသတ်အချို့ဟာ မြို့ခံ နာပိုလီ အစွန်းရောက်ပရိသတ်တွေရဲ့ ရန်ပြုတိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရကြောင်း သိရပါတယ်။

Read more

အမေရိကန်ထောက်လှမ်းရေးဒရုန်းပေါ်သို့ ရုရှားတိုက်လေယာဉ်က ဆီများသွန်ချကာ ပျက်ကျစေခဲ့

ပင်လယ်နက်ရှိ နိုင်ငံတကာလေပိုင်နက်အတွင်း အမေရိကန်လေတပ်၏ ထောက်လှမ်းရေးဒရုန်းတစ်စီးကို ရုရှားလေယာဉ်တိုက်လေယာဉ်တစ်စင်းက ဒရုန်းပေါ်သို့ လေယာဉ်ဆီများသွန်ချကာ ပျက်ကျစေခဲ့သည့် ဗီဒီယိုဖိုင်ကို ပင်တဂွန်စစ်ဌာနချုပ်မှ ထုတ်ပြန်လိုက်သည်။

ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါ ၄၂ စက္ကန့်ကြာ ဗီဒီယိုတွင် ရုရှား Su-27 တိုက်လေယာဉ်တစ်စီးသည် အမေရိကန်တို့၏ MQ-9 ထောက်လှမ်းရေးဒရုန်း၏ နောက်ဘက်သို့ ချဉ်းကပ်လာပြီး အပေါ်မှကျော်၍ ဖြတ်သန်းစဉ် လောင်စာဆီများ ဒရုန်းပေါ်သို့သွန်ချခြင်းကို မြင်တွေ့ရသည်ဟု ပင်တဂွန်စစ်ဌာနချုပ်မှ ပြောကြားခဲ့သည်။ ယင်းဗီဒီယိုကို အမေရိကန်ဒရုန်းတွင် တပ်ဆင်ထားသော ကင်မရာက ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

Read more

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အဖြစ် ဂျာမနီ နည်းပြ မိုက်ကယ် ဖိုက်တန်ဘိုင်နားအား (၂)နှစ် စာချုပ်ဖြင့် ခန့်အပ်

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)သည် ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီး အတွက် ဂျာမနီ နည်းပြ မိုက်ကယ် ဖိုက်တန်ဘိုင်နာ (Michael Feichtenbeiner)အား (၂)နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ကြောင်း ယနေ့ မတ်လ (၁၆)  ရက်တွင် အသိပေးလာသည်။

Read more

မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်

မြောက်ကိုရီးယားဟာ မတ်လ ၁၆ ရက် အစောပိုင်းက ပြုံယမ်းမြို့အနီးကနေ အရှေ့ဘက်ကို တိုက်ချင်းပစ်ဒုံးကျည် (ICBM) ၁ စင်း ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်အစိုးရ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီပစ်လွှတ်မှုဟာ နျူးကလီးယားလက်နက် ကိုင်ဆောင်ထားတဲ့ မြောက်ကိုရီးယားကို တန်ပြန်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ မျှော်လင့်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် တိုကျိုမြို့ကို လေယာဉ်ခရီး မစတင်ခင် နာရီပိုင်းလောက်မှာ လုပ်ဆောင်ခဲ့တာပါ။

Read more

ပူတင်နှင့် တွေ့ဆုံပြီးနောက် ဆီးရီးယားတွင် ရုရှားအခြေစိုက် စခန်းသစ်များ ထားရှိရန်ကို သမ္မတ အာဆတ်က ကြိုဆို

ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ် သည် ရုရှားနိုင်ငံ မော်စကိုသို့ သွားရောက်လည်ပတ်ခဲ့စဉ် ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံပြီးနောက် အရှေ့အလယ်ပိုင်းတွင် စစ်အခြေစိုက်စခန်းသစ်များ ထူထောင်ရန်နှင့် တပ်ဖွဲ့ဝင်အရေအတွက် တိုးမြင့်ရန် ရုရှား၏ အဆိုပြုချက်များကို ကြိုဆိုကြောင်း ပြောကြားခဲ့သလို၊ ရုရှား၏ စစ်စခန်းများတည်ရှိမှုသည်လည်း အမြဲတမ်းဖြစ်သင့်သည်ဟု အကြံပြုလိုက်သည်။

Read more

ကုမ္ပဏီ ၂၀ ခုအား ခွင့်ပြုထုတ်ပေးထားသည့် Money Changer လိုင်စင်များအား ပြန်လည်ရုတ်သိမ်း

ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန် ကြားချက်များအား လိုက်နာခြင်းမရှိသည့် ကုမ္ပဏီ ၂၀ ခု၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) များ အား ပြန်လည် ရုတ်သိမ်းခဲ့သည်။

မတ် ၁၄ ရက်ကပြုလုပ်ခဲ့သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ်(၁/၂၀၂၃)ဆုံးဖြတ်ချက်အရ ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Money Changer လိုင်စင်များအား ပြန်လည်ရုတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more